Wednesday, September 19, 2012

ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းနှင့် ၀န်ချီစက်တွဲ တရုတ်သို့ လက်ဆောင်ပေးအပ်

Photo: ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းနှင့် ၀န်ချီစက်တွဲ တရုတ်သို့ လက်ဆောင်ပေးအပ်

ရန်ကုန်၊စက်တင်ဘာ-၁၈

တရုတ်နိုင်ငံ ကူမင်းပြည်နယ်ရှိ မီးရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် မြန်မာနိုင်ငံမှ ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှစ်ခေါင်း၊ ၀န်ချီစက်တွဲတစ်တွဲ၊ ရေတိုင်ကီတွဲတစ်တွဲနှင့် ရိုးရိုးပက်လက်တွဲတစ်တွဲတို့အား ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်လိုက်ရာ လားရှိုးဘူတာအထိ ပို့ဆောင်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထားရုံးချုပ် စီမံ/အုပ်ချုပ်ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်မြင့်မြင့်စန်းကပြောသည်။

“တရုတ်ကတော့ ၀ယ်မယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ သူတို့ကလည်း ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်ထိ မြန်မာနိုင်ငံကို တွဲတွေ၊ စက်ခေါင်းတွေ လှူခဲ့တာရှိတယ်။ နောက်ပြီး ဒီဘက်ကလှူမယ့် စက်ခေါင်းတွေ၊ တွဲတွေကလည်း ပြန်သုံးလို့မရအောင် ဟောင်းနွမ်းနေပြီ ဖြစ်တဲ့အတွက် လှူဒါန်းဖို့ အစိုးရအဖွဲ့ ခွင့်ပြုမိန့်တောင်းပြီး လှူလိုက်တာပါ”ဟု ဒေါ်မြင့်မြင့်စန်းကပြောသည်။

ယခင် အစဉ်အဆက်ကပင် မြန်မာ့မီးရထားနှင့် ကူမင်းမီးရထားဌာနတို့အကြား အပြန်အလှန် လှူဒါန်းမှုများရှိခြင်း၊ နှစ်နိုင်ငံနည်းပညာရပ်များ ဖလှယ်ခြင်းနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ရင်းနှီးချစ်ကြည်မှုကို သက်သေပြရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပင် ပြောသည်။

“ဒီတွဲတွေ၊ စက်ခေါင်းတွေကို ကျွန်မတို့ဌာနအနေနဲ့ လားရှိုးအထိပဲ တာဝန်ယူ ပို့ဆောင်ပေးမှာပါ။ လားရှိုးကနေ မူဆယ်၊ ရွှေလီအထိကို တရုတ်နိုင်ငံက သူတို့စရိတ်နဲ့ သယ်ပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံ ကူမင်းမီးရထားဌာနနှင့် မြူနီစပယ်အစိုးရအဖွဲ့က အဆိုပါ စက်ခေါင်းဟောင်းများနှင့် တွဲဟောင်းများကို ၎င်းတို့၏ ရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် ၀ယ်ယူရန် ၂၀၁၁ ခုနှစ်တွင် ကမ်းလှမ်းခဲ့ပြီး မြန်မာ့မီးရထားမှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လှူဒါန်းရန် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးမှ လှူဒါန်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက ၂၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်နိုင်ငံလုပ် ၁၉ ရာစု မီတာဂိတ် ရေနွေးငွေ့ စက်ခေါင်းနှစ်လုံးကို တရုတ်နိုင်ငံသို့ လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံက ချစ်ကြည်ရေး လက်ဆောင်အဖြစ် လူစီးတွဲ၊ စားသောက်တွဲ၊ စာတိုက်တွဲအပါအ၀င် တွဲပေါင်း ၁၃၀ ကို ပြန်လည်လှူဒါန်းခဲ့သည်။

တရုတ်သို့ လက်ဆောင်ပေးလိုက်သော ရှေးဟောင်းရေနွေးငွေ့ ရထားစက်ခေါင်းကို လားရှိုး၌တွေ့ရစဉ်။ ဓာတ်ပုံ- ခွန်ဇော်ဦးရန်ကုန်၊စက်တင်ဘာ-၁၈
တရုတ်နိုင်ငံ ကူမင်းပြည်နယ်ရှိ မီးရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် မြန်မာနိုင်ငံမှ ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှစ်ခေါင်း၊ ၀န်ချီစက်တွဲတစ်တွဲ၊ ရေတိုင်ကီတွဲတစ်တွဲနှင့် ရိုးရိုးပက်လက်တွဲတစ်တွဲတို့အား ချစ်ကြည်ရေးလက်ဆောင် အဖြစ် ပေးအပ်လိုက်ရာ လားရှိုးဘူတာအထိ ပို့ဆောင်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထားရုံးချုပ် စီမံ/အုပ်ချုပ်ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်မြင့်မြင့်စန်းကပြောသည်။

“တရုတ်ကတော့ ၀ယ်မယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ သူတို့ကလည်း ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်ထိ မြန်မာနိုင်ငံကို တွဲတွေ၊ စက်ခေါင်းတွေ လှူခဲ့တာရှိတယ်။ နောက်ပြီး ဒီဘက်ကလှူမယ့် စက်ခေါင်းတွေ၊ တွဲတွေကလည်း ပြန်သုံးလို့မရအောင် ဟောင်းနွမ်းနေပြီ ဖြစ်တဲ့အတွက် လှူဒါန်းဖို့ အစိုးရအဖွဲ့ ခွင့်ပြုမိန့်တောင်းပြီး လှူလိုက်တာပါ”ဟု ဒေါ်မြင့်မြင့်စန်းကပြောသည်။

ယခင် အစဉ်အဆက်ကပင် မြန်မာ့မီးရထားနှင့် ကူမင်းမီးရထားဌာနတို့အကြား အပြန်အလှန် လှူဒါန်းမှုများရှိခြင်း၊ နှစ်နိုင်ငံနည်းပညာရပ်များ ဖလှယ်ခြင်းနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ရင်းနှီးချစ်ကြည်မှုကို သက်သေပြရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပင် ပြောသည်။

“ဒီတွဲတွေ၊ စက်ခေါင်းတွေကို ကျွန်မတို့ဌာနအနေနဲ့ လားရှိုးအထိပဲ တာဝန်ယူ ပို့ဆောင်ပေးမှာပါ။ လားရှိုးကနေ မူဆယ်၊ ရွှေလီအထိကို တရုတ်နိုင်ငံက သူတို့စရိတ်နဲ့ သယ်ပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံ ကူမင်းမီးရထားဌာနနှင့် မြူနီစပယ်အစိုးရအဖွဲ့က အဆိုပါ စက်ခေါင်းဟောင်းများနှင့် တွဲဟောင်းများကို ၎င်းတို့၏ ရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် ၀ယ်ယူရန် ၂၀၁၁ ခုနှစ်တွင် ကမ်းလှမ်းခဲ့ပြီး မြန်မာ့မီးရထားမှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လှူဒါန်းရန် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးမှ လှူဒါန်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက ၂၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်နိုင်ငံလုပ် ၁၉ ရာစု မီတာဂိတ် ရေနွေးငွေ့ စက်ခေါင်းနှစ်လုံးကို တရုတ်နိုင်ငံသို့ လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံက ချစ်ကြည်ရေး လက်ဆောင်အဖြစ် လူစီးတွဲ၊ စားသောက်တွဲ၊ စာတိုက်တွဲအပါအ၀င် တွဲပေါင်း ၁၃၀ ကို ပြန်လည်လှူဒါန်းခဲ့သည်။

တရုတ်သို့ လက်ဆောင်ပေးလိုက်သော ရှေးဟောင်းရေနွေးငွေ့ ရထားစက်ခေါင်းကို လားရှိုး၌တွေ့ရစဉ်။ ဓာတ်ပုံ- ခွန်ဇော်ဦး
 From -7DayNewsJournal

No comments:

Post a Comment