Saturday, September 22, 2012

မန္တလေး မြို့တော်ဝန် ဆန္ဒပြနေသူများကြားပိတ်မိနေ

စက်တင်ဘာလ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင်  မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ကျူးကျော်အိမ်ယာတွင်နေထိုင်ကြသူများက လာရောက်ေ တွ့ဆုံေ ဆွးနွေးသောမြို့တော်ဝန်အား ၀ိုင်းဝန်း ပိတ်ဆို့ကာ ဆန္ဒပြလျက်ရှိကြောင်း သိရှိရသည်။
မန္တလေးမြို့တော်ဝန်က ပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင်ဒေသခံများအား သွားရောက်ေ တွ့ဆုံခဲ့ခြင်းဖြစ်သည်။
“မြို့တော်ဝန်ကို မြေနေရာ ပေးဖို့ ၀ိုင်းတောင်းဆိုကြတာပါ`“ဟု အဆိုပါဒေသခံတဦးက ပြောသည်။

အဆိုပါ  တွေ့ဆုံမှု အပြီးတွင်မြို့တော်ဝန်နှင့် အဖွဲ့အား ဒေသခံတစ်ထောင်ခန့်က ၀ိုန်းရံဆန္ဒပြကြပြီး
မြို့တော်ဝန်ကား မထွက်နိုင်ရန် လမ်းပိတ်ထားခဲ့ကြောင်း  သိရှိရသည်။

အဆိုပါ မြို့တော်ဝန်အား ၀န်းရံပိတ်ဆို့ထားသော ဒေသခံများအားလုံခြုံရေးယူထားသော လုံထိန်းများမှ အတင်းဖယ်ရှားခဲ့သော်လည်း ယခုအချိန်ထိနေ့လည် ၂နာရီခွဲအချိန်ထိ  ဒေသခံများက ဆက်လျက်ပိတ်ဆို့ထားခဲ့ကြောင်းဒေသခံများထံမှ သိရှိရသည်။

ပုသိမ်ကြီးမြို့နယ်တွင်းရှိ ကျူးကျော်မြေများအားဖယ်ရှားခိုင်းခဲ့သောကြောင့် အဆိုပါ ပြဿနြာ ဖစ်ပွား ရခြင်းဖြစ်ကြောင်း သိရှိရသည်။
 
From -မြစ်မခ

No comments:

Post a Comment