Sunday, September 16, 2012

ဘိုလစ်ဗီးယား၊ ဗင်နီဇွဲလားနှင့် မြန်မာတို့ မူးယစ်ဆေးဝါးနှိမ်နင်းရန် ပျက်ကွက်ဟု ဝါရှင်တန်ပြောကြား

(Business Recorder မှ 15 September 2012 ရက်စွဲပါ“ Bolivia Myanmar, Venezoela Failing drug wav:US” သတင်းကို ဘာသာပြန်ဆိုသည်)
အမေရိကန်ပြည်ထောင်စုက မြန်မာ၊ ဘိုလစ်ဗီးယားနှင့် ဗင်နီဇွဲလားနိုင်ငံများကို မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့်ပတ်သက်သည့် နာမည်ပျက်စာရင်းတွင် ဆက်လက်ထည့်သွင်းထားသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနယ်ပယ်တွင် အကူအညီရယူရန် စိတ်ဝင်စားမှုကိုပြသနေသည်ဟု သောကြာနေ့က ပြောကြားလိုက်သည်။

ဝါရှင်တန်ကသတ်မှတ်သော နာမည်ပျက်စာရင်းတွင် အဆိုပါ ၃ နိုင်ငံစလုံး ၄ နှစ်ဆက်တိုက်ပါဝင်ခဲ့ကြသည်။ သို့သော် ၂၀၀၂ ခုနှစ်မှစ၍ နာမည်ပျက်စာရင်းတွင်ပါဝင်ခဲ့သော ကမ္ဘာ့ဒုတိယဘိန်းအများဆုံးထုတ်လုပ်သူ မြန်မာနိုင်ငံသည် ယခုနှစ်တွင် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုတွင် သိသိသာသာပူးပေါင်းပါဝင်လာခဲ့သည်ဟု သမ္မတဘားရက်အိုဘားမားအစိုးရက ထုတ်ဖော်ပြောကြားသည်။
မြန်မာအာဏာပိုင်များသည် မနှစ်ကထက်ဘိန်းစိုက်နယ်မြေ ၃ ဆပိုမို ဖျက်ဆီးပစ်ခဲ့ကြသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမှတာဝန်ရှိသူများနှင့်လည်း ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာဌာန UNODC နှင့်လည်း ထိတွေ့ဆက်ဆံဆောင်ရွက်လျက်ရှိသည်။
သို့သော်လည်း မြန်မာတို့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြိုးပမ်းမှုသည် နိုင်ငံတကာစံနှုန်းများကို ပြည့်မှီခြင်းမရှိသေးဟု သမ္မတအိုဘားမားက ပြောကြားသည်။ သို့သော်ငြားလည်း မြန်မာအစိုးရ၏ ပြသပြီးဆောင်ရွက်ချက်များနှင့် ဘိန်းကင်းစင်ရေးကတိကဝတ်များက အမျိုးသားရေးဘိန်းတိုက်ဖျက်သူအဖြစ် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုကယုံကြည်ရန် အကြောင်းညီညွတ်မှုရှိစေသည်ဟု ဆက်လက်ပြောကြား၍ မြန်မာ့ဘိန်းနှိမ်နှင်းမှုကို အမေရိကန်က ဆက်လက်ကူညီပံ့ပိုးမည်ဖြစ်ကြောင်း ရည်ညွှန်းပြသခဲ့သည်။
ဝါရှင်တန်သည် ယခင်ကတပ်မတော်အစိုးရအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံနှင့် မနှစ်ကအထိ ဘိန်းတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပေ။
ဘိုလစ်ဗီးယားနှင့် ဗင်နီဇွဲလားနှစ်န်ုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်မှု ပျက်ကွက်နေသော်လည်း ယင်းတို့ကို အကူအညီ ထပ်မံပေးခြင်းသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် အရေးကြီးသည်ဟု သမ္မတ အိုဘားမားက ပြောကြားသည်။
တောင်အမေရိက ဗင်နီဇွဲလားနိုင်ငံသည် ကိုလံဘီယာနှင့် နယ်စပ်ခြင်းတိုးလျှိုပေါက်နေပြီး တရားရေးစနစ်အားနည်းခြင်း၊ နိုင်ငံတကာ မူးယစ်ဆေးနှိမ်နှင်းမှုတွင် ပြတ်ပြတ်သားသားမပါဝင်ခြင်း၊ အဂတိလိုက်စားခြင်းများကြောင့် တောင်အမေရိကန်တိုက်၏ မူးယစ်ဆေးဝါးမှောင်ခို လမ်းကြောင်းတစ်ခုဖြစ်နေသည်ဟု အိုဘားမားက ဆိုသည်။ အမေရိကန်ဆန့်ကျင်သူ လက်ဝဲယိမ်း ဟူဂိုးချာဗက်စ်အစိုးရသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို တရားဝင်အားပေးခြင်းမရှိသော်လည်း တာဝန်ရှိသူအချို့ပါဝင်ပတ်သက်နေကြောင်း ခိုင်မာသောအထောက်အထားများ ရရှိထားသည်ဟု အိုဘားမားက ပြောကြားသည်။
အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ကိုလမ်ဗီးယားနိုင်ငံမှ အောင်မြင်မှုအချို့ကို အိုဘားမား၏အစီရင်ခံစာတွင် ချီးကျူး ထားသော်လည်း နိုင်ငံတကာမူးယစ်ဆေး နှိမ်နှင်းရေးကြိုးပမ်းမှုများတွင် မဖြစ်စလောက်သာပါဝင်ခဲ့သည်ဟု ထောက်ပြဝေဖန်ထားသည်။
မူးယစ်ဆေးဝါးစီးဆင်းမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဘိုလစ်ဗီးယားအကြီးတန်းတာဝန်ရှိသူများ ဖမ်းဆီးခံရခြင်းကိုလည်း သမ္မတအိုဘားမား၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။
အမေရိကန်မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒချမှတ်ရာတွင် အထောက်အကူပြုစေရန်ထုတ်ပြန်သော သမ္မတ၏ ၂၀၁၂ မူးယစ်ဆေးဝါး အစီရင်ခံစာတွင်ပါရှိသော မူးယစ်ဆေးဝါးဆိုင်ရာ နာမည်ပျက်စာရင်း၌ အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ မက္ကဆီကိုတို့နှင့်အတူ မြန်မာ၊ ဗင်နီဇွဲလား၊ ဘိုလစ်ဗီးယားနိုင်ငံများ ပါဝင်နေသည်။

From -TransparencyMyanmar blog

No comments:

Post a Comment