Friday, September 7, 2012

iPhone အသစ် မိတ်ဆက်ခြင်းမပြုမီ Nokia နှင့် Motorola ဖုန်းများ မိတ်ဆက်ပြသ

From- Planet




(Nokia က မိတ်ဆက်လိုက်သည့် Lumia 920)
Appleကုမ္ပဏီက ဆဋ္ဌမမျိုးဆက် iPhoneကို စက်တင်ဘာ (၁၂)ရက်နေ့ တွင် မိတ်ဆက်တော့မည်ဆိုသော သတင်းများ ထွက်ပေါ် လာပြီးနောက် Nokiaနှင့် Motorolaတို့သည် ၎င်းတို့၏ ဈေးကွက်ဝေ စုကို ထိန်းသိမ်းရန် မိုဘိုင်းလ်ဖုန်း အမျိုးအစားသစ်များကို မိတ်ဆက် ပြသလာခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့စမတ် ဖုန်း ဈေးကွက် ကို Samsungနှင့် Appleတို့က အဓိက ဦးဆောင်နေပြီးနောက် Nokiaနှင့် Motorolaတို့မှာ ပိုမို ရုန်းကန်လာရသည်။
HTCနှင့် Blackberryတို့ကဲ့သို့ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများကလည်း သီးခြား ဈေးကွက်ဝေစုများ ရယူထားရာ Motorolaနှင့် Nokiaတို့သည်လည်း အမီလိုက်ရန် ခြေလှမ်းကျယ်ကျယ် လှမ်းနေရခြင်း ဖြစ်သည်။ ယခုအခါ Motorolaသည် စမတ်ဖုန်း အမျိုးအစားသစ် (၃)မျိုးကို ၎င်း၏ Razrမျိုးဆက် ဖုန်းများအဖြစ် ထုတ်လုပ်ကြောင်း ကြေညာခဲ့သည်။ ယခုဖုန်းသစ်များမှာ Driod Razr HD၊ Driod Razr Mနှင့် Driod Razr Maxx HDတို့ ဖြစ်ကြပြီး အားလုံးကို Google၏ Andriod OS  အသုံးပြုထားသည်။ Motorolaက ၎င်းတို့၏ ဖုန်းသစ်များတွင် 4Gကွန်ရက် ချိတ်ဆက်မှုနှင့် ဘက်ထရီ သက်တမ်းတို့ကို မြှင့်တင် ထည့်သွင်းပေး ထားကြောင်း ဆိုသည်။
ဖင်လန်အခြေစိုက် Nokiaကမူ ဈေးကွက်အတွင်း Apple၏ iOSကို အဓိက ဖိအားပေး ယှဉ်ပြိုင်နေသော Androidကို မရွေးချယ်ရန် ဆက်လက် ခေါင်းမာနေဆဲဖြစ်ပြီး Microsoftနှင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့် Lumia 920သည် Windows OSသုံး ဖုန်းအဖြစ် ဈေးကွက်ထဲ ရောက်ရှိလာမည် ဖြစ်သည်။ ယင်းဖုန်းတွင် Nokia၏ PureView ကင်မရာ နည်းပညာကို ထည့်သွင်းထားပြီး ဖုန်းကို အားသွင်းရာတွင်လည်း ကြိုးဖြင့် ချိတ်ဆက်စရာ မလိုဘဲ သီးခြားစီစဉ်ထားသည့် အခင်းတစ်ခုပေါ် တင်ထားရုံနှင့် အားပြန်ပြည့်မည်ဖြစ်သည်။ Nokiaသည် ဈေးနှုန်း သင့်တင်သည့် Lumia 820 အမျိုးအစား စမတ်ဖုန်း အသစ်ကိုလည်း ဗုဒ္ဓဟူးနေ့ က ယေဘုယျ အခြေအနေမျိုးဖြင့် မိတ်ဆက် ပြသသွားခဲ့သေးကြောင်း သိရှိရသည်။




No comments:

Post a Comment