Monday, September 17, 2012

တရုတ်နဲ့ ဂျပန်ကြား စစ်ဖြစ်နိုင်လို့ အမေရိကန်ပြော


တောင်တရုတ်နဲ့ ​အရှေ့တရုတ်ပင် လယ်ပြင်မှာ ​တရုတ်နဲ့ ​ဂျပန်နှစ်နိုင်ငံကြား  ​ပိုင်ဆိုင်မူ ​ဆက်လက် ​အငြင်းပွားနေကြမယ် ဆိုရင် ​နှစ်နိုင်ငံကြား ​စစ်တောင်ဖြစ်လာနိုင် တယ်လို့ ​အမေရိကန် ကာကွယ်ရေးဝန်ကြီးက ​သတိပေးလိုက်ပါတယ်။

တောင်တရုတ်နဲ့ ​အရှေ့တရုတ်ပင်လယ်ပြင်က ​ကျွန်းတွေကို ​တရုတ်နဲ့ဂျပန်တို့က ​ပိုင်ဆိုင်မူ ​အငြင်းပွားနေပြီး ​နှစ်ဖက်စလုံးက ​တဦးပေါ်တဦးရန်စတဲ့အပြုအမူတွေ ​လုပ်နေတဲ့အတွက် ​စစ်ဖြစ်နိုင်ပြီး ​တခြားနိုင်ငံတွေပါ ​ပါဝင်လာတဲ့အထိ ​ပြဿနာရှိနိုင်တယ်လို့ ​အမေရိကန်ကာကွယ်ရေးဝန်ကြီး  ​Leon ​Panetta ​က ​ပြောသွားတာဖြစ်ပါတယ်။

ပိုင်ဆိုင်မူအငြင်းပွားနေတဲ့ ​ကျွန်းကို ​ဂျပန်က ​ဝယ်ယူမယ်လို့ပြောပြီးနောက်ဂျပန်ကို ​ဆန့်ကျင်တဲ့အနေနဲ့ ​တရုတ်နိုင်ငံမှာ ​ရက်ဆက်ဆိုသလို ​ဆန့်ကျင် ဆန္ဒပြမူတွေ ​လုပ်နေပါတယ်။

ဂျပန်ကို ​ဆန့်ကျင်တဲ့ဆန္ဒပြမူတွေ ​တရုတ်နိုင်ငံတလွှားမှာ ​ဖြစ်နေတဲ့အတွက်တရုတ်နိုင်ငံတွင်းရှိ ​ဂျပန်နိုင်ငံသားတွေနဲ့ ​ဂျပန်စီးပွားရေးတွေကို ​လုံခြုံရေးအပြည့် အဝပေးဖို့ ​ဂျပန်အစိုးရက ​တရုတ်အစိုးရကို ​ပြောလိုက်ပြီးနောက် ​အမေရိကန်နိုင်ငံက ခုလို ​သတိပေးချက်တွေ ​ပြောဆိုလိုက်တာဖြစ် ပါတယ်။

မြို့ကြီး ​၈၀ ​ကျော်က ​ဆန္ဒပြတရုတ်ပြည်သူတွေက ​ဂျပန်လူမျိုးတွေ ​ဂျပန်နိုင်ငံကို  ​ပြန်ဖို့ ​ပြောဆိုနေပြီး ​စနေနေ့တုန်းက ​ဂျပန်သံရုံးကို ​ကျောက်တွေ၊ ​ရေဗူးတွေ  ​ကြက်ဥတွေနဲ့ ​ပစ်ပေါက်ပြီးနောက် ​လုံခြုံရေးတွေ ​တင်းကြပ်ထားပါတယ်။

တချို့မြို့တွေမှာတော့ ​ဂျပန်နိုင်ငံနဲ့ ​ဆက်စပ်မူရှိတဲ့ ​ဈေးဆိုင်ကို ​ဝင်ရောက် လုယူမူတွေနဲ့ ​ကားရောင်းဝယ်ရေးဌာနတခုကို ​မီးရှို့ဖျက်ဆီးမူတွေ ​လုပ် ခဲ့ကြောင်းလဲ ​သိရပါတယ်။
 
From- BBC
 
 

No comments:

Post a Comment