Sunday, September 2, 2012

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့မှ ပြည်ပနှင့် ပူးပေါင်းကာ သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ အတွက် ကိုရီးယား ကုမ္ပဏီ တစ်ခုနဲ့ MoU နားလည်မှု စာချွန်လွှာ ရေးထိုး ထားတယ်လို့ သိရပါတယ်။ အခုလို Gas တာဘိုင် ဆောက်လုပ်ဖို့ အတွက် သာကေတမြို့နယ်မှာ လက်တွေ့ လုပ်ဆောင်ဖို့ နေရာများနဲ့ နည်းပညာပိုင်း များကို လေ့လာနေ တယ်လို့ သိရပါတယ်။ အခုလို သာကေတ မြို့နယ်မှာ သဘာဝ ဓာတ်ငွေ့ တာဘိုင် ဆောက်လုပ် ပြီးပါက လျှပ်စစ်စွမ်းအား မဂ္ဂါဝပ် ၅၀၀ ထုတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်နဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ဖို့ ကိုလည်း လှော်ကား ဘက်မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာ ရေအား လျှပ်စစ် ကိုသာ အဓိကထား အသုံးပြုနေ သော်လည်း သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံများ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ ကိုလည်း MoU ထိုးပြီး လုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင် လျက်ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment