Sunday, September 2, 2012

ပြည်သူနှင့် မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း

လူရွှင်တော် ဦးဇာဂနာမှ မြန်မာဂျာနယ်လစ် ကွန်ယက်သို့ တောင်းပန်စာပေးပို့ခဲ့ပါကြောင်း သတင်းရရှိ ပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီ ၊ မြန်မာဂျာနယ်လစ်ကွန်ရက် ။

ပြည်သူနှင့် မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း

၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။

လေဆိပ်တွင် သတင်းရယူရန် စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရ ယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေ ခဲ့ပါသည်။

ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ ဆဲမိ ခဲ့ပါသည်။

ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအား လည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်း စိတ်မကောင်ြး ဖစ် ရပါသည်။

ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေး အတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ် တွင် ပါဝင် ပတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်း အပ်ပါသည်။

ဇာဂနာ

No comments:

Post a Comment