Tuesday, September 11, 2012

မြန်မြန်လေးဗျို့ အင်တာနက်

စက်တင်ဘာ(၇)ရက်ညက ညရှစ်နာရီ ရုပ်မြင်သံကြားသတင်းမှာ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း အခမ်းအနားတစ်ခုမှာ အမှာ စကားပြောတာကိုမြင်လိုက်ကြား လိုက်ရပါတယ်။ အဲဒီပြောကြားချက် တွေထဲမှာ မှတ်မှတ်သားသား ဖြစ်စရာ အချက်အလက် အချို့ကို သတိထားမိ လိုက်ပါတယ်။ စကားလုံး အတိအကျ မဖြစ်နိုင်ပေမယ့် ပြည်ထောင်စု
ဝန်ကြီးက မြန်မာနိုင်ငံရဲ့တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက် ဆက်သွယ်ရေး အခြေ အနေတွေဟာ အိမ်နီးနားချင်း နိုင်ငံတွေနဲ့နှိုင်း ယှဉ်လိုက်ရင် ခေတ်နောက် ကျကျန်ခဲ့ပြီဖြစ် တယ်၊ဘာမှမလုပ်ဘဲ ထားရင်ပိုပြီးနောက်ကျတော့မ ယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
အဲဒီပြောကြား ချက်ကို ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ် ချက်ခြင်းတင်ပေးလိုက်ပါ တယ်။ ထုံးစံအတိုင်း မိနစ်ပိုင်းကလေးအတွင်းမှာ ထင်မြင်ယူဆချက်အဖုံဖုံတက်လာပါတယ် ။အခိျု့က အခုမှပဲသိရသလားဆိုပြီး မကျေမနပ်ပြောကြ ပါတယ် ။ တစ်ယောက်ကတော့ ကြိုဆိုပါတယ်ဗိျု့ဆိုပြီး လက်ရှိ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ပြည်တွင်ကုမ္ပဏီအချို့ရဲ့ဆက်ဆံရေးကိုဝေဖန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုမှသိလဲ နောင်မှသိတာထက်တော့ အများကြီး တော် သေး တာပေါ့ လို့ ကျွန်တော်က အပြုသဘော ဆောင်ပြီးတွေးမိလိုက်ပါတယ်။
မီဒီယာတွေ ပေါ်ကျယ်ကျယ် လောင်လောင်  ဖြစ်လာတာ မတွေ့ရသေးတာပါ။ နိုင်ငံခြားသွားပြီး ပြန်လာတိုင်း အင်တာနက်ချိတ်ဆက်မိလိုက် တာ နဲ့ အော် မြန်မာပြည်ပြန် ရောက်ပါပေါ့လား ဆိုတဲ့အသိကို အလိုလိုဖြစ် စေနိုင်ပါတယ်။ နှေးလွန်းလှတဲ့အင်တာ နက်ပါ။

ပြည်ထောင်စုဝန်ကြီးပြောသလိုပါပဲ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ အင်တာနက်တွေရဲ့ အခြေအနေက မြန်မာနိုင်ငံမှာ သိသိသာသာတိုး တက်လာတာ မရှိသေးပါဘူး ။ကြံကြံဖန်ဖန်ချီးမွမ်း မယ်ဆိုရင်တော့ နောက်ကျနေတာချင်းအတူတူ တယ်လီဖုန်း ကမှ အင်တာနက် ထက်ရှေ့နည်းနည်း ရောက်နေသေးတယ် ဆင်းမ်ကတ်ခတွေ တဖြည်းဖြည်း ဈေးလျော့ချလာ တာကြောင့် ပြည်သူတော်တော်များများ အခုဆိုဟမ်းဖုန်းကိုယ်စီ ဖြစ်လာကြတာ  ဝမ်းသာစရာပါ။ဒါပေမယ့် နိုင်ငံ တကာမှာ အလကားနီးပါး  ပေးနေတဲ့ဆင်းမ်ကတ်တန်ဖိုး ဒီ့ထက်ကျလာဖို့ တော့ကောင်းတာပေါ့။။ ဒုဝန်ကြီးအသစ် ဆရာဦးသောင်းတင်ကလဲ ဒုဝန်ကြီးမဖြစ် ခင်တစ်ရက်အလိုလောက်မှာ ဆင်းမ်ကတ်တွေ အလကား ပေးသင့်တယ် ပြောသွား တော့ အားတက် စရာ မျော်လင့်စရာရှိနေပါတယ်။
အင်တာနက် ကိုတော့ ဘယ်သူကမှ သေသေချာချာ  ဆွေးနွေးတာ မရှိသေး ပါဘူး။  ဆွေးနွေးကောင်းဆွေးနွေး နိုင်ပါတယ် ။ဒါပေမယ့် မီဒီယာတွေပေါ် ကျယ်ကျယ် လောင်လောင်ဖြစ်လာတာ မတွေ့ရသေး တာပါ။ နိုင်ငံခြားသွားပြီး ပြန်လာတိုင်း အင်တာနက် ချိတ်ဆက်မိလို က်တာနဲ့ အော် မြန်မာပြည်ပြန်ရောက်ပါပေါ့လား ဆိုတဲ့အသိကို အလိုလိုဖြစ်  စေနိုင် ပါတယ်။ နှေးလွန်း လှတဲ့ အင်တာ နက်ပါ။ ဝက်ဘ်ဆိုက် အချို့ကို မဆီမဆိုင် ပိတ်ထားတုန်း မြန်မာ့ အင်တာ နက် ပါ။
၂၀၁၁ ခုနှစ် အခြေခံပြုစုထားတဲ့ ကမ္ဘာ့အင်တာနက် ထိုးဖောက်ဝင်ရောက်မှု စာရင်းဇယား များအရ မြန်မာပြည်မှာ လူဦးရေ ငါးသိန်းခွဲခန့်  အင်တာနက်သုံးနိုင်တယ်ဆိုပါတယ်။ လူဦးရေနဲ့အချိုး ချရင် ၀.၉၈ရာနှုန်းဖြစ်ပါတယ်။တစ်ရာခိုင်နှုန်းပဲထားလိုက်ပါတော့။ အာဆီယံနိုင်ငံတွေထဲက ရှေ့ပြေးနိုင်ငံကြီး  တွေကိုအသာထား လာအိုလိုနိုင်ငံတောင်မှ အင်တာနက်သုံးစွဲနှိုင်မှုဟာလူဦးရေနဲ့ အချိုး ချရင် ၉ ရာခိုင်နှုန်းရှိနေတာတွေ့ရတော့ ပြည်ထောင်စုဝန်ကြီး အပြော နောက်ကျလေခြင်းလို့ ဝေဖန် တာတွေဟာ မလွန်ဘူးလို့တောင် ခံစားမိလိုက်ပါတယ်။ CLMV မှာ ကမ္ဘောဒီးယားက ၃.၁ရာခိုင်နှုန်၊ဗီယက်နမ်က ၃၅ရာခိုင်နှုန်းရှိနေပါတယ်။ အီသီယိုပီးယားလိုနိုင်ငံမျိုးတောင် ၁.၁ရာ ခိုင်နှုန်း ရှိနေပါတယ်။
အီးဂါဘင်မင့်ရယ် လို့ပြောနေ ဆိုနေကြ၊ ဝန်ကြီး ဌာနတွေ၊ လွှတ်တော်တွေ၊ သမတရုံး၊ အခြေခံ ဥပဒေခုံရုံး တို့ ကအစ ကိုယ်ပိုင်ဝက်ဘ် ဆိုက် တွေ အပြိုင်းအရိုင်း ထူထောင် လာကြပါတယ်။ သို့သော် တစ်ရာခိုင်နှုန်းမျှသော ပြည်သူများ အင်တာနက်သုံး နိုင်တဲ့ အခြေအနေမှာ အီးဂါး ဘင်မင့် ကို အောင်မြင်အောင် လုပ်နိုင် ဖို့ အိပ်မက်လိုသာ ဖြစ်နေဦး မှာဖြစ်ပါတယ် ။

ကိုယ့်ရှေ့မှာရှိနေတဲ သူတွေကိုပြောရင်စိတ်ဓါတ် ကျစရာဖြစ်မှာစိုးလို့ကိုယ့်အနောက်မှာ ဘယ်နှနိုင်ငံ ကျန်သလဲကြည့်လိုက်တော့  ပိုစိတ်ဓာတ်ကျ သွားရပါတယ်။ မြန်မာအေ နာက်မှာ မြောက်ကိုရီးယား ၊ အရှေ့တီမောလ်နဲ့ ဆီယာလီယွန်(၃) နိုင်ငံ ပဲရှိ နေတာ တွေ့လို က်ရ လို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ကောင်းမွန်သောအုပ်ချုပ်ရေးကိုသွား နိုင်ဖို့ အီးလက်ထရွန်းနစ် အစိုးရပုံစံ ကျင့်သုံးရတော့ မှာဖြစ်ပါတယ်။ အီးဂါဘင်မင့်ရယ် လို့ပြောနေ ဆိုနေကြ၊ ဝန်ကြီးဌာနတွေ၊ လွှတ်တော်တွေ၊ သမတရုံး၊ အခြေခံ ဥပဒေခုံရုံး တို့ ကအစ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွေ အပြိုင်းအရိုင်း ထူထောင်လာကြပါတယ်။ သို့သော် တစ်ရာခိုင်နှုန်းမျှသော ပြည်သူများ အင်တာနက်သုံး နိုင်တဲ့ အခြေအနေမှာ အီးဂါးဘင်မင့်ကို အောင်မြင်အောင် လုပ်နိုင် ဖို့ အိပ်မက်လိုသာ ဖြစ်နေဦး မှာဖြစ်ပါတယ် ။ အဲဒါကြောင့် ဘာမှမလုပ်ဘဲ ဆက်ထားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့  အင်တာနက်သုံးစွဲနိုင်မှုဟာ နံပါတ်တစ်(နောက်ဆုံးကပြန်ရေရင်)ဖြစ်သွားမှာ အသေအချာပါပဲ။

လာမယ့်၂၀၁၃ ဆို ဆီးဂိမ်းလာပြီ ။၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံ  ဥက္ကဌတာဝန်ယူရ တော့မယ်ဆိုလိုတာက မြန်မာနိုင်ငံမှာ ဒေသ အဆင့်နဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး ကြီးတွေ အများကြီး  လုပ်ရတော့မယ်။ အဲဒီ အခမ်းအနား ကြီး တွေကို သတင်းယူမယ့် သတင်း သမား တွေ အများ ကြီးလာတော့မယ်။ လူထောင်ကျော် အင်တာနက် သုံးနိုင်တဲ့ မီဒီယာစင်တာကြီး  တွေထားရတော့မယ်။

အဲဒါကြောင့် အင်တာနက် သုံးစွဲသူများ  တိုးပွားလာရေး တစ်နည်း အင်တာနက်ထိုးဖောက် ဝင်ရောက်မှုမြင့်မားလာရေး အမြန်ဆုံးလုပ်သင့်ပါပြီ။ ပိုက်တွေကတော့ အများကြီးသွယ်လိုက်ပါရဲ့ ဝင်တဲ့ပိုက်မကြီးက ဒီအရွယ်ဒီအတိုင်း ပဲဖြစ်နေ မယ် ဆိုရင် တော့ ပိုက်တွေသာ များလာပြီး ရေမစီး သလိုဖြစ်နေဦး မှာဖြစ်ပါတယ်။ အဲဒါကြောင့် အင်တာနက်bandwidth တိုးချဲ့ရေး၊သုံးစွဲသူ တိုးချဲ့ရေးတစ်ပြိုင်နက်လုပ်ဖို့လိုပါတယ် အဲဒါတင်မက ဝန်ဆောင်မှုပေးသော ကုမ္ပဏီ များများ စားစား ပေါ်ထွန်း လာပြီး ဝန်ဆောင်မှုယှဉ်ပြိုင်မှုအဆင့်ဖြစ်လာရေး ဦးတည်ဆောင်ရွက် သင့်တယ် မြင်ပါတယ်။
လာမယ့်၂၀၁၃ ဆို ဆီးဂိမ်းလာပြီ ။၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံ  ဥက္ကဌတာဝန်ယူရ တော့မယ်ဆိုလိုတာက မြန်မာနိုင်ငံမှာ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး ကြီးတွေ အများကြီးလုပ်ရတော့မယ်။ အဲဒီ အခမ်းအနား ကြီး တွေကို သတင်းယူမယ့် သတင်းသမားတွေ အများ ကြီးလာတော့မယ်။ လူထောင်ကျော် အင်တာနက်သုံးနိုင်တဲ့ မီဒီယာစင်တာကြီးတွေထားရတော့ မယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအင်တာနက်က တစ်ခါတစ်ခါ ဂူးဂဲလ်စာ မျက်နှာကျလာဖို့ တောင် မိနစ်ပိုင်း ထိုင်စောင့် နေရတဲ့ မြန်နှုန်းမျိုးနဲ့အခိျု့က အင်တာနက်ကို နှေးလွန်းလို့ အင်တာလိပ် လို့တောင် အမည်ပြောင်ပေးလိုက်သေး။။ တော်တော်လုပ်ယူရမယ့် မြန်မြန်လုပ်ယူရမယ့် အင်တာနက်ပါ။
အခုဆို ၂၀၁၃ ရောက်ဖို့ လေးလသာ လိုပါတော့တယ်။ အခုထလုပ်ရင်တောင် မီမှမီပါ့မလား ။ ပြည်ထောင်စု ဝန်ကြီးက အင်တာနက် အကြောင်း အမှန်ထပြောလိုက်တော့  သိတော့သိပါရဲ့ အသိနောက်ကျ လေခြင်းများ ဖြစ်သွား မလား ရင်တထိတ်ထိတ်  ဖြစ်နေရပါကြောင်း။
ကိုကို(စက်မှုတက္ကသိုလ်)
၈ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment