Friday, September 14, 2012

နယ်စပ်မြို့တွေကို ကြပ်မတ်ပေးဖို့သင့်ပြီ

ဘယ်နိုင်ငံမဆို လူနဲ့မူကောင်း မှ ဖွံ့ဖြိုးတိုးတက်မှာပါ။ စင်ကာ ပူမှာဆိုရင် နိုင်ငံအတွက်အကျိုး မပေးတဲ့ ဆေးလိပ်၊ အရက်၊ ဘီ ယာဆိုရင်  အခြားစားသောက် ကုန်တွေထက် အခွန်ပိုကောက်ပါ တယ်။ ပိုက်ဆံရှိလို့ ၀ယ်သောက် နိုင်ရင်လည်း သီးသန့် သတ်မှတ် ပေးတဲ့ နေရာတွေမှာ ပဲသောက် ခွင့်ပြုပါတယ်။ ဒီနိုင်ငံမှာတော့  အသက်မပြည့်သေးရင် မရောင်း ရ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက် စေပါသည်လို့ ဆေးလိပ်ဘူးပေါ်
မှာ ရေးလိုက်ရင် ရောင်းလို့ရနေပါ ပြီ။ ၂၀၀၆ ခုနှစ် ဆွေးရွက်ကြီး ဥပဒေလည်း ရှေ့နေတွေ တရား သူကြီးတွေ မေ့နေလောက်ပါပြီ။ လက်တွေ့မှာတော့ အသက်(၁၀) နှစ်ကျော်အရွယ်လေးတွေတောင် ဆေးလိပ်သောက်နေကြတာတွေ့ နေရပါတယ်။ ဒါက မြို့တိုင်းလို လိုမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော့ တံဆိပ်မျိုးစုံ ဆေးလိပ်ဘူး တစ်ဘူးကို အနိမ့်ဆုံး ၂၀၀ ကျပ်နဲ့ ၀ယ်သောက်လို့ရနေပါတယ်။ မူး ယစ်အစ ဆေးလိပ်က ဆိုတဲ့ ဆောင်ပုဒ်က ကျန်ခဲ့ပါပြီ။ ရှမ်း ပြည်နယ်ရဲ့ အဓိက ထွက်ကုန်က မူးယစ်ဆေးဝါးလားလို့တောင်ထင် ရပါတယ်။ မူးယစ်ဆေးဝါး ဖမ်းမိ လို့ ဆက်စပ်ကြည့်လိုက်ရင်နောက် ဆုံး ဒီဘူတာပဲဆိုက်တာပါပဲ။ ပ ပျောက်ဖို့ထိ မဆုံလိုပါဘူး။ လျော့ နည်းအောင်ပဲ လုပ်ပေးစေချင် တာပါ။ ပြစ်ဒဏ်ကို ကြီးကြီးမား မားချပြီးတရုတ်ပြည်မှာလို လူမြင် ကွင်းမှာ သေဒဏ်စီရင်လိုက်ရင် ပိုတောင်ကောင်းပါသေးတယ်။ သေမှာတော့လူတိုင်းကြောက်ကြ ပါတယ်။ ကိုယ့်တိုင်းပြည်နဲ့ကိုယ့် ဥပဒေဘယ်သူ့ကိုကြောက်နေရမှာ လဲ။ အောက်ခြေ၀န်ထမ်းတွေက လည်း ကိုင်းဖျာ်း၊ ကိုင်းနားလေး တွေကိုပဲ မချိုင်ဘဲ ပင်စည်ကြီး တွေကို အမြစ်ကလျန်ပစ်ရမှပါ။ နတ်နေကိုင်းလေးတွေ ထားမနေ ပါနဲ့တော့။
လွန်ခဲ့တဲ့ နှစ်များဆီက မိဘ တွေ သားသမီးတွေကို ထိပ်တန်း စာရင်းဝင်တဲ့ ဌာနတွေမှာ အလုပ် ရဖို့ ကြိုးစားခဲ့ကြပါတယ်။ သား သမီးတွေရဲ့ဆန္ဒကိုမပေးဘဲအလုပ် ၀င်စေခဲ့ပါတယ်။ အဲဒီ အကျိုး ဆက်က ကားနဲ့တိုက်နဲ့ ဟန်းဖုနး နဲ့နေနိုင်ကြပါတယ်။ တချို့ဆို ရာ ထူးက မမြင့်ပေမယ့် သားသမီး ကို ပုဂ်္ဂလိက ကျောင်းမှာတောင် ထားနိုင်တဲ့အခြေအနေမှာရှိပါ တယ်။ အစိုးရကပေးတဲ့ လစာနဲ့ ဆို မိသားစုဘ၀ရပ်တည်ရေးအ တွက် စဉ်းစားစရာမလိုပါဘူး။
နယ်စပ်မြို့ထဲမှာ ဘယ်သူ ဘာအရောင်းအ၀ယ်လုပ်တယ်ဆို တာ အစိုးရဘက်က သိပါတယ်။ သူတို့တွေ မသိသလိုလုပ်နေလို့ လားမသိပါဘူး။ မူးယစ်၊ဆေးစွဲနေ တဲ့ကလေး၊ လူကြီးတွေပါပေါမှ ပေါပါ။ မူးယစ်ဆေးစွဲနေတဲ့သူ တွေများလျှင် ရိုးရိုးသားသား လုပ် စားနေတဲ့သူတွေရဲ့ ပစ္စည်းဥစ္စာ တွေ မလုံခြုံနိုင်တော့ပါဘူး။ ဆေး သမားရဲ့အသုံးစရိတ်ဟာ မသေး ပါဘူး။ ပိုက်ဆံမရှိရင် ခိုးမှာပါပဲ။ သူတို့ သူခိုးဈေးနဲ့ရောင်းလိုက်တဲ့ ပစ္စည်းဟာ ဆုံးရှုံးသွားသူအတွက် တော့ တန်ဖိုးရှိပါတယ်။ တော် တော်နဲ့ ပြန်မ၀ယ်နိုင်ပါဘူး။ ဆိုင် ကယ်ုတွေပျောက်ရတဲ့အကြောင်း ရင်းက မူးယစ်ဆေးဝါးရယ်၊ ဂိမ်း ရုံတွေရယ်ကြောင့် ဖြစ်တာပါ။ မလစ်လိုက်နဲ့ပါသွားပြီ။ ငယ်ငယ် ရွယ်ရွယ်နဲ့ အလုပ်ကိုလက်ကြော တင်းအောင်မလုပ်ဘဲ အချောင် ခိုးချင်တဲ့စိတ်ဓာတ်တွေကြောင့် ပါ။
နယ်စပ်ဒေသတွေမှာဆိုရင် မူးယစ်ဆေးဝါးအပြင် ဘီယာက လည်း ပေါပါသေးတယ်။ မြန်မာ ဘီယာတစ်ခွက် (၆၀၀)ကျပ်၊ တစ် ပုလင်း (၁၃၀၀)ကျပ်က၀င်ငွေ ကောင်းသူတွေသောက်ကြတာပါ။ နယ်စပ်က၀င်တဲ့ တရုတ်ဘီယာ ကတော့တစ်လုံး (၅၀၀)ကျပ်ပဲရှိ ပါတယ်။ တံဆိပ်မျိုးစုံနဲ့ပေါ့။ အာ မခံချက်မရှိသလို တိုင်းပြည် ဘဏ္ဍာအခွန်လည်းမရပါဘူး။ အဲ ဒီလို ဈေးပေါတဲ့ဘီယာတောင် အတုလုပ်ပြီး တစ်ပုလင်း(၃၀၀) ကျပ်နဲ့ရောင်းတော့ အဲဒီအတု တွေသောက်ပြီး အူ၊ အသည်း၊ ကျောက်ကပ်တွေမကောင်းလို့ ဆေးရုံတက်တော့ ပြည်သူတွေ ဆောင်ထားတဲ့အခွန်အခတွေနဲ့ ကုပေးရပြန်ပါတယ်။ နယ်စပ်က တော့ အတုတွေ၊ အရည်အသွေး မမီတာတွေ တင်သွင်းတာပါပဲ။ ဒီနိုင်ငံကို အစမ်းသပ်ခံနိုင်လို့ထင် နေလားတော့မသိပါဘူး။ ဘာ ပစ္စည်းပဲဖြစ်နေနေ ဘာအာမခံ ချက်မှမရှိတာပါ။ ပိုက်ဆံအတု တောင်ထွက်နေမှတော့ကျန်တာ တွေကတော့ ပြင်းတောင်ပြင်း တယ်ပေါ့ဗျာ။ သက်ဆိုင်သူတွေ အနေနဲ့ နယ်စပ်မြို့တွေကို ကြပ် မတ်ပေးပါဦးလို့ ပြောချင်ပါတယ်။

တင်စိုး
From-HotNewsJournal

No comments:

Post a Comment