Monday, September 3, 2012

မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကြားခံ စင်တာ ဖွင့်လှစ်

ပြည်တွင်းမှာ တိုးတက် ပြောင်းလဲမှုတွေ ရှိလာတာ နဲ့အညီ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လာရောက် ဆောင်ရွက်လိုတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ပြည်တွင်းက ပူးပေါင်း ဆောင်ရွက် လိုတဲ့ ကုမ္ပဏီတွေကို ကြားခံ ဆက်သွယ် ဆောင်ရွက် ပေးမယ့် BSCY (Business Support Center Yangon) ကို ဆီဒိုးနား ဟိုတယ်ရှိ ပြည်ပ ကုန်သွယ်မှု အဖွဲ့အစည်း JETRO Yangon ရုံးမှာ သြဂုတ်လ ၃၁ ရက်နေ့က ဖွင့်လှစ် ခဲ့တယ်လို့ သိရပါတယ်။
ဒီလို ဖွင့်လှစ်ခဲ့ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံကြားခံ ဆက်သွယ်မှုများ ဆောင်ရွက်ပေးမှု ကိုတော့  စက်တင်ဘာလ ၃ ရက်နေ့မှာ စတင် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ Business Support Center ကို ရုံးခန်း ၃ ခန်း ထားရှိကာ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်၊ ဧည့်ကြို ရုံးဝန်ထမ်းများ ထားရှိကာ ပြည်တွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်း ရှာလိုတဲ့ ဂျပန်ကုမ္ပဏီများကို အခမဲ့ အကြံပေးမှုတွေ ပြုလုပ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ JETRO အဖွဲ့အစည်း အနေနဲ့ ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ Business Support Center သာမက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့၊ အိန်္ဒိယနိုင်ငံ နယူးဒေလီမြို့၊ မွန်ဘိုင်းမြို့နဲ့ ချင်းနိုင်မြို့၊ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ စတဲ့ နေရာတွေ မှာလည်း စင်တာ ၆ ခု ဖွင့်လှစ် ပေးထားပြီး ဖြစ်လို့ ယခု ဖွင့်လှစ် လိုက်တဲ့ BSCY ဟာ သတ္တမမြောက် ဖွင့်လှစ်မှု ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကြားခံ ဖွင့်လှစ်လိုတဲ့ အတွက် မြန်မာ-ဂျပန် နှစ်နိုင်ငံ အကျိုးတူ စီးပွား ပူးပေါင်း ဆောင်ရွက်ရေးတွေ တိုးတက် ကောင်းမွန် လာမှာ ဖြစ်သလို သက်ဆိုင်ရာ စက်မှုလုပ်ငန်း များမှာလည်း အထောက်အကူပြု ပူးပေါင်းမှုများ တိုးမြှင့် လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန် ပုဂ္ဂလိက ကုမ္ပဏီများ ပြည်တွင်းမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုများကို အားပေး နိုင်ဖို့ကိုလည်း ဂျပန်အစိုးရနဲ့ ဆက်စပ်တဲ့ JETRO Yangon ရုံးကို ၁၉၉၇ ခုနှစ်မှ စတင် တည်ထောင် ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖွင့်လှစ်ခဲ့ရာက အခုအခါ နှစ်နိုင်ငံ သဘော တူညီချက်အရ JETRO Yangon  ရုံးရဲ့ BSCY ကိုဖွင့်လှစ်ခဲ့ပြီး အဆိုပါ BSCY ကို ဂျပန်ကုမ္ပဏီများ အတွက် အသုံးပြုခွင့် ပေးကာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနိုင်မှာ ဖြစ်လို့ မြန်မာနိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံမှု ကောင်းမွန် လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment