Saturday, September 22, 2012

စက်သုံးဆီ သယ်ဆောင်တဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ကိတ်မုန့်ကုန်ချောက်များ တင်ဆောင်ရောင်းချခိုင်း





ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၉)ရက်နေ့က လိုင်ဇာမှ ဒေါ့ဖုန်းယန်- မိုးမောက် - ဗန်မော် မြို့များသို့ စက်သုံးဆီနှင့် ကုန်ပစ္စည်းတွေ သယ်ဆောင်ရောင်ချလျက်ရှိတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ခလားတောင်နဲ့ လိုင်ဇာအနီး မှာ တပ်စွဲထားတဲ့ KIA တပ်ဖွဲ့ဝင်များမှ တားဆီးစစ်ဆေးမှုတွေပြုလုပ်ပြီး မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကယ် ကယ်ရီသမားတွေကို KIA တပ်ဖွဲ့ဝင်များမှ လိုင်ဇာကနေ ဗန်မော်ကို စက်သုံးဆီ တင်ဆောင် ရောင်းဝယ်ခြင်းအား ခွင့်မပြုကြောင်းနဲ့ ဒဏ်ငွေအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ကျပ်တစ်သောင်းခွဲစီ တောင်းခံခဲ့ တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၄င်းတို့စားသုံးနိုင်ရန်အတွက် ဗန်မော်မှ မိုးမောက် - မြို့သစ်ဘက်ကို ကုန်ချောက်၊ ကိတ်မုန့်၊ ကော်ဖီမစ် စတဲ့ စားသောက်စရာပစ္စည်းတွေ တင်ဆောင်ရောင်းချပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 
 
From-ကချင်နေ့စဉ်သတင်း

No comments:

Post a Comment