Sunday, September 9, 2012

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ နိုင်ငံတော်သမ္မတကြီးထံသို့ အဆင့်မမှီသည့် ပညာများ သင်ကြားနေရသည့်အတွက် တိုင်ကြားစာတစ်စောင်ကို စက်တင်ဘာလ ၈ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ေ

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျော င်းသားများသမဂ္ဂမှ နိုင်ငံတော် သမ္မတကြီးထံသို့ အဆင့်မမှီသည့် ပညာများ သင်ကြားနေရသည့် အတွက် တိုင်ကြားစာတစ်စောင်ကို စက်တင်ဘာလ ၈ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၁၂ ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ ၂၀၁၂-၂၀၁၃ တက္ကသိုလ်ပညာသင်နှစ်တွင် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နှင့်
မန္တလေး ကွန်ပျူတာလျှောက်ထားရာတွင် `အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်သို့ ၀င်ခွင့်လျှောက်ထားခြင်း´ဟု ထင်ရှားစွာ ဖော်ပြပေးဖို့ လိုအပ်မှာဖြစ်ကြောင်းနှင့် ထိုသို့ ဖော်ပြပါက တက္ကသိုလ် ၀င်စာမေးပွဲ ရမှတ် (၃၆၅) မှတ်နှင့် အထက်ရရှိသောအဆင့်မမှီသည့် ပုံမှန်ကွန်ပျူတာတ က္ကသိုလ်ကျောင်းသားေ ကျာင်းသူများနှင့် ရောထွေး သွားနိုင်သည့်အတွက် မလိုလားအပ်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း`` ဟု ဖော်ပြပါရှိခဲ့သည့်အတွက် တိုင်ကြားစာ ပေးပို့ရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ သမ္မတထံသို့ တိုင်ကြားစာတွင်(၁) ကျွန်ုပ်တို့ ရရှိနိုင်မည့်ဘွဲ့သည့် အဆင့်မြင့် ပညာရေးဘွဲ့နှင့် ယှဉ်လျှင် ဘ၀အာမခံချက် မရှိခြင်း။ (၂) ယခင်နှစ်များတွင် အဆင့်မြင့်နှင့် အဆင့်မမှီပညာရေးဟူ၍ ရွေးခြယ်ခွင့် မရှိခဲ့ကြောင်း။(၃) အစမ်းသပ်ခံပညာရေးတွင် သင်ကြားနေရခြင်း။(၄) အဆင့်မြင့်လိုက်သော ပညာရေးစနစ်ကို မမှီလိုက်သော ကျောင်းသားများအနေဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြောကြားချက်အရ ရရှိသော ဘွဲ့မှာ အဆင့်မှီမှု မရှီခြင်း။ဟူ၍ ပါရှိပြီး ကျောင်းသားများအား အစမ်းသပ်ခံပညာရေးစနစ်အောက်တွင် လျစ်လျူမရှုထားသင့်ကြောင်း ဖော်ပြပါရှိသည်။
စိုင်းနောင်
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment