Sunday, September 23, 2012

အမြဲလိုလူ ပင်ပန်းနေပါသလား



ပင်ပန်းလွန်းလို့ အလုပ်ထဲ အာရုံနှစ်မရ ဖြစ်နေပါသလား။ မနက် အိပ်ရာနိုးတဲ့ အခါမှာတောင် မလန်းဆန်းဘဲ ပင်ပန်းနေပါသလား။ သင့်ခန္ခာကိုယ် အားအင် ကုန်ခန်းနေလို့ ပင်ပန်းနေခြင်းပါ။  Coenzyme Q 10 ဓာတ်ချို့တဲ့နေခြင်းက အဓိက အကြောင်းရင်း တစ်ခုပဲ ဖြစ်ပါတယ်။Coenzyme Q10 (CoQ10) ဆတာ ဗီတာမင်ဓာတ် လိုအရာဖြစ်ကာ လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာ ပါရှိနေပါတယ်။ ဓာတုစွမ်းအင်ဖြစ်တဲ့ Adenosine Triphosphate (ATP) ထုတ်လုပ်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ CoQ10 မရှိပါက ထိုစွမ်းအင် ဖြစ်ပေါ်ဖို့ မလွယ်ကူပါ။ ထိုစွမ်းအင် မရှိပါက အားလည်းရှိမှာ မဟုတ်ပါဘူး။


ငယ်ရွယ်စဉ်က ကျွန်မတို့ ဆဲလ်တွေထဲမှာ CoQ10 များစွာ ပါရှိခြင်းကြောင့် ခန္ဓာကိုယ်ထဲ အင်အား လုံလောက်စွာ ရှိနေပါတယ်။ အသက်ကြီး လာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ထိုဓာတ် လျော့နည်းလာပြီး စွမ်းအင်ထုတ်လုပ်မှု ကျဆင်းလာပါတယ်။ စွမ်းအင် လျော့နည်းခြင်းက ကျန်းမာရေး ထိခိုက်ကာ အိုမင်းရင့်ရော် စေပါတယ်။ အောက်ပါတို့က စွမ်းအင် လျော့နည်းခြင်း လက္ခဏာရပ် တွေပဲ ဖြစ်ပါတယ်။ သင့်မှာ ဖြစ်ပေါ်နေတဲ့ လက္ခဏာရပ်တွေနဲ့ တူနေသလား ဆန်းစစ်ကြည့်လိုက်ပါ။
၁။ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေခြင်းအသက် ၃ဝ ကျော်တဲ့ လူတိုင်းလိုလို ဒီလိုမျိုး တစ်ချိန်မဟုတ် တစ်ချိန် ကြုံဖူးကြမှာပါ။ စိတ်က ဆောင်ပေမယ့် လူက ပင်ပန်းလွန်းလို့ လိုက်မလုပ်နိုင်တာမျိုးပေါ့။ ညစာချက်ခြင်း၊ လမ်းလျှောက်ခြင်း တို့လို ပုံမှန် လုပ်ဆောင်ချက်တွေအပြင် အားကစားခန်းမ Gym သွားပြီး လေ့ကျင့်ခန်း လုပ်တာမျိုးလို အပို လုပ်ဆောင်ချက်တွေကိုပါ မလုပ်နိုင်တော့ပါဘူး။ ဘာကိုပဲဖြစ်ဖြစ် လုပ်ဖို့ အင်အားမရှိတော့ပါဘူး။ နေ့တာတွေကလည်း ပိုတိုလာသလို ခံစားနေရပါတယ်။ ဒီလိုဖြစ်ခြင်းက အင်အားလျော့နည်းခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။

၂။ အိပ်ရာဝင်ချိန်ထက် အိပ်ရာထချိန်မှာ ပိုပင်ပန်းနေခြင်း မနက်တိုင်း အိပ်ရာထဖို့ ခက်ခဲ နေတတ်ပါသလား။ မနက် အိပ်ရာထချိန်မှာ ပင်ပန်း နွမ်းနယ်နေခြင်းရဲ့ အကြောင်းရင်း နှစ်ရပ် ရှိပါတယ်။ အိပ်ရေးမဝခြင်း ဒါမှမဟုတ် ကောင်းကောင်း အိပ်မပျော်ခြင်း ကြောင့်ပါ။ ကျွန်မတို့ တစ်တွေဟာ နေ့စဉ် အိပ်ချိန် ခြောက်နာရီမှ ရှစ်နာရီကြားရှိပါမှ အိပ်ရာထတဲ့အခါ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေမှာပါ။


အိပ်ချိန်ပြည့်ပေမယ့် အိပ်ရာထတဲ့အခါ ပင်ပန်းနေသေးပါက စွမ်းအင် ကုန်ခန်းနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုကိုလည်း စွမ်းအင် လျော့နည်းနေတဲ့အခါ ကိုင်တွယ်ရ ခက်ခဲတတ်ပါတယ်။ စိတ်ဖိစီးမှုက စွမ်းအင်ကို ထပ်လျော့နည်းစေခြင်းကြောင့် အရင်ကထက် နှစ်ဆ ပိုပြီး နွမ်းလျမောပန်း နေတတ်ပါတယ်။

ဒေါက်တာနုမြတ်
Ref:
Source:http://www.yatanarpon.com.mm/news/news-6402

No comments:

Post a Comment