Monday, September 24, 2012

အောင်လက်မှတ်နှင့် တစ်သက်လုံး လုပ်စားရန် မဖြစ်တော့ပြီ

ရှန်ဟိုင်းမြို့တော်ရှိ ကျောင်းဆရာဆရာမများအနေဖြင့် အလုပ် ဆက်လုပ်မည်ဆိုပါက ဘာသာရပ် ၅ ခုကို ငါးနှစ် တစ်ကြိမ် ဖြေဆို အောင်မြင်မှသာ ဖြစ်နိုင်တော့မည်။
ရှန်ဟိုင်းမြို့တော် မြူနီစပယ်ပညာရေးကော်မစ်ရှစ် မူလတန်းပြနှင့် အလယ်တန်းပြ ဆရာဆရာမများအနေဖြင့် ပညာရေးကောလိပ် အောင်လက်မှတ် တစ်ကြိမ် ရပြီးနောက်  တသက်လုံး ကျောင်းဆရာဆရာမ လုပ်စားနေခြင်းကို အဆုံးသတ်လိုက်ခြင်းလည်းဖြစ်သည်။

ကျောင်းဆရာဆရာမတိုင်း ၅ နှစ်တစ်ကြိမ် ဘာသာရပ် ၅ ခု အရည်အချင်းစစ် စာမေးပွဲကို ၀င်ရောက်ဖြေဆို အောင်မြင်မှသာလျှင် အလုပ်ဆက်ခန့်နိုင်မည်ဖြစ်သည်။
စစ်ဆေးမည့် ဘာသာရပ် ၅ မျိုးမှာ ဆရာ့အလုပ်နှင့် ကျင့်ဝတ်နီတိ၊ သင်ကြားမှု စွမ်းရည်၊ သင်ကြားမှု ပမာဏ၊ ကလေးစိတ်ပညာ စသည်တို့ဖြစ်သည်။ စာမေးပွဲ ကျရှုံးပါက ကျောင်းဆရာ အလုပ်က ထွက်ရုံသာ။
တစ်နိုင်ငံလုံးရှိ ကျောင်းဆရာများလည်း အလားတူ စာမေးပွဲကို မကြာမီ ဖြေဆိုကြရတော့မည်။
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
Source: Xinhua

No comments:

Post a Comment