Wednesday, September 19, 2012

"အမေရိကန်အစိုးရနှင့် ပြည်ပမီဒီယာများ၏ ရခိုင်အရေး သုံးသပ်ချက် ရာနှုန်းပြည့်မမှန်ဟု ဆို"

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်နှင့် ပြည်ပမီဒီယာများ၏ ဖော်ပြချက်များမှာ တကယ့်ဖြစ် ရပ်နှင့် လုံးဝကွာခြားကာ မှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇာဂနာက ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ သော ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သောအခြေအနေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမ အကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအပေါ် အမေရိကန်သံရုံးရဲ့ လေ့လာ သုံးသပ်ချက်တွေ ကိုရော၊ ပြည် ပမီဒီယာတွေနဲ့ အွန်လိုင်း မီဒီယာတွေမှာ ရေး သား ဖော်ပြ ချက် တွေကို ကော်မရှင်အနေနဲ့ သူတို့ရဲ့ ခန့်မှန်းဖော်ပြ ချက်တွေဟာ ၁ဝဝ ရာခိုင်နှုန်းမှန်ကန်မှု မရှိဘူးလို့ ပြော ချင်ပါတယ်။ နောက်ပြီး အမေရိကန်က ရခိုင်ပြည်နယ် အရေး လေ့လာ စုံစမ်းရေးအဖွဲ့တွေ ရခိုင်ကို လာတုန်းက ကျွန်တော
်တို့အဖွဲ့လည်း အဲဒီမှာ ရှိပါ တယ်ဟု” ဦးဇာဂနာက ဆိုသည်။ ၄င်းက အမေရိကန်လေ့လာ စုံစမ်းရေး အဖွဲ့ အနေဖြင့် ပဋိပက္ခ ဖြစ် ပွား ခဲ့သော နေရာများအား သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ တွင် ဒေသခံအချို့ အနေဖြင့် ၄င်းတို့စုံစမ်းမှု အပေါ် လွန်စွာ စိတ်မကောင်း ဖြစ်ရသည်ဟု သိရကြောင်း၊ ပဋိပက္ခဖြစ်ပွားခဲ့သော ရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ရာ ၌လည်း ရဟတ်ယာဉ်ပေါ်မှ မဆင်းဘဲ တစ်ဖက်စကားကိုသာ နားထောင်သူများလည်း ထိုအဖွဲ့တွင် ပါဝင် ကြောင်း၊ ကော်မရှင်အနေဖြင့်မူ တစ်ဖက်စကားကိုသာ နားမယောင် ဘဲ နှစ်ဖက်စလုံးမှ ပြောစကားများကို နားထောင်၍ မှန်၊ မမှန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ အမေရိကန် အစိုးရမှ ထုတ်ပြန်သကဲ့သို့ ကယ်ဆယ်ရေးစခန်း များတွင် စိုးရိမ်စရာ အခြေအနေများနှင့် ရင်ဆိုင်နေ ရသည်မှာ မဟုတ်ဘဲ အခက် အခဲအချို့ ရှိသော်လည်း စိုးရိမ်ရသည့် အနေ အထား မဟုတ် ကြောင်း ထပ်မံပြောသည်။
PN-020၊ရန်နိုင်
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment