Wednesday, September 12, 2012

နေပြည်တော်မှ ၀န်ကြီးလေ့ကျင့်ရေးကျောင်းရှိလားဟု တင်စားခဲ့သော အမေး/အဖြေ

ကျွန်တော်က ဧရာဝတီတိုင်းဒေသ ကြီးပန်းတနော်မဲဆန္ဒနယ် (ဦးမန်းမောင် မောင်ဉာဏ်)ဖြစ်ပါတယ်။ ကျွန်တော့် မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ရက် (၁၀) ရက်ရှိပါပြီ။ အစည်းအဝေးမလုပ်ခင်တစ် ရက်ကြိုပြီးကျွန်တော်တို့ကမေးခွန်းတင်ထား ပါတယ်။ကျွန်တော်မေးခွန်း (၄) ခုတင် ထားပါတယ်။ အခုမှပဲ ဒီမေးခွန်းကပေါ် လာပါတယ်။ ပထမမေးခွန်းကတော့ ကျွန်တော့်တို့ရဲ့ ရှေ့ကတစ်ယောက်မေး သွားလိုက် ဖြေသွားလိုက်တစ်ယောက်က တက် သွားလိုက်ပါသွားပြီးတစ်ယောက် ဟာ- တစ်ခါပါသွားပြန်ပြီး ကျွန်တော်က ရုံးမှာသွားဖျက်တယ်။နောက် တစ်ယောက်က မေးလိုက်ပါသွားလိုက်ဒီ မေးခွန်းက
လက်ကျန်မေးခွန်းလေးဖြစ်နေ တယ်။ အဲဒီတော့ဒီလက်ကျန်မေး ခွန်းလေးကိုကျွန်တော်မေးပါမယ်။ ကျွန်တော်တို့မေးခွန်းတွေကလည်း Procedure  အရပြောရရင်တော်တော် ကြာတယ်။ ကျွန်တော်တို့ထင်တယ်၊ တင်တဲ့ဟာတွေကို  ၀န်ကြီးဌာနကို သွားတယ်။ ၀န်ကြီးဌာနက သဘောတူမှ ပြန်လာတယ်။ ပြန်ဖြေရတယ်ဆိုတော့ ဏမသခနိကမန တွေက တော်တော်ကြာတယ်။  ကျွန်တော်လေ့လာလို့ရသလောက်အရင် လွှတ်တော်တွေမှာတော့ ဟိုးအရင် တုန်းက ဆိုရှယ်လစ်ခေတ်မှာရော၊ ဖဆပလခေတ်မှာရောဝန်ကြီးတွေက အကုန်လုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အခါမှာ ဒီလိုလွှတ်တော်ထဲမှာ တန်းထိုင်၊ တန်းရွေးပြီးတန်း ဖြေကြတာပဲ။ မသိရင်လည်း ဒါမသိသေးဘူး။ မနက် ဖြန်ပြန်ဖြေတယ်။ အဲဒီတော့ လွှတ်တော် တစ်ရက်တစ်ရက်ကို မေးခွန်းကအများ ကြီးပြီးသွားတယ်။ အဲဒီလိုရှိတယ်။ အခု ကတော့ ကျွန်တော်တို့က ဟိုကပြန်လာမှ ပြန်ဖြေရတဲ့အခါကျတော့ လွှတ်တော်မှာ မေးခွန်းတွေက ကြာကြာနေတယ်။ အဲဒါမျိုး တွေ တွေ့နေရပါတယ်။ပြီးတော့ ကျွန်တော်တို့ဝန်ကြီးတွေကလည်း ဟိုနေ့ က ကြားလိုက်တာပေါ့လေ။ချက်ချင်းဖြေဖို့ ရာအခက်အခဲရှိမယ်ထင်တယ်။ ဟိုနေ့က ကျွန်တော်တို့ သမ္မတရုံးဝန်ကြီးပြောသွား တာကြားလိုက်တာကတော့ ၀န်ကြီးတွေကို လေ့ကျင့်ပေးရတယ်ဆိုတာအဲဒါကြားလိုက် တယ်၊ အဲတော့ ကျွန်တော်တို့က ၀န်ကြီး တွေလေ့ကျင့်ပေးရတယ်ဆိုတော့ကျွန်တော် စဉ်းစားတယ်ဒီဟာတွေက ကျွန်တော်တို့ နေပြည်တော်မှာ ၀န်ကြီးလေ့ကျင့်ရေး ကျောင်းများရှိသလားတော့မပြောတတ်ဘူး။  အဲဒီလိုလည်းရှိတယ်၊ အဲဒီတော့ မေးခွန်း  တွေကကြာနေတယ်။ အဲဒီလိုဖြစ်နေ တယ်၊ ဒါကြောင့်မို့လို့မေးခွန်းတွေလည်း  မကြာအောင် ထိထိရောက်ရောက်လည်း ဖြစ်အောင် နည်းလမ်းတွေကို ကျွန်တော်   တို့က စဉ်းစားရမယ်ထင်တယ်။ ပြီးတဲ့အခါ ကျတော့ ဒီကနေ့မှာ လွှတ်တော်နဲ့ ပတ်သက် ပြီးတော့ လူတွေအများကြီးစိတ်ဝင်စား တယ်။ တော်တော်ကို စိတ်ဝင်စားတယ်။ နည်းနည်းနောနောမဟုတ်ဘူး။ ကျွန်တော် တို့ဒီကပြန်သွားပြီဆိုရင်နယ်က တယ်လီ ဖုန်းတွေက ဟိုက၀င်ဒီက၀င်၊ ကျွန်တော် တို့မသိတာတွေတောင် သူတို့ကပြောပြ တယ်။ အာဂျင်ဒါတစ်ခုမှာ ဥက္ကဋ္ဌကြီးက တုံးကို နှစ်ချက်ခေါက်သွားတယ်။ကျွန်တော်တို့လည်း မသိလိုက်ပါလားလို့။ မဟုတ်ဘူးတဲ့၊ တုံးနှစ်ချက်ခေါက်သွား တယ်တဲ့။အဲဒီလိုကို လွှတ်တော်အပေါ်စိတ် ၀င်စားကြတာ။ အဲဒီတော့ ကျွန်တော်တို့ ဒီလိုစိတ်ဝင်စားတဲ့အတွက် ကြောင့်မို့ ကျွန်တော်တို့မေးတာတွေဖြေတာတွေကို မြန်မြန်လေးနဲ့ သွက်သွက် လေးပြီးသွားရင် ကျွန်တော်တို့က ဘာဖြစ် သွားမလဲဆိုရင် ခရီးပေါက်သွားမယ်။ မေးတာတွေလည်း ခရီးပေါက်သွားမယ်။ ဖြေတာတွေလည်း ခရီးပေါက်သွားမယ်။ ပြည်ထောင်စုအစိုးရ ကိုမေးတာဖြေတာတိုက်တွန်းတာတွေ လည်း ခရီးပေါက်သွားမယ်။ အဲဒီလို ခရီးပေါက်ဖို့ ကျွန်တော်တို့လိုအပ်ပါတယ်။
ကျွန်တော်မေးခွန်းအနေနဲ့က ကျွန်တော် ဖြစ်စေချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော လူတွေလည်းစိတ်ဝင်စားတယ်။ အကုန်လုံး လွှတ်တော်ကြီးကို အမွေဆက်ခံမယ့် သူတွေ လည်း သိစေချင်တယ်။ ဒါကြောင့်မို့ ကျွန်တော်မေးခွန်းက တော့ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီပါလီမန် ကျင့်သုံးနေသောကာလဖြစ်ပါတယ်။သို့ရာ တွင် တချို့ပါတီများပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သကဲ့သို့တချို့ ပါတီများပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များပါဝင်မှုမရှိသေးတာ တွေ့ရပါတယ်။ ပါတီအားလုံးရဲ့ ပြည်သူ့လွှတ်တော် လုပ်ရပ်အပေါ်မှာအသိအမြင်ထင်သာမြင် သာရှိရန်လည်းလို အပ်လျက်ရှိပါတယ်ဟု ဆိုထားပါသည်။
ပန်းတနော်မဲဆန္ဒနယ်မှ ဦးမန်း မောင်မောင်ဉာဏ်၏ နေပြည်တော်မှာ ၀န်ကြီးလေ့ကျင့်ရေးကျောင်းများရှိနေ သလားဆိုသည့် မေးခွန်းကို ပြည်သူ့ လွှတ်တော်အခွင့်အရေးကော်မတီအတွင်း ရေးမှူးဒေါက်တာစိုးရင်က ပြန်လည်ဖြေ ကြားခဲ့ရာတွင် တက်ရောက်လေ့လာမည် ဆိုပါက သက်ဆိုင်ရာလွှတ်တော်ရုံးသို့  ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ တက်ရောက်လေ့လာနိုင်ကြပါတယ်။ နိုင်ငံရေးပါတီမကပါဘူး။ တခြားသောအဖွဲ့ အစည်းများ ကျောင်းသား/ကျောင်းသူ များ၊ သင်တန်းသူ/သင်တန်းသားများက လည်း လွှတ်တော်ကျင်းပတဲ့ အစည်းအဝေး များလည်း တက်ရောက်လေ့လာမည်ဆို  ရင်လည်း အလားတူပဲ ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး လေ့လာနိုင်ပါကြောင်း ဖြေကြားခဲ့သည်။

စိုးဝင်းနိုင်
From -HotNewsJournal

No comments:

Post a Comment