တရုတ်ပင်လယ်တွင် တင်းမာမှုများမှာ တိုး၍သာ ဖြစ်လျက် ရှိသည်။ တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံ အချို့၏ တောင်တရုတ် ပင်လယ်တွင်း၌ နယ်မြေ ပိုင်နက် အပြိုင်အဆိုင် တောင်းဆို နေမှုများသည် အငြင်းပွား စရာ များကိုသာ မွေးထုတ် ပေးလျက်ရှိသည်။ ဖြစ်နိုင်ခြေ အရ နည်းသည်ဟု ထင်ရ သော် လည်း ဤတင်းမာမှုများ သည် ပဋိပက္ခ အဆင့်ထိ ရောက်သွားနိုင်သည့် အခြေအနေမျိုး ကိုလည်း တွေ့နေ ရသည်။
လက်ရှိ တင်းမာမှုကြောင့် ဖြစ်လာနိုင်သည့် အခြေအနေမှာ တရုတ် အရှေ့တောင်
အာရှ နိုင်ငံများ အပါအ၀င် ပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်ခြင်း မရှိသော
ပစိဖိတ် သမုဒ္ဒရာ အနားသတ် နိုင်ငံများ အားလုံးအတွက် ဆုံးရှုံးမှုကိုသာ ဖြစ်စေ
ပါလိမ့်မည်။ ပစိဖိတ် သမုဒ္ဒရာ အနားသတ် နိုင်ငံ တစ်ခုတွင် ပါဝင်သော
အမေရိကအတွက် လည်း အေးချမ်း တည်ငြိမ်သော တောင်တရုတ် ပင်လယ် ကသာ အကျိုး
ကျေးဇူးများ ဆောင်ကြဉ်း ပေးနိုင်ပါ လိမ့်မည်။
ယခုကဲ့သို့ တင်းမာမှု ပြင်းထန်နေသော အချိန်ကာလတွင် ပိုင်နက်
အငြင်းပွားမှုကို ဖြေရှင်းရန် အာရုံ စိုက်ခြင်းထက် သံတမန်ရေး
နည်းလမ်းများကိုသာ အဓိက ထားသင့်သည်။ တောင်တရုတ်ပင်လယ် အရေး ဖြေရှင်းရာတွင်
သံတမန် အနေနှင့် တင်းမာမှုဖြင့် တောက်လောင် နေသော အပူကို လျှော့ချရန် အဓိက
အားထုတ် သင့်သည်။ ယင်းနောက် ဤဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး
ခိုင်မာစေရန် အငြင်းပွားနေသည့် နိုင်ငံများ အကြား ယုံကြည်မှု တည်ဆောက်ခြင်း
ဆိုင်ရာ ကိစ္စများကို အကောင်အ ထည် ဖော်ရမည် ဖြစ်သည်။ အငြင်းပွားဖက် နိုင်ငံ
များ သွေးအေး သွားသည့် အခါမှသာ ရေရှည် ကိစ္စဖြစ်သော ပိုင်နက် ပြဿနာ၊
တရားဥပဒေနှင့် ဖြေရှင်းရမည့် ကိစ္စ စသည့် ပြဿနာများ ဖြေရှင်းခြင်းကို
ပိုက်နက်အငြင်းပွားနိုင်ငံများ လုပ် ဆောင်လာနိုင်မည်ဖြစ်သည်။
တောင်တရုတ်ပင်လယ်တွင်း၌ နှစ် ပေါင်း ၄၀ခန့် ရှည်ကြာလှပြီဖြစ်သော
အငြင်းပွားမှုများ အရှိန်မြင့် လာတိုင်း မကြာခဏဖြစ်ပွားလေ့ရှိသော ပဋိပက္ခ
များက ရပ်တန့်ပေးခြင်းဖြင့် အခြေအနေ ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပစိဖိတ်
သမုဒ္ဒရာတွင် တရုတ်က အမှတ်ကိုးခုပါ သော (Nine-dash line) အင်္ဂလိပ်အက္ခရာ “U”
ပုံသဏ္ဌာန်ရှိသည့် ဧရိယာ အကျယ်အ၀န်းကို ၎င်း၏ ပိုင်နက်အဖြစ် ကြေ ညာ
တောင်းဆိုလျက်ရှိသည်။ ယင်းဧရိယာ အရ အခြားနိုင်ငံများနှင့် အငြင်းပွားနေ သော
Paracel နှင့် Spratly ကျွန်းများမှာ တရုတ်၏ အချုပ်အခြာ အာဏာ ပိုင်နက်
အတွင်းရှိသည်ဟု တရုတ်က တောင်းဆို ထားသည်။ ထို့ပြင် ကုလသမဂ္ဂ၏ ပင်လယ်ပြင်
ဥပဒေ အရလည်း အဆိုပါကျွန်းများ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်မှာလည်း တရုတ်၏
ပိုင်နက်ဖြစ်သည်ဟု တရုတ် က ဆိုထားသည်။ ထို့အတူ အဆိုပါ ပင်လယ်ပြင်
ဧရိယာကိုပင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ မလေးရှား၊
ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ကလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် ပိုင်နက်
ဧရိယာကို သတ်မှတ် တောင်းဆို လျက်ရှိသည်။
အာဆီယံနိုင်ငံများ၏ တောင်းဆိုမှုမှာ တရုတ်လောက် ပြင်းထန်ခြင်း
မရှိသော်လည်း ၎င်းတို့၏ ပိုင်နက် ဧရိယာ တောင်းဆိုမှုမှာ တရုတ်နှင့် သာမက
၎င်းင်းတို့ အချင်းချင်းကြားတွင်လည်း တိုးမိ တိုက်မိသည် များလည်း ရှိနေသည်။
ယခု နောက်ဆုံး ဖြစ်ပွားခဲ့သည့် တင်းမာမှုများမှာ တရုတ်နှင့် ဖိလစ်ပိုင် တို့အကြား ဖြစ် ပွားခဲ့ သည့ှ်Scarborough ကျောက်တန်း ဧရိယာနှင့် ပတ်သက်သော တင်းမာမှု ဖြစ်သည်။ အဆို ပါ ကျောက်တန်း ဧရိယာကို တရုတ်နှင့် ဖိလစ်ပိုင် သာမက၊ တရုတ်နှင့် ဗီယက် နမ်တို့က လည်း နိုင်ငံတကာမှ ရေနံ ကုမ္ပဏီများကို ရေနံ လုပ်ခွင့် ပေးရန် အပြိုင်အဆိုင် ဆွဲဆောင် လျက်ရှိသည်။ အဆိုပါ အငြင်းပွားမှုများနှင့် ပတ်သက် ၍ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က လွန်ခဲ့ သော လပိုင်းက ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံ ၀န်ကြီးများ အဆင့် ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများ၏ သဘောထား ထုတ်ပြန် ကြေညာရန် ကြိုးပမ်းခဲ့သော် လည်း မအောင်မြင်ခဲ့ပေ။ ယခုကဲ့သို့ အာဆီယံ နိုင်ငံများ အားလုံး၏ သဘောထား ကြေညာချက် မထုတ်ပြန်နိုင်ခဲ့သည်မှာ အာဆီယံအဖွဲ့၏ ၄၅နှစ် သက်တမ်း အတွင်း ပထမဆုံး အကြိမ်ပင်ဖြစ်သည်။
ယခု နောက်ဆုံး ဖြစ်ပွားခဲ့သည့် တင်းမာမှုများမှာ တရုတ်နှင့် ဖိလစ်ပိုင် တို့အကြား ဖြစ် ပွားခဲ့ သည့ှ်Scarborough ကျောက်တန်း ဧရိယာနှင့် ပတ်သက်သော တင်းမာမှု ဖြစ်သည်။ အဆို ပါ ကျောက်တန်း ဧရိယာကို တရုတ်နှင့် ဖိလစ်ပိုင် သာမက၊ တရုတ်နှင့် ဗီယက် နမ်တို့က လည်း နိုင်ငံတကာမှ ရေနံ ကုမ္ပဏီများကို ရေနံ လုပ်ခွင့် ပေးရန် အပြိုင်အဆိုင် ဆွဲဆောင် လျက်ရှိသည်။ အဆိုပါ အငြင်းပွားမှုများနှင့် ပတ်သက် ၍ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က လွန်ခဲ့ သော လပိုင်းက ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံ ၀န်ကြီးများ အဆင့် ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများ၏ သဘောထား ထုတ်ပြန် ကြေညာရန် ကြိုးပမ်းခဲ့သော် လည်း မအောင်မြင်ခဲ့ပေ။ ယခုကဲ့သို့ အာဆီယံ နိုင်ငံများ အားလုံး၏ သဘောထား ကြေညာချက် မထုတ်ပြန်နိုင်ခဲ့သည်မှာ အာဆီယံအဖွဲ့၏ ၄၅နှစ် သက်တမ်း အတွင်း ပထမဆုံး အကြိမ်ပင်ဖြစ်သည်။
၂၀၁၂ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ ရာထူး ရယူထားသော ကမ္ဘောဒီးယား နိုင်ငံက
တောင်တရုတ် ပင်လယ် အငြင်း ပွားမှုနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများ ၏
အခြေခံမူများ ထုတ်ပြန်ရန် ငြင်းဆို ခဲ့သည်။ ကမ္ဘောဒီးယား၏ လုပ်ရပ်မှာ တရုတ်၏
သြဇာလွှမ်းမိုးမှု မကင်းသည် မှာ ထင်ရှားသည်။ ဤတွင် ကျေးဇူး တင်ထိုက်သည်မှာ
အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး မာတီနာတာလီဂါဝါပင် ဖြစ်သည်။ ၎င်းင်း၏
သံတမန်ရေး ကြိုးပမ်းချက်များ ကြောင့် တောင်တရုတ် ပင်လယ် နှင့် ပတ်သက်၍
အာဆီယံနိုင်ငံများ၏ အခြေခံရမည့် မူဘောင်များနှင့် လိုက်လျောညီထွေ ရှိသည့်
မူခြောက်ရပ် တို့ အခိုင်အမာ ပြောကြားနိုင်ခြင်းဖြင့် အာဆီယံ၏ ဂုဏ်သိက္ခာကို
ဆယ်နိုင်ခဲ့ သည်။
ယခုနှစ် ဇွန်လက ဗီယက်နမ်တွင် ပင်လယ်ရေကြောင်း ဥပဒေတစ်ခု အတည်ပြုခဲ့ရာ
တောင်တရုတ်ပင်လယ် ရှိ Spratly နှင့် Paracel ကျွန်းနှင့် ပတ်သက်၍
အချုပ်အခြာ ပိုင်မှုနှင့် တရား စီရင်ပိုင်ခွင့် ရှိကြောင်း ပါရှိခဲ့သည်။
ဗီယက်နမ်၏ လုပ်ရပ်ကို တရုတ်က အပြင်းအထန် ကန့်ကွက်ခဲ့ပြီး အဆိုပါ ပိုင်နက်
အငြင်းပွားကျွန်းများ အပါအ၀င် Macclesfield ကမ်းခြေနှင့် စတုရန်းမိုင်
၇၇၂ç၀၀၀ ဧရိယာ အားလုံးကို တရုတ် အစိုးရက အုပ်ချုပ်သွားမည် ဖြစ်ကြောင်း
ကိုလည်း ကြေညာ လိုက်သည်။
ယင်း ကြေညာချက်အရ တောင်တရုတ် ပင်လယ်တွင်းရှိ အငြင်းပွား ပိုင်နက်တွင်
တစ်ခု အပါအ၀င်ဖြစ်ေ သာ ၁ ဒသမ ၅ ကီလိုမီတာရှိသည့ှ်Sansha ဆန်ရှာကျွန်း စုကို
မြို့ အဖြစ် သတ်မှတ်၍ ဒေသအစိုးရ တစ်ခုဖွဲ့ကာ တောင်တရုတ် ပင်လယ်ပြင် ကို
စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆန်ရှာကျွန်းစုတွင်
ရုံးစိုက်မည့် မြို့တော်ဝန် တစ်ဦးနှင့် လွှတ်တော် အမတ်များကိုပင် တရုတ်
အစိုးရက ရွေးချယ် ခန့်အပ်ထားပြီးဖြစ် သည်။ ထို့ပြင်
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို လည်း အဆိုပါ ကျွန်းစုတွင်
တပ်စွဲထားမည်ဖြစ် ပြီး တောင်တရုတ် ပင်လယ်ပြင် ကို စောင့်ကြည့် သွားမည် ဖြစ်ကာ
လိုအပ်ပါ က ကာကွယ်မှုများ ပြုလုပ်သွားမည်ဟု တရုတ်အစိုးရ က ကြေညာခဲ့သည်။
တကယ်တမ်း ပြောရလျှင် အထက်ပါ တင်းမာမှုများမှာ တရုတ် အစိုးရ အတွက်ရော၊
အရှေ့တောင်အာရှ ရှိ ပိုင်နက် အငြင်းပွား နိုင်ငံများ အတွက်ပါ အကျိုးမရှိသော
ကိစ္စပင်ဖြစ်သည်။
တရုတ်၏ လုပ်ရပ်များကြောင့် အရှေ့တောင် အာရှ ဒေသနှင့် ကမ္ဘာ့ အလယ်တွင်
ယခုထက်ပို၍ အရေးပါ သော ရေးရာ ကိစ္စများ၌ တရုတ်၏ လွှမ်းမိုးနိုင်စွမ်းကို
အကြီးအကျယ် ထိခိုက်စေသည်။ ဥပမာပြရလျှင် တရုတ်၏ စီးပွားရေး ခွန်အားသည်
တစ်စိတ် တစ်ပိုင်းအားဖြင့် အရှေ့တောင် အာရှနိုင်ငံများနှင့် စီးပွားရေးအရ
ပူး ပေါင်း နိုင်ခြင်းကို မှီလျက်ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများက
ကမ္ဘာလုံး ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ထုတ်လုပ်ရေး ကွန်ရက် ရရှိအောင်
အထောက်အကူ ပေးနိုင်ခဲ့သည်။ တရုတ်အစိုးရ၏ တောင်တရုတ် ပင်လယ် အရေးကိစ္စ အပေါ်
တုံ့ပြန်မှုများက အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းများ
ရရှိထားမှုများ ကို ထိခိုက် သွားစေခဲ့သည်။
တရုတ်သည် ဒေသတွင်း နိုင်ငံ များထဲတွင် မိတ်ဆွေ နိုင်ငံဆို၍ အနည်းငယ်
လောက်သာရှိသည်။ တရုတ်ဝန်ကြီး ချုပ်ဖြစ်လာမည်ဟု ယူဆရသော လက်ရှိ တရုတ်
ဒုတိယ၀န်ကြီးချုပ် လီကီကျင်း က “ကမ္ဘာ့ ပါဝါ အဆင့်ရှိသော တရုတ် နိုင်ငံ
အဆင်ပြေ ချောမွေ့စွာ ဖြစ်လာရန် အတွက် တရုတ်သည် ကမ္ဘာ့နိုင်ငံများနှင့်
ပူးပေါင်း ဆောင်ရွက်ရန် သဘောထားရှိ သည်ဟူ၍ ကမ္ဘာ့ နိုင်ငံများကို
ထင်ရှားအောင် ပြသသင့်သည်” ဟု ပြောကြား ခဲ့သည်။ ၎င်းပြောကြားသည့် ငြိမ်း
ချမ်းသော တရုတ်နိုင်ငံ အဖြစ် ကမ္ဘာ့ အလယ်တွင် ပေါ်ထွက် လာခြင်းသည် တရုတ်၏
နိုင်ငံခြားရေး မဟာဗျူဟာ မှတ်တိုင် ပင်ဖြစ်သည်။ သို့သော် တရုတ် ၏ လတ်တလော
လုပ်ရပ်များမှာ ‘အပြော တစ်မျိုး အလုပ်တစ်မျိုး’ သာ ဖြစ်သည် ဟု အာဆီယံ
နိုင်ငံများက ရှုမြင်လာ ကြသည်။ တောင်တရုတ် ပင်လယ် ပိုင်နက်
အငြင်းပွားမှုနှင့် ပတ်သက်ပါက တရုတ်၏ ရန်လိုသော အပြုအမူများကို သာမက
ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့၏ နောက်ဆုံး လုပ်ရပ်များမှာလည်း အပြစ်တင်
စရာဟု ဆိုနိုင်သည်။ တရုတ်နှင့် ထိပ်တိုက်တွေ့ ဆုံမှုသည် ဗီယက်နမ်နှင့်
ဖိလစ်ပိုင်တို့ အတွက် အကျိုး မရှိနိုင်သကဲ့သို့ ကျန် အရှေ့တောင် အာရှ
နိုင်ငံများကိုပါ အကျိုး မဲ့ ဖြစ်စေမည် ဆိုသည်မှာ ပြောစရာ မလိုအောင်ပင်
ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀အတွင်း အရှေ့တောင် အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်မှု များသည် တရုတ်စီးပွား ရေး ဖွံ့ဖြိုးမှု မှရရှိသော အကျိုးအမြတ်များ များစွာ ပါဝင်နေသည်။ အာဆီယံ နိုင်ငံများရှိ ဖွံ့ဖြိုးဆဲ ထုတ်လုပ်ရေး ကွန် ရက်များ၌ အဓိက ရင်းနှီး မြှုပ်နှံမှုများ အတွက် တရုတ်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန် နေခြင်းကသာ ပိုမို အကျိုး ရှိနိုင်မည် ဖြစ်သည်။ တရုတ်နှင့် ဆက်ဆံရေး အဆင်မပြေခဲ့ပါက အထက်ပါ ကောင်းကျိုးများကို အန္တရာယ် ကျရောက် လာနိုင်သည်။ ပို၍ အရေးကြီး သည်မှာ တရုတ်နှင့် ပိုင်နက် အငြင်းပွား နေသည့် အရှေ့တောင် အာရှ နိုင်ငံများ ကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ပါက အမေရိကကိုပါ စစ်ရေး ပဋိပက္ခထဲ ဆွဲသွင်းခဲ့လျှင် အလွန် ကြီးမားသော အန္တရာယ်ကို ဖြစ်ပွား စေနိုင်ခြင်းပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀အတွင်း အရှေ့တောင် အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်မှု များသည် တရုတ်စီးပွား ရေး ဖွံ့ဖြိုးမှု မှရရှိသော အကျိုးအမြတ်များ များစွာ ပါဝင်နေသည်။ အာဆီယံ နိုင်ငံများရှိ ဖွံ့ဖြိုးဆဲ ထုတ်လုပ်ရေး ကွန် ရက်များ၌ အဓိက ရင်းနှီး မြှုပ်နှံမှုများ အတွက် တရုတ်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန် နေခြင်းကသာ ပိုမို အကျိုး ရှိနိုင်မည် ဖြစ်သည်။ တရုတ်နှင့် ဆက်ဆံရေး အဆင်မပြေခဲ့ပါက အထက်ပါ ကောင်းကျိုးများကို အန္တရာယ် ကျရောက် လာနိုင်သည်။ ပို၍ အရေးကြီး သည်မှာ တရုတ်နှင့် ပိုင်နက် အငြင်းပွား နေသည့် အရှေ့တောင် အာရှ နိုင်ငံများ ကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ပါက အမေရိကကိုပါ စစ်ရေး ပဋိပက္ခထဲ ဆွဲသွင်းခဲ့လျှင် အလွန် ကြီးမားသော အန္တရာယ်ကို ဖြစ်ပွား စေနိုင်ခြင်းပင် ဖြစ်သည်။
ကုန်ကုန်ပြောရလျှင် ယင်းဒေသ ၌ ပဋိပက္ခများ မြင့်မား နေခြင်းသည် ကမ္ဘာ့
နိုင်ငံများကိုလည်း အကျိုးယုတ် စေမည်ဖြစ်သည်။ အထူးသဖြင့် တောင်တရုတ် ပင်လယ်
ရေလမ်းကြောင်းကို အသုံးပြု နေရသော နိုင်ငံများ၊ ပစိဖိတ် သမုဒ္ဒရာ အနားသတ်
နိုင်ငံများနှင့် စီးပွားရေး ဆက်ဆံ နေရသည့် နိုင်ငံများအတွက် အကျိုး
ဖြစ်ထွန်း စေနိုင်မည် မဟုတ်ပေ။ အခက်အခဲ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်
နေရသော ကမ္ဘာ့ စီးပွားရေးမှာ နောက်ထပ် ဖြစ်လာနိုင်သည့် မသေချာ မရေရာမှုကို
ခံနိုင်ဖွယ် ရှိမည် မဟုတ်ပေ။
သဘာဝ သယံဇာတများ မည်မျှ ရှိသည် ဆိုသည်ကို မသိနိုင်သော တောင်တရုတ်
ပင်လယ်ပြင်တွင် ပင်လယ်ပြင်မှ ရရှိနိုင်သော စီးပွားရေး အကျိုးအမြတ်ထက်
ပဋိပက္ခကြောင့် ဆုံးရှုံးသွားမည့် အရှေ့တောင် အာရှနှင့် ကမ္ဘာ့ နိုင်ငံများ၏
အကျိုးစီးပွားမှာ လွန်စွာ ကွာခြားလျက် ရှိ သည်။ တောင်တရုတ် ပင်လယ် ပိုင်နက်
အငြင်းပွားမှုမှာ ယခုအခါတွင် သက်ဆိုင်ရာ ပြည်သူများ၏ မျိုးချစ်စိတ်ကြောင့်
လည်းကောင်း၊ သက်ဆိုင်ရာ စစ်တပ်၏ မြှောက်ပင့် ပေးမှုကြောင့်လည်းကောင်း မီး
အရှိန်မြင့်လျက် ရှိသည်။
တောင်တရုတ် ပင်လယ် ကိစ္စတွင် သက်ဆိုင်ရာ နိုင်ငံ အားလုံး အနေနှင့် ပဋိ
ပက္ခ ချောက်ကမ်း ပါးမှ နောက်သို့ဆုတ် နိုင်ခြင်း သည်သာ အားလုံးကို အကျိုးများ
စေနိုင်မည်ဖြစ်သည်။ ယင်းသို့ပြုလုပ် ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ အကြား
အပြန်အလှန် ယုံကြည်မှု တည်ဆောက်မှသာ ဖြစ်လာနိုင်သည်။ ယခုကဲ့သို့ တရုတ်နှင့်
အာဆီယံ နိုင်ငံများတွင် ပါဝင် သည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကဲ့သို့
“ပါးရိုက်-နားကိုက်” တုံ့ပြန် နေခြင်းမျိုး ကို ရပ်တန်းက ရပ်သင့်ပေသည်။
ခက်ခဲ ကောင်း ခက်ခဲမည် ဖြစ်သော်လည်း ဖြစ် နိုင်ပါက ပဋိပက္ခ မတိုင်မီ
အခြေအနေမျိုး ဖြစ်ေ အာင် ပြန်လည် ကြိုးပမ်းသင့် သည်။ သက်ဆိုင်ရာ နိုင်ငံများ
ကျေနပ်စေမည့် နည်းလမ်းဖြင့် လက်ရှိ ပဋိပက္ခ အခြေအနေကို ပြေလျော့စေမည့် စနစ်
တကျ ဒီဇိုင်း ဆင်ထားသော လုပ်ရပ်များ ကို သတိကြီးကြီး ထား၍ လုပ်ဆောင်ရ
မည်ဖြစ်ပေတော့သည်။
Collision Course in the South China Sea ကို အကျဉ်းချုပ် ဘာသာပြန်ဆိုထားပါသည်။
No comments:
Post a Comment