Tuesday, September 4, 2012

ဈေးပြိုင်စနစ်(Open Tender) ကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

ဈေးပြိုင်စနစ် (Open Tender) ကို နိုင်ငံတကာ အဆင့်အတန်း အထိဖြစ်အောင် လေ့လာနေပြီး လုပ်လည်း လုပ်ဆောင်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုး၏ နိုင်ငံတော် အဆင့် စီမံကိန်းများနှင့် အစိုးရပရောဂျက် များ၊ ဒေသန္တရစီမံကိန်းနှင့် ပရောဂျက်များတွင် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ ကို လုပ်ငန်း အပ်နှံဆောင်ရွက်ရာ၌ ကုမ္ပဏီအစု အဖွဲ့တစ်ခု၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုသာ အများပြည်သူ မသိရှိလိုက်ရဘဲ လုပ်ငန်းအပ်နှံမှုမရှိစေရေး နှင့် ပွင့်လင်းထင်သာမှု ရှိစွာဖြင့် မျှတစွာ ယှဉ်ပြိုင်လျှောက်ထားခွင့် ပြုနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအနေဖြင့် မည်သို့ စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းအား ပြန်လည် ဖြေကြားရာတွင် ထည့်
သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


“ဈေးပြိုင်စနစ် (Open Tender) ဆိုတာက အချက်အများကြီး ပေါ်မှာမှ အခြေခံအချက် လေးခုဖြစ် တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တရားသဖြင့်ယှဉ်ပြိုင်ခြင်း၊ တူညီသောအခွင့်အလမ်း၊ လူတိုင်း ပါဝင်နိုင်မှု၊ အလုံးစုံထင်သာမြင်သာ ရှိစေမှုတွေကို အခြေခံပြီးမှ လုပ်ရတဲ့ လူအများစုသိတဲ့ စနစ်တစ်ခုဖြစ်ပါ တယ်။ ဒါကိုလည်း ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာ အဆင့်အတန်း ထိဖြစ်အောင်လို့ လေ့လာနေဆဲပါပဲ။ လုပ်လည်းလုပ်နေပါတယ်။ အချိန် အများကြီးလိုပါတယ်” ဟု ဦးဆက် အောင်က ပြောကြားခဲ့သည်။

No comments:

Post a Comment