Friday, September 7, 2012

ပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့နယ်၊ဈေးပိုင်းရပ်ကွက် အမျိုးသားဒီမိုကရေစီရုံးခန်းဖွင့်ပွဲ

From- 88 Generation Students

၇၊၉၊၂ဝ၁၂ နေ့၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၊သနပ် ပင်မြို့နယ်၊ဈေးပိုင်းရပ်ကွက် အမျိုးသားဒီမိုကရေစီရုံးခန်းဖွင့်ပွဲ သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသား များဖြစ်ကြသော ကိုမာကီ၊ကိုသိန်းသန်းထွန်း(စမ်းချောင်းကိုကိုကြီး)၊ ကိုဇော်ဇော်မင်း၊မသက်သက်အောင်နှင့်လူ့အခွင့်အရေး လှုပ်ရှားေ ဆာင်ရွက် သူမစုစုနွေးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် မသက်သက်အောင်က ၈၈မျိုးဆက်ကျောင်းသား များပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး၊ကိုမာကီက နှုတ်ဆက်စကား ပြောကြားခဲ့သည်။ 
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားများသို့ လှူဒါန်းသောငွေ ငါးသောင်းကျပ်နှင့် ပရဟိတတံဆိပ်ရိုက်လုပ်ငန်းမှ ၈၈မျိုးဆက်ကျောင်းသားများမှတစ်ဆင့် ပေးပို့ခဲ့သော အင်္ကျီအထည် ၁ဝဝ ကိုသနပ်ပင်မြို့နယ် အတွင်းရေဘေးဒဏ်ခံစားနေရသောပြည်သူများသို့ ထပ်ဆင့်လှူဒါန်းခဲ့ကြပါသည်။


No comments:

Post a Comment