Friday, September 14, 2012

ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မှု တောင်တွင်းကြီး မကွေးလမ်းမပေါ်တွင်ဖြစ်ပွား

မကွေးတိုင်းဒေသကြီး တောင်တွင်းမြို့နယ် တောင်တွင်း-မကွေးကားလမ်းမကြီး မိတ်ဆက်စားသောက်ဆိုင် ရှေ့တွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်း ရရှိသည်။ဖြစ်စဉ်မှာ ၁၂-၉-၂၀၁၂ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ် အချိန်တောင် တွင်းကြီးမြို့မ ရဲစခန်းမှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံတပ်ကြပ်ကြီး ရဲဝင်းသည် လမ်းစုံတွင် တာဝန် ထမ်းဆောင်နေစဉ် တောင်တွင်း – မကွေးလမ်းမကြီး မိတ်ဆက် စားသောက်ဆိုင်ရှေ့ တွင် ယာဉ်တိုက်မှုဖြစ် ပွားနေကြောင်း သတင်းအရ တပ်ကြပ်ကြီးရဲဝင်း ဦးစီးသော
ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးရာ တောင်တွင်းကြီး မြို့တောင်ပြင်(၂)ရပ်ကွက်နေ (ဘ) ဦးဂွေးထုံ၏ သားနေလင်းအောင် ၂၀ နှစ်သည် ဇစ်စတား ၁၂၅ ဆိုင်ကယ် ယာဉ်အမှတ် ၁၀ယ/၅၅၄၃၀ ပေါ်တွင် တစ်ရပ်တည်းနေ(ဘ)ဦးတင်စိန်၏ သားကိုစိုးသီဟထွေး ၃၀ နှစ် မြို့နယ် ထွေအုပ်ဝန်ထမ်းအား နောက်မှ တင်လျှက် မကွေးလမ်းအတိုင်း အရှေ့မှ အနောက်သို့မောင်းနှင် လာစဉ် မိတ်ဆက်စားသောက်ဆိုင်ရှေ့သို့အရောက် ၎င်းလမ်းမကြီးအတိုင်းဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်စောထွန်းမင်း ၃၈ နှစ် (ဘ) ဦးကြည်တင်သည် ဘရှမ်း အချိုးအစား ၁၁၀ ဆိုင်ကယ် အနက် ယာဉ် အမှတ် မက/၄၂၇၅၉ အားအနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် နေလင်းအောင်မောင်း သောဆိုင်ကယ် မှ ၀င်ရောက်တိုက်မိခဲ့သည်။ ၎င်းယာဉ်တိုက်မှုကြောင့် နေလင်းအောင်၏ ၀ဲဘက်ပါးဖုရောင်ဒဏ်ရာ ၁ ချက် ၊ နှာခေါင်းနှင် နှုတ်ခမ်းတို့ တွင်ပေါက်ပြဲဒဏ်ရာ ၊ ၀ဲ ပုခုံး နှင့် ၀ဲလက်မောင်းတွင် ပွန်းခြစ်ဒဏ်ရာ ၊ ယာလက်ခုံတွင် ပွန်းပဲဒဏ်ရာ အသီးသီးရရှိပြီ ကိုစိုးသီဟထွေး၏ ၀ဲဘက်ဒူး ၊ ၀ဲဘက်ခြေသလုံး ၊ ၀ဲဘက်ခြေခုံ နှင့် ၀ဲလက်မောင်းတွင် ပွန်းပဲဒဏ်ရာများ ရရှိပြီး ကိုစော ထွန်းမင်း၏ ၀ဲဘက်ခြေခုံတွင် ဖုရောင် ဒဏ်ရာ ၊ ၀ဲဘက်ဒူးတွင်ပွန်းပဲ့ဒဏ်ရာ ၊ ယာဘက်လက်တွင် ပွန်းပဲဒဏ်ရာ ၊ ယာဘက်ရင်အုံတွင် နာကျင်ဒဏ်ရာ များအသီးသီးရရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဆို၏။ သို့ဖြစ်ပါ၍ ဆိုင်ကယ်အား မဆင်မခြင်မောင်း နှင်သူနေလင်းအောင်အား ဥပေဒေအရ အရေးယူပေးပါရန် ယာဉ်လမ်း ၊ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံတပ်ကြပ်ကြီး ရဲဝင်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းမှ (ပ) ၂၁၆/၂၀၁၂ ပြစ်မှု ပုဒ်မ ၃၃၈/၃၃၇ အရ နေလင်းအောင် ၂၀ နှစ် (ဘ) ဦးဂွေးထုံ တောင်ပြင်(၂) ရပ်ကွက်နေသူအား အမှုဖွင့် အရေးယူထားပြီး အမှုစစ် ဒုရဲအုပ်ဝင်းဌေးမှ အမှုအား ဆက်လက်စစ်ဆေးနေကြောင်းသတင်းရရှိသည်။


ဟင်္သာ(တောင်တွင်းကြီး)

From-HotNewsJournal

No comments:

Post a Comment