Sunday, September 16, 2012

တွစ်တာခေတ်ကို ဆောင်းပါးရှည်တွေအသားပေးဖော်ပြတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ထူထောင်နိုင်ဖို့ ကြိုးစားလာကြ


Noah Rosenberg ကို ကော်ဖီဆိုင်တစ်ဆိုင်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
ဒေသတွင်း သတင်းစာတွေ ပျက်သုဉ်း လုနီး ဖြစ်လာတဲ့အချိန်မှာ တွစ် တာခေတ်ဟာ ဆောင်းပါးရှည်တွေ ဇာတ်သိမ်းသွားအောင်များ လုပ်နေ ပြီလား။ နယူးယော့ခ်တိုင်း(မ်)က သတင်းထောက်လေးတစ်ယောက် ကတော့ ဆောင်းပါးရှည်တွေအသားပေးဖော်ပြတဲ့ ၀က်ဘ် ဆိုက်တစ်ခု ကို ထူထောင်နေပါတယ်။

Newsaggregators၊ 24/7 news cycles၊ 140-character Tweets နဲ့ attention-span-challenged ၀က်ဘ်ဆိုက်တွေကို အသုံးပြုကြတဲ့ သူ တွေဟာ အမေရိကန်မီဒီယာလောကမှာ သတင်းစာပညာရဲ့ လက္ခဏာ ကို 'မြန်မြန်ထုတ်၊ လွယ်လွယ်စား' ဆိုတဲ့ မက်ဒေါ်နဲလ်စားသောက်ဆိုင် တွေလိုမျိုး ဖြစ်သွားစေပါတယ်။
Narratively ဆိုတဲ့ ၀က်ဘ်ဆိုက်ကို လာမယ့်လမှာ စတင်ဖွင့်လှစ်ဖို့ မျှော်မှန်းထားတဲ့ Noah Rosenberg ကသူ့ရဲ့ ၀က်ဘ်ဆိုက်ဟာမီးအေး အေးမှာ ခပ်ကြာကြာနှပ်ရတဲ့ ဟင်းချက်နည်းနဲ့ ပိုတူလိမ့်မယ်လို့ပြောပါတယ်။
"24/7 bubble နဲ့ the echo chamber ၀န်ဆောင်မှုတွေကို ယှဉ်နိုင်ဖို့ ကျွန်တော်တို့မှာ တွန်းအားတွေ ရှိပါတယ်။ ကျွန်တော်တို့က တော့ အေး အေးဆေးဆေးပဲ သွားမှာပါ" လို့ သူ့ရုံး ခန်းအဖြစ် တစ်ခါတလေ အသုံးပြုတတ်တဲ့ ဘရွတ်ကလင်းကဖေးဆိုင်မှာ ထိုင်ရင်း သူက ပြောပါတယ်။
Narrative ၀က်ဘ်ဆိုက်က ရည်မှန်း ချက်မြင့်မားတဲ့ နယူးယော့ခ်တိုင်း(မ်) သတင်းစာကျောင်းထွက် လူငယ် ၃၀ လောက်ဟာ ဖြစ်ရပ် တစ်ခုရဲ့ အချက်အလက်တွေကို ဖတ်ကောင်းရုံစာလုံးရေ ၅,၀၀၀ ပါသတင်းတစ်ပုဒ်အဖြစ်အချိန်ယူရေးရတဲ့ လတ်တလောသတင်းထူး တွေကို လျစ်လျူရှုထားရ ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လတ်တလော သတင်းထူးတွေကို တင်မှာမဟုတ်တဲ့အတွက်ကြောင့်ပါ။
"ဒါပေမယ့် တင်ထားတဲ့ သတင်းတွေ ဟာ အဓိပ္ပာယ်တစ်ခုခုရှိပြီး နောက် နှစ်နှစ်၊ သုံးနှစ်အထိလည်း အသုံးဝင်တဲ့ သတင်းမျိုးတွေပဲ ဖြစ်မှာပါ" လို့ Rosenberg က ပြောပါတယ်။
BuzzFeed ရဲ့ ဟုမ်းပေ့ခ်ျမှာ Cutest Pictures Of Cats ANd Babies ဆလိုက်ပုံတွေ တင်ပေးထားပြီး ယာဟူးဝက်ဘ်ဆိုက်မှာ Trending Now ဆိုတဲ့ ရုပ်သံဖိုင်တွေ တင်ပေးထားတဲ့ အတွက် မီဒီယာကုမ္ပဏီကြီးတွေက လည်း ပုံစံတူလိုက်လုပ်နေကြတဲ့ အချိန် မှာ Narratively က နှစ်ရှည်ခံသတင်း တွေကို အေးအေးဆေးဆေးရေးပြီး တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ စိတ်ကူးယဉ်ဆန်တယ် လို့ ထင်ကောင်း ထင်နိုင်ပါတယ်။
ဒါပေမယ့် အဆင့်မြင့်မြင့် ရှည်ရှည် လျားလျား ရေးဖွဲ့ရတဲ့ သုတစာပေတွေ ကို စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပြောင်းနိုင်မယ့် လမ်း သစ်ရှာတဲ့ အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ တည်ထောင်ခဲ့တဲ့ Atavist.com နဲ့ Byliner.com ၀က်ဘ်ဆိုက်တွေ၊ ၂၀၁၀ ပြည့်နှစ်မှာ တည်ထောင် ခဲ့တဲ့ Longform.org ၀က်ဘ်ဆိုက်တွေလို Rosenberg လည်း ဆောင်းပါးရှည် တွေ ပြန်လည်အသက်ဝင်လာနိုင်စေဖို့ ခုလိုမျိုး Narratively ၀က်ဘ်ဆိုက် ထောင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။
"ဆောင်းပါးရှည်တွေ ပြန်အသက်ဝင် လာအောင် နည်းပညာရဲ့ စွမ်းအားကို အသုံးချရမှာပါ"လို့ ၂၉ နှစ်ရှိပြီဖြစ်တဲ့ Rosenberg က ပြောပါတယ်။
သတင်းစာတိုက်တွေရဲ့ ကြော်ငြာ လုပ်ငန်းက ၀င်ငွေထိုးကျသွားတာဟာ The New Yorker? The New York Times' မဂ္ဂဇင်းတို့လို ဆောင်းပါးရှည် တွေကို ဖော်ပြလေ့ရှိတဲ့ စာနယ်ဇင်း အရေအတွက်တွေကို နည်းသွားစေပါ တယ်။ ဒီလို ဆောင်းပါးရှည်မျိုးတွေကို အွန် လိုင်းပေါ်မှာပဲ တင်လာကြပါတယ်။ ရလဒ်ကတော့ ဆောင်းပါးရှည်ကြီးတွေကို စာမျက်နှာပေါ်မှာနေရာအများကြီးပေးစရာမလိုတော့တဲ့ အပြင် ဒစ်ဂျစ် တယ်နည်းပညာရဲ့ အခွင့်အလမ်းကို လည်း ပိုပြီးအလွယ်တကူ စူးစမ်းနိုင် သွားစေပါတယ်။
အမေရိကန်နိုင်ငံရဲ့ အစဉ်အလာ မီဒီယာပုံစံဟာ ဆောင်းပါးရှည်တွေကို ရှည်ရှည်လျားလျား အကန့်အသတ်မရှိ ရေးခွင့်ပေးထားတာ ကြောင့် ဒီဆောင်း ပါးရှည်တွေကို အွန်လိုင်းမှာပဲ တင် လာကြတာဟာ သတင်းကောင်း တစ်ခု ပဲလို့ Quinnipiac တက္ကသိုလ်ရဲ့ စာနယ် ဇင်းပညာဆိုင်ရာ ပါမောက္ခ Paul Janensch က ပြောပါတယ်။
"ဆောင်းပါးရှည်ကြီးတွေဖတ်ဖို့ အတွက် ကျွန်တော့မှာ အချိန်မရှိပါဘူး။ ဒီလို ပျင်းရိစရာကောင်းတဲ့ ဆောင်းပါး ရှည်ကြီးတွေကိုလူတွေ ဘယ်လိုများ ဖတ်ကြသလဲ ကျွန်တော်သိချင် လိုက် တာ"လို့ သူက ပြောပါတယ်။
"အင်တာနက်ပေါ်မှာတော့ ဆောင်းပါးရှည်ကြီးတွေ မရှိလောက်ဘူးလို့ ကျွန် တော်မျှော်လင့်ပါတယ်။ ဒါပေမယ့်အကြောင်းအရာအချက် အလက် ပေါင်းစုံကို အသိပေးနိုင်တဲ့ နည်းလမ်းသစ်တွေ အများကြီး ရှိပါသေးတယ်" ဘရွတ်ကလင်းအခြေစိုက် Atavist ကတော့ အွန် လိုင်းပေါ်မှာ သုတစာပေ တွေကို တင်ပေးထားပါတယ်။
သူတို့ရဲ့ ဆောင်းပါးတွေကတော့ မဂ္ဂဇင်းတွေက ဆောင်းပါးတွေထက် ရှည်ပေမယ့် သု တေသန ကျမ်းစာအုပ်လောက်တော့ မရှည် ပါဘူး။
Atavist ပိုင်ဆော့ဖ်ဝဲအဖြစ် တည်ရှိ နေတဲ့ ဆောင်းပါးတွေကို အိုင်ပက်ဒ်လို အသေးစား စွယ်စုံသုံး နည်းပညာ ပစ္စည်းတွေနဲ့ ဖတ်ရှုလို့ ရပါတယ်။
နည်းပညာပစ္စည်းတွေနဲ့ မဂ္ဂဇင်း မတူတဲ့အချက်က စာဖတ်သူတွေဟာ စာရေးသူ ရေးထားတာတွေကို ဖတ်လို့ရ သလို အသံနဲ့လည်း နားထောင်လို့ ရတဲ့အပြင် မြေပုံ၊ ဓာတ်ပုံနဲ့ ဗီဒီယို စတာ တွေကို ကြည့်လို့ရပါတယ်။
နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင် မှုတွေကို လက်ခံခြင်းကလည် အရေးပါ လှပါတယ်လို့ Atavist ပူးတွဲတည် ထောင်သူ အီဗန် ရက်တ်လစ်ဖ်က ပြောပါတယ်။
"အကြောင်းအရာအချက်အလက် တွေကို အသေးစိတ်ဖော်ပြထားတဲ့ ဆောင်းပါးတွေ၊ သတင်းထုတ်ပြန်ချက် တွေ၊ ဇာတ်ကြောင်းပြန် ဖော်ပြချက်မျိုး တွေကို ဖတ်ချင်ကြတဲ့သူတွေ အများကြီး ရှိပါတယ်"လို့ သူက တယ်လီဖုန်းနဲ့ဖြေ ကြား ပေးခဲ့ပါတယ်။
"သူတို့ ဖတ်ကြပါ့မလားဆိုတာထက် သူတို့ ဘယ်လိုမျိုးကို စိတ်ဝင်စားကြလဲ ဆိုတာကို စဉ်းစားရမှာပါ"လို့ သူက ပြောပါတယ်။
Longform.org နဲ့ Longreads. com လို ၀က်ဘ်ဆိုက်တွေဟာ ဆောင်း ပါးရှည်ကြိုက်တဲ့ စာဖတ်ပရိသတ်တွေကို ဆွဲဆောင် ထားပါ တယ်။ အဲဒီဝက်ဘ် ဆိုက်တွေမှာ သူတို့ပိုင် ဆောင်းပါးတွေ တင်ထားပေးသလို တခြားဝက်ဘ်ဆိုက် က ဆောင်းပါးတွေလည်း စုစည်း ပေး ထားပါတယ်။
Byliner.com ဆိုတဲ့ ၀က်ဘ်ဆိုက် ကတော့ တကယ့်ကို ရည်ရွယ်ချက်ကြီး မားပါတယ်။ သူတို့ ၀က်ဘ်ဆိုက်ပိုင် ဖြစ်တဲ့ စာလုံးရေ ၅,၀၀၀ ကနေ ၃၀,၀၀၀ အကြားရှိတဲ့ ဆောင်းပါးတွေကို Amazon နဲ့ အက်ပဲလ်ကနေ ရောင်းချ ပေးနေတဲ့အပြင် အင်တာနက်တစ်ခွင်က ဆောင်းပါးရှည်အားလုံးကိုလည်း စုစည်းဖော်ပြပေးထားပါတယ်။
Rosenberg ကတော့ မူရင်းပုံစံ အတိုင်း သတင်းဖော်ပြနည်းကို နည်း ပညာရဲ့ စွမ်းအားနဲ့ ပေါင်းစပ်ပြီး ပရိ သတ်အကြိုက်ဖြစ်အောင် ကြိုးပမ်းဖို့ မျှော်လင့်ထားပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နယူး ယော့ခ်မြို့မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါဝင်တဲ့ ဒေတာ ပက် ကေ့ခ်ျတစ်ခုကို တစ်ပတ်တစ်ကြိမ် ဖော်ပြပေးဖို့ ဖြစ်ပါတယ်။
ပထမဦးဆုံး ထုတ် ပက်ကေ့ခ်ျမှာ နယူးယော့ခ်မြို့ သားတွေ ကြုံတွေ့ရတဲ့ အဖြစ်အပျက် မျိုးစုံကို ဖော်ပြပေးသွားမှာ ဖြစ်ပါ တယ်။ ထုံးတမ်းစဉ်လာမဂ္ဂဇင်းတွေနဲ့ မတူတာက ဒေတာပက်ကေ့ခ်ျတိုင်းမှာ ဆောင်းပါးရှည်တွေ ဖော်ပြပေးထားမှာ ဖြစ်သလို သတင်းမှတ် တမ်းတို၊ အင်နီမေးရှင်းနဲ့ ဖိုတိုအက်ဆေးတွေ လည်း ပါဝင်တာပဲ ဖြစ်ပါတယ်။
အမေးအဖြေ ကဏ္ဍနဲ့ podcast အပါအ၀င် စာဖတ်သူနဲ့ ၀က်ဘ်ဆိုက် အပြန်အလှန် တုံ့ပြန်နိုင်တဲ့ ကဏ္ဍလေးတွေကိုသောကြာနေ့တိုင်း မှာ တင်ပေးမှာ ဖြစ်ပါတယ်။
"ဒေသတွင်းသတင်းတွေကို လမ်း ကြောင်းအသစ်၊ ဆက်သွယ်ရေး နည်း လမ်းအသစ်တွေနဲ့ စာဖတ်သူတွေကို ပေးနေပါတယ်။ ရော သမမွှေထား တာတွေလည်း တင်ပေးထားမှာပါ"လို့ Rosenberg က ပြောပါတယ်။
ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် Narrative လို ၀က်ဘ်ဆိုက်တွေဟာ အထွေထွေ ကုန်ကျစရိတ်တွေ နည်းသွားပြီး ငွေကြပ်နေတဲ့ ထုံးတမ်း စဉ် လာ မီဒီယာ ကိုမှီပြီး အရည်အသွေးပြည့်ဝတဲ့ ကော် လံစား သတင်းစာဆရာတွေကိုလည်း ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
(အေအက်ဖ်ပီ)
From -မြန်မာ့တိုင်းမ်

No comments:

Post a Comment