Monday, September 17, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ မကြာမီ သွားရောက်မည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် (၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲ (နန်နင်း)နှင့် တရုတ်-အာဆီယံရင်းနှီးမြုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် (၁၈-၉-၂၀၁၂)ရက်နေ့မှ (၂၂-၉-၂၀၁၂) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော နန်နင်းကုန်စည်ပြပွဲနှင့် ထိပ်သီး အစည်းအဝေးများတွင် ယခုနှစ်၌ မြန်မာနိုင်ငံသည် Honor Country ဖြစ်သဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံအစိုးရမှ ဖိတ်ကြားချက် အရ လည်းကောင်း သွားရောက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် စက်တင်ဘာလနောက်ဆုံးပတ်တွင် အမေရိကန်ပြည်ထောင်စု သို့ သွားရောက်မည် ဖြစ်ကြောင်း၊ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား မည် ဖြစ်ပြီး နိုင်ငံတကာမှ အကြီးအကဲများနှင့် သီးသန့်တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။
From-  Hmuu Zaw Facebook

No comments:

Post a Comment