Wednesday, September 19, 2012

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည် ညီညွတ်ရေး ရဖို့အတွက် အစိုးရ နဲ့ အတိုက်အခံ ပါတီတွေအကြား အတိတ်က ဒဏ်ရာတွေကို ကုစားပြီး အပြောင်းအလဲတွေကို အတူတကွ လက်တွဲဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က တိုက်တွန်း

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည် ညီညွတ်ရေး ရဖို့အတွက် အစိုးရ နဲ့ အတိုက်အခံ ပါတီတွေအကြား အတိတ်က ဒဏ်ရာတွေကို ကုစားပြီး အပြောင်းအလဲတွေကို အတူတကွ လက်တွဲဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က တိုက်တွန်းလိုက်ပါတယ်။
မနေ့က ဝါရှင်တန်ဒီစီ မြို့တော် နိုင်ငံတကာ ငြိမ်းချမ်းရေး စင်တာမှာဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောခဲ့တာပါ။

အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ ရခိုင်ပြည်နယ်က ပဋိပက္ခ အပြင် မြန်မာအစိုးရ နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ရှိနေသေးတဲ့ အချက်တွေဟာ အမေရိကန် အစိုးရအတွက် စိုးရိမ်စရာ အချက်တွေ ဖြစ်တယ်လို့လည်း မစ္စ Clinton က ထည့်သွင်း ပြောခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ရှေ့ဆက်ပြီး အရှိန်အဟုန် နဲ့ လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုက်သလို တချိန်တည်းမှာ မြန်မာ့ အပြောင်းအလဲတွေဟာ အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သတိပေး ပြောဆိုသွားပါတယ်။
From -RFA

No comments:

Post a Comment