Friday, September 7, 2012

မြန်မာ၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်အပေါ် ထိုင်းဝေဖန်

Hero_1_aasထိုင်းနိုင်ငံ ပရထွမ်ဌာနီ ခရိုင်၊ ဖုစ်ထမွန်ထွန် အရပ်၌ အက်ဖီတမင်း စိတ်ကြွ ဆေးပြား (မြင်းဆေး) အလုံးရေ (၃ ဒသမ ၂၉) သန်းခန့်ဖမ်းဆီး ရရှိခဲ့ မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့အား ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ချလိမ်ယူ ဗန်ရွန်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ၌ ပြစ်တင် လိုက်ပါသည်။

“ဆေးပြား တွေကိုတော့ မြန်မာ နိုင်ငံမှာ ထုတ်လုပ် နေတယ်၊ “ဝ” အမျိုးသား သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) လက်နက်ကိုင် အဖွဲ့နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တွေမှာ ပါဝင် ပတ်သက် နေတယ်၊ ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ ပြီးခဲ့ တဲ့ အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ တင်ပြခဲ့ပြီး ပါပြီ၊ မြန်မာ အစိုးရ ဘက်ကတော့ အဲဒီ ထိန်းချုပ် နယ်မြေ တွေဟာ အစိုးရ စစ်တပ် များ၏ အထူး စောင့်ကြည့်မှု ပြုလုပ်နေတဲ့ အနေအထားမှာ ရှိတယ်လို့ ပြန်လည် ချေပခဲ့ပါတယ်” ဟု ယနေ့ ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပိုစ့် သတင်းစာသို့ ပြောကြား ထားပါသည်။
အဆိုပါ ဖမ်းဆီး ရမိမှုမှာ ကာလ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ထိုင်းဘတ်ငွေ သန်းတစ်ထောင်ခန့် ရှိသည်ဟု ဖော်ပြ ထား ပါသည်။
မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် တရုတ် အစိုးရလည်း ပါဝင် ပူးပေါင်း လိုကြောင်း တရုတ်ပြည် လွတ်မြောက်ရေး တပ်မ တော်(PLA) ၏ ဒုတိယ စစ်ဦးစီးချုပ် General Ma Xiaotian ၏ ခရီးစဉ်က ရည်ရွယ် ထားပါသည်။ ထိုင်းနိုင်ငံ ကလည်း မူးယစ် ဆေးဝါး တိုက်ဖျက်ရေးတွင် တရုတ် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာ အစိုးရအား တိုက်တွန်း ထားခဲ့ပါသည်။
မြန်မာနိုင်ငံ၌လည်း  မူးရစ်ဆေးဝါး အန္တရာယ်နှင့် ရင်ဆိုင် လာနေပြီးဖြစ်ကြောင်း မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က သတင်း ဌာနများကို ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြသနာသည် ဒေသတွင်းရှိ အိမ်နီးချင်း နိုင်ငံများ၏ ပူးပေါင်း ပါဝင်မှု မရှိခဲ့ပါက ထိရောက်လိမ့်မည် မဟုတ်ကြောင်း ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်မှု ထိန်းချုပ်ရေး ရုံးမှ လက်ထောက် အတွင်းရေးမှူး Permpong Chavalit ကဆိုပါသည်။
Hero_2_ddc“ကျွှန်တော့် အမြင်ကတော့ ဒုဝန်ကြီးချုပ်ရဲ့ သတိပေး ပြောဆိုချက်က ကျွှန်တော်တို့ရဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေနဲ့ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ အပေါ်မှ ပူးပေါင်း လုပ်ဆောင်ကြဖို့ကို တစ်စုံတစ်ရာ သက်ရောက်မှု မရှိနိုင်ဘူးလို့ မြင်ပါတယ် ” ဟု ပြောဆို ထားပါသည်။
ယခု ထိုင်းနိုင်ငံ၌ ဖော်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကမ်ပိန်းမှာ ယခုလအတွင်း သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်နှင့်အညီ ထိုင်းအစိုးရမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကမ်ပိန်း အသစ်ကို နောက်လ အတွင်း၌ ကြေငြာထုတ်ပြန်သွားဖွယ် ရှိသည်ဟုလည်း ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်မှု ထိန်းချုပ်ရေး ရုံးမှ လက်ထောက် အတွင်းရေးမှူး Permpong Chavalit မှ ပြောကြား ခဲ့ပါသည်။
ထိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် သစ်၌ မူးဆစ်ဆေးဝါး တိုက်ဖျက်ရေး၊ ကာကွယ်ရေး၊ ဒေသတွင်း ရှိ ပြည်သူ လူထု၊ လူ့အဖွဲ့ အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ သုံးစွဲသူများအား ကုသပေးေ ရးနှင့် ပြည်လည် နေရာ ချထားပေးရေး အစီအစဉ် တို့ကို အထူးပြု ဆောင်ရွက်သွား မည် ဖြစ်သည် ဟု ဖော်ပြပါရှိပါသည်။

 ကိုးကား - ဗန်ကောက်ပိုစ့်

No comments:

Post a Comment