Wednesday, September 19, 2012

အဆင့်အတန်းမှီတဲ့သမဂ္ဂ ၊ နိုင်ငံတကာ ရေစိမ်ခံတဲ့ သမဂ္ဂဖြစ်ဖို့လိုပါတယ်လို့ဆိုတဲ့ ပြည်သစ်ညွန့်ဝေ နှင့် တွေ့ဆုံခြင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုဖြင့် ယခုလ (၄)ရက်နေ့တွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ်္ဂ အဖွဲ့ချုပ် (FTUB)မှ အထွေထွေ အတွင်း ရေးမှူး ဦးမောင်မောင်(ခ) ပြည်သစ် ညွန့်ဝေနှင့် ယခုလို တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။
မေး- အစ်ကိုက မြန်မာနိုင်ငံကို ဘယ်လို ရည်ရွယ်ချက်ထား ပြီး ပြန်ဝင် လာပါသလဲ။

ဖြေ- FTUB အနေနဲ့ ဒီကိုမလာခင် ကတည်း က ဆုံးဖြတ်တာပါ။ ဒီပြုပြင်ပြောင်းလဲမှု ထဲမှာ ငါတို့ရောပါမှာလား။ လူတွေက နောက်ပြန်လှည့်သွားမယ်။ အာဏာသိမ်း သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ သိမ်း ချင်လည်းသိမ်းမှာပဲ၊ ဒီလိုပဲ သိမ်းသွားရင် ဘယ်လို လုပ်မလဲ ဆိုတာကိုထိုင်ကြည့် မလား၊ ကိုယ်တိုင်ဝင်ပြီးတော့ကော ဘာ လုပ်လို့ရမလဲ။ ငါတို့ရော မလုပ်ရဲဘူးလား၊ ငါတို့လိုချင်တာပြောင်းဖို့ လုပ်တာမဟုတ် ဘူးလားဆိုတဲ့ အကြည့်နဲ့ပြန်ပြီးတော့လာ တဲ့ကိစ္စဖြစ်တယ်။ အခုက ကျွန်တော် တစ်ယောက်တည်း အရင်ပြန်ဝင်လာတာ။ကျန်တဲ့လူတွေကိုလည်း ပြန်လာဖို့ပြော ထားတယ်။
မေး- FTUB အနေနဲ့ပြည်တွင်းမှာ တရား ၀င် မှတ်ပုံတင်မယ်လို့ သိရတယ်။ ဟုတ် ပါသလား။
ဖြေ- ၁၉၉၅ ခုနှစ်မှာ ယိုးဒယားနယ်စပ် မှာ စဖွဲ့ခဲ့တာပါ။ FTUB အနေနဲ့က မြန်မာပြည်ထဲပြန်ဖို့၊ FTUBကို မြန်မာ ပြည်မှာ ပြန်လက်ခံဖို့ဆိုတာ ILO မှာ ဆွေးနွေးဖြစ်ခဲ့ကြတာဖြစ်တယ်။ ဒါကို လည်း အလုပ်သမားဝန်ကြီး ဌာနက သိပါတယ်။ အခု FTUM အနေနဲ့ ပြောင်းရမယ်ဆိုတာ ကြိုသိထား ပြီးသားပါ။ ဒါကိုလည်း ကျွန်တော်တို့ အဖွဲ့ဝင် အစည်းအဝေးခေါ်ရဦးမယ်။ ကိုယ်ပြောင်းချင်တိုင်းပြောင်းလို့မရဘူးလေ။ အလုပ်သမားသမဂ္ဂဆိုတာ အများပိုင်တာ ဆိုတော့ အားလုံးကို ဆွေးနွေးပြီး အများ သဘောနဲ့ ပြောင်ရမှာပေါ့။ မှတ်ပုံတင်ဖို့ ဆိုတာ ကျွန်တော်တို့ အလုပ်သမားဝန် ကြီးဌာနနဲ့ ပြန်ညှိနေတယ်။ အဖွဲ့ချုပ် အနေနဲ့ မှတ်ပုံတင် ချက်ချင်းလုပ်လို့မရ တာတွေ ရှိနေတယ်။ ဒါက သူ့ရဲ့ ဥပဒေ  အကြောင်းအရပေါ့။ ဒါကိုလည်း ဆက် ပြီး ဆွေးနွေးညှိနှိုင်းပြီး လုပ်ရမယ့်ကိစ္စပါ။
မေး- နိုင်ငံတစ်နိုင်ငံမှာ အလုပ်သမား သမဂ္ဂရဲ့ အရေးပါပုံလေးပြောပြပေးပါဦး။
ဖြေ- အနီးစပ်ဆုံးအနေနဲ့ပြောရရင် အ ပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ FDI တစ်ခုလုံးဝင်လာတော့မယ်၊ ၀င်ဖို့ လည်း ဥပဒေတွေပြင်နေကြတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာတွေရှိ တယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကိုပြင်ဆင် ပြီးရင်၊ FDI ငါတို့နိုင်ငံကို ၀င်လာလို့ ရှိရင် ငါတို့ဘယ်လောက်အဆင်သင့်ဖြစ် ပြီလဲ။ FDI ဆိုတာကတော့ ကောင်းတာ ပေါ့။ နိုင်ငံကြီးတော့ ချက်ချင်းကြီး တိုး တက်သွားမယ်မထင်နဲ့၊ ကိုယ့်ဆီက ထုတ် ယူသွားမယ့် ရန်ကနေ ကာကွယ်ဖို့အတွက် အစိုးရကရော၊ သက်ဆိုင်ရာ Sector အလိုက် ဥပဒေတွေ လုပ်ထားပြီးပြီလား ဆိုတာ အလုပ်သမားသမဂ္ဂက ပြောတော့ မယ်။ အလုပ်သမားသမဂ္ဂဆိုတာ အလုပ် ရှင်၊ အလုပ်သမားအဖွဲ့ ဖွဲ့စည်းတော့ မှန် ပါတယ်။ သို့သော် National Policy  အမျိုးသားရေးစီမံချက်၊ စီမံကိန်းတွေမှာ ပြောဖို့ဆိုတာကို၊ လုပ်ရတယ်ဆိုတာကို ကျွန်တော်တို့ နိုင်ငံခြားမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံက အဲဒါပါ။ ဒီဟာတွေမှာ အလုပ်သမားသမဂ္ဂက ဘယ်နားက ပါ တယ်ဆိုတာ လူတွေမြင်တာ ဆန္ဒပြဖို့နဲ့ ဝေးဝေး အော်ဖို့လောက်ပဲမြင်နေကြ တယ်။ အဲဒါ မဟုတ်ဘူးဆိုတဲ့ ကိစ္စကို အလုပ်သမားတွေကိုရော၊ အလုပ်ရှင်တွေ ကိုရော၊ အစိုးရကိုရော ရှင်းလင်းပြီးတော့ ဒါကို တိုင်းပြည်တိုးတက်ဖို့အတွက် အလုပ်  သမားသမဂ္ဂအနေနဲ့ အရေးကြီးတဲ့ ကဏ္ဍ မှာ ရှိတယ်ဆိုတာကို ပြောဖို့ရှိပါတယ်။
မေး- ပြည်တွင်းမှာလက်ရှိထားတဲ့ အလုပ် သမားအဖွဲ့အစည်းတွေကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ- ဒီမှာကြည့်မယ်ဆိုရင် အားလုံးပေါင်း မှတ်ပုံတင်ကျပြီးသား အလုပ်သမား အဖွဲ့ (၂၀၀)ကျော်လောက်ရှိမယ်ထင်တယ်။ အားလုံးက ဒေသဆိုင်ရာ အဆင့်ပဲရှိသေး တယ်။ မြို့နယ်အဆင့်မရောက်ကြသေး ဘူး။ အလုပ်သမားသမဂ္ဂဖွဲ့ရင် အလုပ် သမားသမဂ္ဂဆိုတာ ဘာလဲဆိုတာ အဓိ ကကျတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို စိတ်ဆိုးရင် စိတ်ဆိုးမယ်။ ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာနဲ့ တကယ်အလုပ် လုပ်မယ်ဆိုရင် သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေရှိတယ်။ လွတ်လပ်တဲ့ အလုပ် သမားသမဂ္ဂဆိုတာဘာလဲ။ သဘော သဘာဝတူညီတဲ့ အလုပ်သမားတွေက မိမိသဘောအရဖွဲ့စည်းထားတဲ့ကိစ္စဖြစ် တယ်ဆိုတော့ တချို့နေရာတွေမှာ စွပ် စွဲနေတာတွေရှိတယ်။ အလုပ်ရှင်က ဖွဲ့ ပေးထားတဲ့သမဂ္ဂလို့ပြောတယ်။ အဲဒီ သမဂ္ဂသည် အခုဟာနဲ့ ညီရဲ့လား ဆိုတာ ကို ကျွန်တော်တို့ ပြန်မေးဖို့ရှိတယ်။ လွတ် လပ်တဲ့အလုပ်သမားသမဂ္ဂဆိုတာကိုယ့် ဘာသာလုပ်မယ့်ကိစ္စကို ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ဘဏ္ဍာရေး နဲ့ပတ်သက်ပြီး လွတ်လပ်မှုရှိလား၊ ရွေး ကောက်ပွဲရှိလား၊ မဲထည့်ပြီးရွေးတာလား ပုံမှန်အစည်းအဝေးရှိလား၊ အဖွဲ့ဝင်ကြေး ထည့်လားဆိုတဲ့အချက်တွေပေါ့။ လွတ် လပ်တဲ့အလုပ်သမား သမဂ္ဂဆိုတာဘာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးကြရမယ်။  National Policy  တွေမှာ ၀င်ပြီးသုံးသပ်မယ်၊ ဆွေးနွေးမယ် ဆိုရင် ကျွန်တော်တို့ သမဂ္ဂကလည်း အဆင့်အတန်းမီတဲ့သမဂ္ဂ၊ နိုင်ငံတကာက ရေစိမ်ခံတဲ့သမဂ္ဂဖြစ်ဖို့လိုပါတယ်။ အဲဒါ မျိုးတွေကို ကျွန်တော်တို့ လုပ်မယ်။သင် တန်းတွေပေးဖို့ရှိပါတယ်။
မေး- ပြည်တွင်းက အလုပ်သမားအဖွဲ့ တွေကို အစ်ကို့အနေနဲ့ ဘယ်လို အကူ အညီမျိုးတွေပေးဖို့ စီစဉ်ထားပါသလဲ။
ဖြေ- အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ်္ဂတွေနဲ့ ကျွန်တော်တို့ ဆက်သွယ် ပေးဖို့ရှိတယ်။ ကျွန်တော်တို့ FTUBက အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ်္ဂ များအဖွဲ့ချုပ် ITUC  ရဲ့ အဖွဲ့ဝင်ဖြစ်တယ်။  တို့အတူပဲ အထည်ချုပ်လုပ်ငန်းကလည်း တစ်ကမ္ဘာလုံးနဲ့ ပတ်သက်တဲ့ အထည် ချုပ်လုပ်ငန်းသမဂ္ဂဆိုတာရှိတယ်။ အဲဒါ ကို ကျွန်တော်တို့ရဲ့ အထည်ချုပ်သမဂ္ဂနဲ့ မိတ်ဆက်ပေးဖို့ရှိတယ်။ အဲဒီလိုပဲ သက် ဆိုင်ရာ သမဂ္ဂတွေကို အပြည်ပြည်ဆိုင် ရာ သမဂ္ဂတွေနဲ့ မိတ်ဆက်ပေးဖို့ရှိတယ်။  မိတ်ဆက်ပေးဖို့အတွက်ခုနက လိုအပ် ချက်ဆိုတာတွေရှိတယ်။
မေး- သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီးနောက် ပိုင်း မြန်မာပြည်မှာ အမြဲတမ်းနေထိုင်ခွင့် ရမယ်လို့ ထင်ပါသလား။
ဖြေ- အတတ်နိုင်ဆုံး မပြန်ဖို့ စဉ်းစားထား တယ်။ အလုပ်လုပ်မယ်ဆိုရင်တော့ ပြန် လို့မရဘူး။ ပြောချင်တာပြောပြီး ထွက် သွားဖို့က လွယ်တာမဟုတ်ဘူး။ အလုပ် တကယ်လုပ်မယ်ဆိုရင်တော့ ဒီမှာပဲ နေ ရမှာပေါ့။
ကျေးဇူးတင်ပါတယ်။

တူးတူး

From -HotNewsJournal

No comments:

Post a Comment