(12
September 2012 ရက်စွဲပါ The Nation မှ Supalak Ganjanakhundee ရေးသားသော
Myanmar Needs Peace for true Development ကိုဘာသာပြန်ပါသည်။)
မြန်မာနိုင်ငံသည်
လွန်ခဲ့သော အနှစ်နှစ်ဆယ်က ထူထောင်ခဲ့သော မဟာမဲခေါင် ဒေသခွဲ(GMS)
စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး
လမ်းကြောင်းပေါ်တွင်အမှန်တစ်ကယ် ဦးတည်ခဲ့ခြင်း မရှိပေ။
၁၉၉၂တွင်
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စပွန်ဆာဖြင့် စတင်တည်ထောင်ခဲ့သော GMSသည်
ဒေသတွင်း အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မစီမံကိန်းကြီး
ဖြစ်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် GMSအစည်းအဝေးတိုင်းသို့
တက်ရောက်ခဲ့သော်လည်း ပြည်တွင်းအခက်အခဲများနှင့်
နိုင်ငံတကာအရေးယူမှုများကြောင့် ၎င်း၏စီမံကိန်းများကို အကောင်အထည်ဖော်
ခဲလှပါသည်။
မြန်မာနိုင်ငံသည်
GMS ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍအားလုံးတွင် ပါဝင်ခဲ့သော်လည်း
စီမံကိန်းများအတွက် မည်သည့် ငွေကြေားအကူအညီမျှရခဲ့မရှိကြောင်း၊
အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ကြောင်း ADB မှတ်တမ်းတစ်ခုက ဆိုပါသည်။
GMS
၏ အစီအစဉ်အရ မြန်မာနိုင်ငံသည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း
တို့နှင့် တရုတ်၊ အိန္ဒယ နှင့် တောင်အာရှတစ်ခုလုံးကို ချိတ်ဆက်ရာတွင်
အဓိကကျသော တည်နေရာတွင် ရှိနေပါသည်။
ပထ၀ီအနေအထားအရ
မြန်မာနိုင်ငံသည် အိန္ဒယ နှင့် တရုတ် ကဲ့သို့သော အာရှ၏
အဓိကစီးပွားရေးတိုးတက်ကြီးထွားနေသော နိုင်ငံနှစ်ခုကိုချိတ်ဆက်ရာတွင်
ပြည့်စုံသောအနေအထားတွင် တည်ရှိနေသော်လည်း ချိတ်ဆက်ရာတွင် အသုံးပြုနိုင်မည့်
တိုင်းပြည်တစ်ဝှမ်းရှိ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးများမှာ
သုံးမရသည့်အနေအထားတွင် ရှိပါသည်။
တရုတ်နှင့်ထိုင်းနိုင်ငံ
ဆက်သွယ်မည့်လမ်းဖြစ်သည့် ယူနန်မှ ဘန်ကောက်သို့သွားသည့်
လာအိုလမ်းကြောင်းအမှတ် ၃ လမ်းမကြီးမှာ
နှစ်ပေါင်းအတော်ကြာကပင်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ တိုင်းနိုင်ငံမှ ဗီယက်နမ်
သို့ လာအိုလမ်းကြောင်း အမှတ် ၉ လမ်းမကြီးမှာလည်း မကြာမှီနှစ်များက
အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ မဲခေါင်မြစ်ကိုဖြတ်၍ အရှေ့တောင်အာရှ
အရှေ့ခြမ်းသို့သွားသော တံတားများမှာ မကြာမီလေးကမှ ပြိးစီးခဲ့ပြီးဖြစ်ပါသည်။
သို့သော်
ထိုင်းနိုင်ငံ အနောက်ပိုင်းနှင့် မြန်မာနိုင်ငံ ဆက်သွယ်မှုမှာ
စစ်မက်ဖြစ်ပွားသော ဇုန်များရှိနေ၍ အခက်အခဲဖြစ်လျှက် ရှိနေပါသည်။ နယ်စပ်
စစ်ဆေးရေး စခန်းများမှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေရခြင်းကြောင့်
နယ်စပ်ကုန်သွယ်ရေးမှာလည်း မှောင်ခိုများ လက်ဝယ်ရောက်နေသည်မှာ နှစ်အတန်
ကြာနေပြီ ဖြစ်ပါသည်။
မဲဆောက်-မြ၀တီ
အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အသင့်ဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခု
ရှိပြီဖြစ်ပါသည်။ သို့သော်အဆိုပါ ကိစ္စကို အကြိမ်ကြိမ်
ပြန်လည်သုံးသပ်ခဲ့ကြပြီး အတိတ်မှ အစိုးရများသည် သတင်းစာ ဆရာများအား
အချိန်ကောင်း စောင့်နေသည်ဟု ပြောကြားခဲ့ပါသည်။ ယနေ့အထိ ဘာမှထူးမလာပေ။
မဲဆောက်-မြ၀တီ
နယ်စပ်မှာလည်း ကာလအတန်ကြာ ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလကမှ
ပြန်လည်ဖွင့်လှစ် ခဲ့သည်။ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံကို
မြန်မာနိုင်ငံ မှတဆင့် ချိတ်ဆက်ဆက်သွယ်ရေး အိုင်ဒီယာကို မဟာဗျူဟာကျသော
ပတ်တနာများသည် မှန်မှန်ဆွေးနွေး ခဲ့ကြသည်။ သို့သော် မည်သို့စတင်လုပ်ဆောင်
ရမည်ဆိုသည်ကို မည်သူမျှမသိရှိခဲ့ကြပေ။
GMSဖွံ့ဖြိုးရေး
စီမံကိန်း၏ မဲခေါင်ဒေသတွင် အခြေခံ အဆောက်အဦး စီမံကိန်း အတော်များများသည်
လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်ကပင် ပြီးစီး၍ နှစ်နှစ်ဆယ်ပြည့် အောင်ပွဲခံ
ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအခါ GMSသည် မြန်မာနိုင်ငံကိစ္စကိုသာ
၎င်း၏အစီအစဉ်တွင် ထိပ်ဆုံးဦးစားပေး လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။
မြန်မာနိုင်ငံသည်
စီးပွားရေး အရရော၊ နိုင်ငံရေးအရပါ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လျှက်
ရှိသည်။ ADBက ၎င်း၏မကြာသေးမီက အစီရင် ခံစာတွင် ခန့်မှန်းထားရာ၌
မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို မှန်ကန်သော လမ်းကြောင်းပေါ်တွင်
အရှိန်အဟုန်မပျက် ရှိနေပါက နောက်ထပ် ထွက် ပေါ်လာမည့် ကြယ်တစ်ပွင့် ဖြစ်သည်ဟု
ဖော်ပြထားသည်။
အနောက်နိုင်ငံများက
ချမှတ်ထားသော စီးပွားရေးအရ အရေးယူမှုများနှင့် ADBအပါအ၀င် နိုင်ငံတကာ
ငွေကြေးအဖွဲ့အစည်းများ၏ အရေးယူထား မှုများမှာ လုံးဝမရုတ်သိမ်း သေးသော်လည်း
ယာယီရုတ်သိမ်းခြင်း သို့မဟုတ် ဖြေလျှော့မှုများ ရှိခဲ့ပြီဖြစ်၍
အရင်းအနှီးများ စီးဝင်နိုင်ရန် လွယ်ကူနေသည်။
နိုင်ငံအတော်များများသည်
မြန်မာနိုင်ငံ၏ ကဏ္ဍအားလုံးနီးပါးတွင် အရင်းအနှီး ပြုလုပ်ရန်
အသင့်ရှိကြောင်း ပြသလျက် ရှိနေသည်။ တရုတ်က မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများစွာ လက်ဦးမှု ရယူထားပြီး
ထိုင်းနိုင်ငံကလည်း ထားဝယ်စီမံကိန်းကို ရယူထားသည်။
GMSနီုင်ငံ
များကလည်း ADBအား အန်ဒမန်ပင်လယ်တွင် ဆိပ်ကမ်းဆောက်၍ အိန္ဒိယနှင့်
ဆက်သွယ်ခြင်း အပါအ၀င် စီးပွားရေ စင်္ကြံချဲံ့ထွင် နိုင်ရေး အလားအလာများအတွက်
သတင်းအချက်အလက်များနှင့် သုံးသပ်မှုများ ပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။
ယခုအခါ
မြန်မာနိုင်ငံကြုံတွေ့ရမည့် စိန်ခေါ်မှုမှာ ပါဝင်ပတ်သက်သူအားလုံး
အကျိုးအမြတ် ရစေမည့် နယ်စပ်ဖြတ်ကျော် ဖွံ့ဖြိုးတိုးတက်မှုနှင့်
အဆက်အသွယ်ကို လုပ်ဆောင်နိုင်မည့် ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်း
ထားနိုင်ရေး ဖြစ်သည်။
From - Transparency myanmar ဘလော့
No comments:
Post a Comment