Thursday, September 13, 2012

ပုဇွန်တောင်မြို့နယ်အတွင်း အငြိမ်းစားရဲမှူး၏ဇနီးသည် သတ်ဖြတ်ခံရမှုတွင်နစ်နာမှုများရှိကြောင်း ၊ အသတ်ခံရသူ ဒေါ်မေနှင်းဆီဟန်၏ခင်ပွန်း ရဲမှူးဦးမျိုးချစ်ထွန်း (အငြိမ်းစား) က စက်တင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံ စာတစ်စောင်ပေးပို့ခဲ့


 ပုဇွန်တောင်မြို့နယ်အတွင်း အငြိမ်းစားရဲမှူး၏ဇနီးသည် သတ်ဖြတ်ခံရမှုတွင် တရားခံဟု ယူဆရသူအား နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ပေမယ့် ယင်းဖမ်းဆီးရမိမှုတွင် အဖြစ်မှန်နှင့်အနည်းငယ် ခြားနားချက်များ၊ ရဲတပ်ဖွဲ့၏ အားနည်းချက်များ ရှိနေသဖြင့် အသတ်ခံရသူ၏ ကာယကံရှင် မိသားစုတွင် နစ်နာမှုများရှိကြောင်း ၊ အသတ်ခံရသူ ဒေါ်မေနှင်းဆီဟန်၏ခင်ပွန်း ရဲမှူးဦးမျိုးချစ်ထွန်း (အငြိမ်းစား) က စက်တင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။အဆိုပါ စာမှာ အဖြစ်မှန်ဖော်ထုတ်ပေးနိုင်ပါရန်နှင့် မိသားစု ဂုဏ်သိက္ခာထိခိုက်စေမှုကို ကာကွယ်ဖော်ထုတ်ပေးနိုင်ပါရန် အတွက် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ သေဆုံးသူ၏ တူမဖြစ်သူက ပေါ်ပြူလာနယူးစ်သို့အတည်ပြုပြောကြားခဲ့သည်။







No comments:

Post a Comment