Sunday, September 23, 2012

မြန်မာနိုင်ငံမှ ဆားတန်ချိန်တစ်သောင်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူ

ရန်ကုန်၊ စက်တင်ဘာ ၁၇
ဘင်္ဂါလီ ကိစ္စနှင့် သော်လည်း ကောင်း၊ နယ်စပ်ရေးရာ ရေပိုင်ဆိုင်မှု ကိစ္စနှင့် သော်လည်းကောင်း ယခင်က ဆက်ဆံရေး ပြေလည်မှု မရှိခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံမှ ရှစ်နှစ်တာ ကာလအတွင်း ဆားတန်ချိန် တစ်သောင်း ဝယ်ယူ ရန် ပြန်လည် ပြီး ပြောဆိုထားကြောင်း ရခိုင်ဒေသခံ ဆားကုန်သည် တစ်ဦးဖြစ်သူ ဦးသန်းရွှေက The Voice Weekly သို့ အတည်ြ
ပု ပြောကြားသည်။



ယင်းကဲ့သို့ ဝယ်ယူနိုင်ရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပထမ အသုတ် တန် ၅၀၀ ခန့် ဝယ်ယူရန် သင်္ဘောတစ်စင်း ရောက်ရှိ လာခဲ့ပြီး နောက်ထပ် ဆားဝယ် သင်္ဘော သုံးစီးခန့် ဝင်ရောက်နေ ပြီဖြစ်ကြောင်း ၎င်းကပြော ကြားသည်။

"အခု ပထမဦးဆုံး အနေနဲ့ တန် ချိန် ၃၀၀၀ ကို တစ်ပိဿာ ၆၀ နှုန်းနဲ့ ရောင်းပေးထားတယ်။ နောက်ပိုင်းထပ် ပြီးတော့ ရောင်းမယ့် ဆားတွေကတော့ ပေါက်ဈေးနဲ့ ဝယ်ဖို့ ပြောထားပါတယ်"ဟု ရခိုင် ဒေသခံ ဆားကုန်သည် တစ်ဦးဖြစ်သူ ဦးသန်းရွှေက ဆက်လက် ပြောကြား သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ယခင် က အိန္ဒိယနိုင်ငံမှ ဆားများကို ဝယ် ကြောင်း၊ သို့သော် ယခုအချိန်တွင် ဆား နည်းပါးလာခြင်းနှင့် ဈေးနှုန်းမြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံမှ ဝယ်ယူ ခြင်းဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံ ဆား ကုန်သည် တစ်ဦးဖြစ်သူ ဦးအညောင်း ကဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မဝယ်ယူခင် က ဆားကြမ်း ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၅၅ ကျပ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် စတင် ဝယ်ယူသည့် အချိန်တွင် ၆၀ကျပ် ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။

ယခင် အစိုးရလက်ထက် ၁၉၉၃ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်က ဆားဝယ်ယူ လာခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်ခန့် က စားဖိုဆောင်သုံး ပစ္စည်းများကို Export တင်ပို့မှု ပိတ်ပင်ခဲ့သည့် အချိန်မှ စတင်ပြီး ဆားများ ဝယ်လိုအား ကျဆင်း ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း၌ ယခုကဲ့သို့ ဝယ်ယူလာသည့် အတွက် ဆားဈေးကွက် ပြန်လည် တက်လာနိုင်ကြောင်း ဆား ကုန်သည်များက သုံးသပ် ပြောဆိုကြ သည်။

မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည် နယ်တွင် ဆားကွင်းဧက တစ်သောင်း ကျော်ရှိကြောင်း၊ သံဖြူဇရပ်မြို့ နယ်၊ ပေါင်မြို့ နယ်၊ ရေးမြို့နယ်နှင့် သထုံမြို့ နယ်တို့တွင် ဆားထုတ်လုပ်ကြပြီး ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ဆားများ ထုတ်လုပ် ရောင်းချကြကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံတို့သည် ဆားအဓိက ထုတ်လုပ် ရောင်းချသည့် နေရာဖြစ် ကြောင်း ဆားလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းအပြီး မြန်မာနိုင်ငံရှိ ဆားကွင်းများ ပျက်စီးမှု ကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် ထိုင်းနိုင်ငံမှ ဆားများ တင်သွင်း ခဲ့ရသည်။

No comments:

Post a Comment