Thursday, September 6, 2012

တရားစီရင်ရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း

From- မြ၀တီ

နေပြည်တော်၌ ကျင်းပခဲ့သော ပြည်ထောင်စု တရား လွှတ်တော်ချုပ်   နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော်များ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကို စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီက မော်လမြိုင်မြို့
မွန်ပြည်နယ် တရားလွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးသိန်းမြင့်နှင့် ဦးညီညီစိုး၊ ပြည်နယ် တရားရေး ဦးစီးမှူး၊ ခရိုင်တရားသူကြီး များ၊ ဒုတိယခရိုင် တရားသူကြီးများ၊ မြို့နယ် တရားသူကြီးများ၊ တွဲဖက်မြို့နယ် တရားသူကြီးများ၊ ဒုတိယ မြို့နယ် တရားသူကြီးများနှင့် ဦးစီး အရာရှိများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က နေပြည်တော်၌ ကျင်းပခဲ့သည့် တတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု တရားသူကြီးချုပ် မှာကြားခဲ့သည့် တရားစီရင်ရေး ဆိုင်ရာလမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြီး ခရိုင် တရားသူကြီးများနှင့် မြို့နယ် တရားသူကြီးများက တရား စီရင်ရေးနှင့် ရုံးလုပ်ငန်း ဆိုင်ရာများကို တင်ပြကြသည်။
ယင်းနောက် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးများက တရားစီရင်ရေး လုပ်ငန်းများ ရှင်းလင်းဆွေး နွေး မှာကြား၍ ပြည်နယ် တရားရေး ဦးစီးမှူးက တရားရုံး လုပ်ငန်းများကို ရှင်း လင်း ဆွေးနွေး ပြီးနောက် တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment