Thursday, September 27, 2012

သင်တန်းကြေးတစ်သိန်းလျော့၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သင်တန်းဖွင့်

ရန်ကုန် ၊ စက်တင်ဘာ (၂၇ )
EC – Council အသိအမှတ်ပြု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်လက်မှတ်( C | EH )ပေးအပ်သည့်သင်တန်းကို လမည့်လ အတွင်းသင်တန်းကြေး ကျပ်တစ်သိန်းလျော
့ချ၍ ဖွင့်လှစ်ပေး သွားမည်ဟု M.S.T ကွန်ပျူတာသင်တန်းမှ ကိုအောင်ဇော်မြင့်ကပြောသည်။
ယခင်က သင်တန်းကြေးအားကျပ်ငါးသိန်းပေးသွင်းကြရပြီး စာမေးပွဲကြေးအဖြစ် ကန်ဒေါ်လာ ၅၄၅ ထပ်မံပေးသွင်း၍ဖြေဆိုကြ ရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

“အခု( C | EH )အောင်ထားတဲ့သူတွေအားလုံးအတွက် နိုဝင်ဘာမှာ သူ့ထက်မြင့်တဲ့ ဘာသာရပ်ကိုဆက်သွားကြတော့မှာ ၊အောက်တိုဘာ မှာဖြေမယ့်သူတွေကိုလည်းအဲ့ဒီတန်းခွဲသစ်မှာပါသွားစေချင်တယ်။ဒါကြောင့် ဈေးလျော့ပေးလိုက်တာ”ဟု၎င်းကဆိုသည်။

အဆိုပါလက်မှတ်မှာ ယခင်နှစ်နောက်ဆုံးမှစ၍ ကမ္ဘာ့နိုင်ငံများအတွင်း ၀င်ငွေအကောင်းဆုံးအဖြစ်အသိအမှတ်ပြုခံလာရကြောင်းသိရသည်။
“ဒီလက်မှတ်က cisco တို့Microsoft တို့လိုစာမေးပွဲစင်တာတွေ မှာဖြေလို့မရပါဘူး။သူတို့ EC – Councilအသိအမှတ်ပြုထားတဲ့ နေရာ မှာပဲဖြေလို့ရပါတယ်”ဟု M.S.T မှကိုအောင်ဇော်မြင့်ကဆက်ပြောသည်။
EC – Council၏ ကျွမ်းကျင်လက်မှတ်ဆိုက်ဘာလုံခြုံရေးများအား တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထားသည့်အပြင် E – Business ၊ E – Commerce အစရှိသည်တို့၏ ဆိုက်ဘာလုံခြုံရေးတို့အတွက် လည်းတာဝန်ယူလုပ်ဆောင်နေရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရသည်။

သုတလင်း
From -PuplarNewsJournal

No comments:

Post a Comment