Tuesday, September 18, 2012

မီဒီယာသမားများ တရားစွဲခံရလျှင် ဥရောပသမဂ္ဂကူညီမည်

ရန်ကုန်၊ စက်တင်ဘာ - ၁၇

သတင်းမီဒီယာသမားများအနေဖြင့် တရားစွဲဆိုခြင်းခံရပါက ဥရောပသမဂ္ဂအဖွဲ့က ကူညီမည်ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဥရောပသမဂ္ဂ Governence, Democracy, Gender and Human Right အဖွဲ့မှ ဒုတိယခေါင်းဆောင် Mr. Patrice ကပြောသည်။


“မီဒီယာသမားတွေ တရားစွဲခံရပြီဆိုရင် တရားရုံးကုန်ကျစရိတ်တို့၊ ရှေ့နေငှားခတို့ကို မြန်မာပြည်မှာ ဖွင့်ထားတဲ့ အီးယူရုံးမှာ ထုတ်ယူလို့ရပါပြီ” ဟု
Mr. Patrice က စက်တင်ဘာ ၁၇ ရက် နံနက်က သတင်းထောက်အချို့နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာသမားများနှင့်တွေ့ဆုံရန်ရှိပြီး၊ ဗုဒ္ဓဟူးနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။
 From -7DayNewsJournal

No comments:

Post a Comment