Monday, September 17, 2012

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅နှစ်ပြည့်အခမ်းအနားကို မနက်ဖန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၇ ရပ်ကွက် ဖျာပုံလမ်း၊ တက္ကသီလာဇေယျသိဒ္ဒိကျောင်းမှာ စက်တင်ဘာ ၁၈ရက်နေ့မှာ ကျင်းပမည်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅နှစ်ပြည့်အခမ်းအနားကို မနက်ဖန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၇ ရပ်ကွက် ဖျာပုံလမ်း၊ တက္ကသီလာဇေယျသိဒ္ဒိကျောင်းမှာ စက်တင်ဘာ ၁၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး သံဃာတော် အပါး၇၀ နဲ့ သီလရှင် အပါး၃၀ ကို ဆွမ်းကပ်မှာဖြစ်ပါတယ်။


ဒီကနေ့မနက်မှာတော့ သံဃာတော်တွေချည်း သီးခြားဆွေးနွေးပွဲ တခုပြုလုပ်ပြီး ရွှေဝါရောင်တော်လှန်ရေး ၅နှစ်ပြည့်အခမ်းအနားမှာ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ပတ္တနိကုစ္စနကံဆောင်ခဲ့တာဟာ စစ်အစိုးရ ကိုဆောင်ခဲ့တာဖြစ်တဲ့အတွက် ကံပြန်ဖြေဖို့ တိုင်ပင်ညှိနှိုင်းပွဲ တရပ်ပြုလုပ်ခဲ့ကြတယ် လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင် သံဃာတပါးဖြစ်ခဲ့တဲ့ ဦးပဏ္ဍ၀ံဿက RFA ကို မိန့်ကြားပါတယ်။

နိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးလွှတ်ပေး ရေး၊ ပြည်ပရောက် ဒီမိုကရေစီ အင်အားစု အားလုံး လွတ်လပ်စွာ ပြန်လာခွင့် ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အခြေခံ ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အဝ ရရှိရေး စသည့် ရည် ရွယ်ချက်များ ထားရှိကာ ကျင်းပ ပြုလုပ်
ရန် စီစဉ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနား ကျင်းပဖို့ တောင်ဥက္ကလာရှိ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်တွင် စီစဉ် ထားပေမယ့် ပြုလုပ်ခွင့်မရတဲ့အတွက် မြောက် ဒဂုံမှာ ကျင်းပဖို့ပြောင်းလဲ စီစဉ်ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား
ဖြစ်မြောက်ရေး ကော်မတီမှာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်ပါတယ်။
From -RFA

No comments:

Post a Comment