Wednesday, September 5, 2012

ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းတွင် ၂၄ နာရီ ဝယ်ယူနိုင်တော့မည်

ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းတွင် ၂၄ နာရီ ဝယ်ယူနိုင်တော့ မည်မိုဘိုင်းဖုန်း များအတွက် ကြိုတင် ငွေဖြည့်ကဒ် များကို အွန်လိုင်းတွင် အချိန်ပြည့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Myanmar Soft Gate Technology မှ ကိုရန်နောင်စိုး၏ ပြောကြားချက်အရ သိရသည်။ ကြိုတင်ငွေဖြည့် ကဒ်များကို အွန်လိုင်းမှ ဝယ်ယူလိုသူများသည် http://www.Prepaidcard. com.mm/ မှတစ်ဆင့် လိုအပ်သော ငွေ ဖြည့်ကဒ်များအား ဝယ်ယူနိုင် မည်ဖြစ်သည်။ သို့သော် ဝယ်ယူလိုသူများ သည် ဝက်ဘ်ဆိုဒ်တွင် အွန်လိုင်းမှငွေပေးချေမှု စနစ်အတွက် MyanPay အကောင့်ရှိသူများသာ အသုံးပြုနိုင်မည်ဖြစ်သည်ဟု ကိုရန်နောင်စိုးက ပြောသည်။

“အခုတော့ ဝယ်လို့မရသေးပါဘူး။ နောက်လ ၁၅ ရက်နေ့မှာ အစ်ကိုတို့ ဝက်ဘ်ဆိုဒ်မှာ ဝယ်လို့ရပြီဆိုတာ ကြော်ငြာမှာပါ။ အခု လောလော ဆယ်မှာတော့ ငွေဖြည့်ကဒ်တွေ ကိုပဲ ရောင်းပေးသွား မှာပါ။ နောက်ပိုင်းမှာ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ iTune Card တွေ ကိုပါ ဒီဝက်ဘ်ဆိုဒ် မှာ ရောင်းချပေးသွားမှာပါ။ ငွေပေးချေမှုစနစ်အ တွက်Myan Pay Online Payment စနစ်ကို အသုံးပြုထားပါ တယ်” ဟုထိုဝန်ဆောင်မှုကိုစီစဉ်သော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Online တွင် ဝယ်ယူသူတွေ အနေဖြင့် Myan Pay တွင် ငွေပေးချေပြီးသည့်အခါ ဝယ်ယူသူရဲ့Email အကောင့်တွင် Prepaid Card ၏ အချက်အလက်တွေကို ချက်ချင်းရရှိမည်ဖြစ်သည်။ ထို့အပြင် ၄င်းဝက်ဘ်ဆိုဒ်မှာ ရောင်းချသည့် Prepaid Card များ၏ ဈေးနှုန်းကို အပြင်မိုဘိုင်းဖုန်း အရောင်းဆိုင် များထက် သက်သာသည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု ဆိုသည်။

No comments:

Post a Comment