Friday, September 7, 2012

တရုတ် တပ်မတော် PLA ဒုတိယ ဦးစီးချုပ်၏ နေပြည်တော် ခရီးစဉ်

Min_Ag_Hling__Chinaတရုတ်ပြည် လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ဒုတိယ စစ်ဦးစီး ချုပ် General Ma Xiaotian ၏ နေပြည်တော် ခရီးစဉ် သည်  နှစ်ဖက် နယ်စပ် တပ်ဖွဲ့များ ဆက်ဆံရေး တိုးမြှင့်ရေး အစီစဉ် သည်ရှိ ဟု နေပြည်တော် သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါ သည်။
http://www.mwdmedia.net/2012/09/pla-general-ma-xiaotian.html
“ တရုတ်နဲ့ ဗမာကတော့ ပုံမှန် အပြန်အလှန် ဆွေးနွေးပွဲတွေရှိပါတယ်။ သုံးလတကြိမ် ပုံမှန် နယ်စပ် အစည်းအဝေးတွေ သူ့ ဖက်ကိုယ့်ဖက် နေရာ အပြန်အလှန် ဆွေးနွေး ကြတာ ရှိပါတယ်။ ဒါက မဆန်းပါဘူးဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ပြောခွင့်ရသူ ဦးလာနန်းက ဆိုပါသည်။
တရုတ်အစိုးရသည် တရုတ်နယ်စပ်ရှိ ကချင် စစ်ပြေး ဒုက္ခသည်( ၅) ထောင် နီးပါးကို သြဂုတ်လ အကုန်၌ မြန်မာ နယ်စပ်ဖက် သို့ အပြီးတိုင် ရွှေ့ပြောင်း စေခဲ့ပြီးမှ General Ma Xiaotian ၏ နေပြည်တော် ခရီးစဉ် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ပါသည်။ ဤခရီးစဉ်၏ ရည်ရွယ်ထဲမှ နယ်စပ် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်လည်း ရှိပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ အန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ရန် လမ်းကြောင်း (၃) ခု ဖေါက်ထားပါသည်။ ဤလမ်းကြောင်း များထဲမှ ယူနန်ပြည်နယ် တောင်ဂါဟုန်နှင့် ဗန်းမော်လမ်းကြောင်းတွင် KIA တို့၏ လိုင်ဇာ ဌာနချုပ်ကို ဖြတ်သန်း ရပေမည်။ ဤလမ်းကြောင်းကို တွင်ကျယ် စေလိုပါက မြန်မာ အစိုးရက KIA ရှင်းလင်းရေး ဆောင်ရွက် ရပေလိမ့်မည်။ ဤသို့ကြောင့် ဤ ကိစ္စသည် တရုတ်မြန်မာနှင့် KIA တို့၏ အဓိက ပြသနာ တခုဖြစ်ဖွယ် ရှိနေမည်ဟု အကဲခတ်များက သုံးသပ်ပါသည်။
အကယ်၍ အထက်ပါ အစီစဉ်အတိုင်း တရုတ်မြန်မာ နယ်စပ်တပ်များ ဆက်ဆံရေး တိုးမြှင့်ခဲ့သော် KIA နှင့် ထိပ်တိုက် တိုးလေ မလား စဉ်းစားဖွယ်ရာ ဖြစ်ပါသည်။
China_plan009အမေရိကန်သည်၊ ကချင်ပြည်နယ်တွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေး နေကြရသော စစ်ပြေး ဒုက္ခသည် များအား တရုတ် နိုင်ငံထဲ၌ ခိုလှုံခွင့် ပေးရန် အပါဝင် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အစိုးရတို့ အကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် တရုတ် အစိုးရ အနေဖြင့် အားပေး ကူညီရန် တရုတ် အစိုးရထံ ပြီးခဲ့သည့် သြဂုတ်လ (၂၉) ရက်နေ့က တိုက်တွန်းထားကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူ Victoria Nuland က ပြောကြား ခဲ့ပါ သည်။ http://www.phophtaw.org/burmese/index.php/news/local-news/2063-2012-08-31-06-54-38.html
ထို့အပြင် မြန်မာသည် အမေရိကန်တို့၏ Cobra  Gold စစ်ရေး လေ့ကျင်းမှုကို လေ့လာရန် ထိုင်းကာ ကွယ်ရေး ၀န်ကြီးမှ တ ဆင့် ကြိုးစားနေမှုကိုလည်း တရုတ်အတွက် စိုးရိမ်စရာ ရှိနေပါသည်။ ဤသို့ကြောင့် PLA ဒုတိယ ဦးစီးချုပ် ကိုယ်တိုင် နေ ပြည်တော်ကို ရောက်လာခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2021--cobra-gold-.html
ဤသို့ကြောင့် အထက်ပါ ကိစ္စများကို ဆွေးနွေးနိုင်ရန် General Ma Xiaotian ၏ မြန်မာ ခရီးစဉ် ပေါ်ပေါက် လာခြင်း ဖြစ်ဖွယ် ရှိပါသည် ဤကိစ္စများကြောင့် တရုတ်မြန်မာ နှစ်နိုင်ငံ စစ်တပ်အကြား နားလည်မှုရှိရန် လိုအပ်နေသလို KIO အရေးနှင့် ကချင် စစ်ပြေး ဒုက္ခသည် အရေးလည်း ပါဝင်နိုင်ကြောင်း စစ်ရေး အကဲခတ်များက ဆိုနေကြ ပါသည်။

 

No comments:

Post a Comment