Tuesday, September 18, 2012

ခရီးသည်တင်ယာဉ်မောင်းနှင်စဉ် ဖုန်းပြောပါက ယာဉ်လိုင်းမှထုတ်ပယ်သည်အထိ အရေးယူနိုင်

ရန်ကုန်တိုင်းဒေသကြီးတွင်း ခရီးသည်တင်ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းနှင်နေစဉ် ဖုန်းပြောပါက ယာဉ်စည်းကမ်း ထိန်း သိမ်းရေး ပြစ်မူနှင့် ပြစ်ဒဏ် စည်းကမ်းချက်များမှ ညီညွှတ်သည့် စည်းကမ်းချက်များဖြင့် အေ၇းယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို)က သိရှိရသည်။
 

စည်းကမ်းချက်(၁၃၈)ချက်တွင် ပါဝင်ခြင်းမရှိသော်လည်း ခရီးသည်တင်ယာဉ်မောင်းစဉ်ဖုန်းပြောဆိုမူ အတွက် ပြစ် မှုနှင့် ပြစ်ဒဏ်များတွင်ပါဝင်သော အန္တရယ်ဖြစ်အောင် မဆင်မခြင်အရမ်းမောင်းနှင်းခြင်းနှင့် ခရီးသည် များအတွက် အသက်အန္တရယ်ဖြစ်ပေါ်စေသည့် အချက်များဖြင့် ယာဉ်လိုင်များမှ ထုတ်ပယ်ခြင်း၊ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခြင်းများအထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''အခုဆိုရင် ကားသမားတွေ လုပ်လာတာက မောင်းနေရင်း ဖုန်းပြောတာပဲ။ ဟိုတနေ့ဆို (၁၅၇)ယာဉ် မောင်း တစ်ဦးဆိုရင်ဖုန်းပြောရင်းမောင်းတာ သူ့အတွက် လွယ်ရင်လွယ်မယ်။ ခရီးသည်တွေအတွက်တော့ အသက် အန္တရယ်များပါတယ်။ အရေးယူဆောင်ရွက်တာတွေလည်း တိကျမှန်ကန်ဖို့လိုပါတယ်''ဟု မရမ်းကုန်းမြို့နယ်မှ မသက်ထားက ပြောသည်။
 
ယာဉ်အန္တရယ်လျော့ချနိုင်ရေးနှင့် စည်းကမ်းလိုက်နာမူများရှိလာစေရန်အတွက် သက်ဆိုင်ရာ အထူးစစ်ဆေးရေး အဖွဲ့များ၊ ကြီးကြပ်ရေးမှူးများနှင့် ယာဉ်လိုင်းဂိတ်များတွင် စစ်ဆေးကြပ်မတ်ဆောင်ရွက်မူများ တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
 
မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များတွင် ခရီးသည်ပိုမိုတင်ဆောင်ခ ဒဏ်ငွေ ကျပ်(၃ဝဝဝ)နှင့် အထက်သတ်မှတ်ထားသော်လည်း စည်းကမ်းလိုက်နာမူ မရှိသေးကြောင်း သိရှိရသည်။
 
မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်(အထူးလိုင်း)များအား ခရီးသည် (၅ဝ)ဝန်းကျင်သာ တင်ဆောင် ရမည်ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။
 
အထူးယာဉ်လိုင်းများတွင် ခရီးသည်(၅)ဦးထက် ပိုမိုတင်ဆောင်ပါကတစ်ဦးလျှင် ဒဏ်ငွေကျပ်(၃ဝဝဝ)အား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မှ ပေးဆောင်ရမည်ဖြစ်ပြီး (၆)ဦးမှ(၁ဝ)ဦးအထိ ပိုမိုတင် ဆောင်ပါက တစ်ဦးလျှင် ဒဏ်ငွေကျပ်(၅)ထောင်ဖြင့် ပေးဆောင်ရမည်ဖြစ်ကာ (၁ဝ)ဦးအထက်ပိုမိုတင်ဆောင်ပါက ပိုင်ရှင်နှင့်အတူ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ယာဉ်လိုင်းပြေးဆွဲမူ(၇)ရက် ပိတ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။
 
''ကျွန်တော်တို့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးက ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်တွေနဲ့အရေးယူဆောင်ရွက်ပါ တယ်။ စည်းကမ်းလိုက်နာမူမရှိတဲ့ ယာဉ်တွေကို ညီညွှတ်တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ အရေးယူနေပါတယ်'' ဟု မထသ (ဗဟို)မှ ဥက္ကဌ ဦးလှအောင်က ပြောသည်။
 
ခရီးသည်တင်ယာဉ်များအား စည်ကမ်းထိန်းသိမ်းရေးပြစ်မူနှင့် ပြစ်ဒဏ်စည်ကမ်းချက် (၁၃၈)ချက်ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး စည်ကမ်းချက်များထဲမှ မြို့တော်အင်္ဂါရပ်နှင့်အညီ ပြုပြင်ထားမူမရှိခြင်း၊ ခရီးသည် ဆွဲတင် ဆွဲချမူများ၊ ယာဉ်မရပ်မီ ခရီးသည်များ မဆင်းစေရ၊ မီးပွိုင့်များတွင် လူအတင်အချပြုလုပ်ခြင်း၊ ယာဉ်၏ ကိုယ်တည်နှင့် စက်သံအနှောက်အယှက်ဖြစ်အောင် အသံမြည်ခြင်း၊ ခရီးသည်ပိုမိုတင်ဆောင်ခြင်း စသည့် အချက်များ ပါဝင်သော်လည်း လိုက်နာမူမရှိသည့် ခရီးသည်တင်ယာဉ်များစွာရှိနေသေးကြောင်း ခရီးသွားများထံက သိရသည်။
From -မြစ်မခ

No comments:

Post a Comment