Friday, September 7, 2012

ဂတ်စ်အရောင်းဆိုင် မီးလောင်

From- mizzima

ရန်ကုန် (မဇ္ဈိမ)။    ။ ရန်ကုန်မြို့ လမ်းမတော်(၁)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ချိုဂက်စ်ဆိုင်(အိမ်သုံးမီးဖို များတွင် ထည့်သွင်းသည့် ဂက်စ်ဖြည့်သွင်းသည့်ဆိုင်) မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိသည်။ ဆိုင်အတွင်း ရှိနေသော ဂက်စ်အိုးများဆက်တိုက်ပေါက်ကွဲနေဆဲဖြစ်ပြီး နံဘေးရှိတိုက်ခန်းများသို့ မီးကူး စက်ခြင်းမရှိသေးပေ။ မီးသတ်ကား ၂၅စီးခန့်ရောက်ရှိနေပြီး ငြိမ်းသတ်မှုများပြုလုပ်လျှက်ရှိသည်။ ဂတ်စ်အရောင်းဆိုင်ဝန်ထမ်းတဦး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည်ဟု သတင်းရရှိထားသည်။ ဓာတ်ငွေ့အိုး ယိုစိမ့်မှုက စတင်သည်ဟု မီးသတ်အရာရှိတဦးက ခန့်မှန်းထားသည်။

No comments:

Post a Comment