.xxxဆိုသော Domainနှင့် ဝက်ဘ်ဆိုက်များ အင်တာနက်တွင် အသုံးပြုလာသည့် (၉)လ သက်တမ်းအတွင်း သိသိသာသာ ဖြစ်ပေါ်လာသည့် လုံခြုံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် ယခုလို Search Engineတစ်ခု ဖန်တီးရခြင်းဟု ICMမှ အမှုဆောင် အရာရှိချုပ် စတူးဝပ် လော်လေက ရှင်းပြခဲ့သည်။
.xxx ဝက်ဘ်ဆိုက်များကို ရှာဖွေသူများသည် အင်တာနက်တွင် Hackerများ၏ Malwareနှင့် ဗိုင်းရပ်စ်များ ထောင်ချောက်ဆင် တိုက်ခိုက်မှုကို ခံရလေ့ ရှိသည့်အတွက် Search.xxx အမည်ရှိ Search Engineကို ICMက ဖန်တီးပေးရန် စိတ်ကူးရလာခြင်း ဖြစ်သည်။ "Pornအတွက် သီးသန့် Search Engineပါ။ ဒီကိစ္စမှာ အငြင်းပွားမှုတွေ ရှိနေမှာကို သိပါတယ်။ ဒါပေမဲ့ လိုအပ်သူတွေလည်း ရှိနေမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်"ဟု လော်လေက ထုတ်ဖော်ပြောကြားသွားခဲ့သည်။
အဆိုပါ Search Engineသည် ကမ္ဘာပေါ်မှာ .xxx သတ်မှတ်ချက်ရှိ ဝက်ဘ်ဆိုက် (၂၁)သန်းကျော်ကို ရှာဖွေပေးနိုင်စွမ်း ရှိမည်ဖြစ်သည်။ ထို့အပြင် ဗိုင်းရပ်စ်နှင့် အခြား နည်းပညာပိုင်းဆိုင်ရာ အဖျက်အမှောင့်များ မဝင်ရောက်စေရန် McAfee ကုမ္ပဏီ၏ လုံခြုံရေး ပစ္စည်းများကို အသုံးပြု ကာကွယ်ထားသည်။ ဝင်ရောက်ကြည့်ရှုသူ၏ ကွန်ပျူတာကို ဗိုင်းရပ်စ် ကူးစက်စေကြောင်း နာမည်ဆိုး ထွက်နေသည့် ဝက်ဘ်ဆိုက်များကို Search Engineက ဖယ်ရှားသွားမည်ဟု သိရသည်။ လော်လေက မိမိတို့သည် Googleနှင့် ပုံစံလုံးဝ ခြားနားသော ဖန်တီးမှု တစ်ခုကို ပြုလုပ်ခြင်းဟုလည်း ရှင်းပြခဲ့သည်။ Googleတွင် လိင်နှင့် ပတ်သက်သော စကားလုံး အသုံးအနှုန်းများကို ပိတ်ပင်လေ့ ရှိသလို အပြာဝက်ဘ်ဆိုက်များကိုလည်း စီစစ်ချန်လှပ်လေ့ ရှိသည်။
"လူကြီးကြိုက် ဇာတ်ကားတွေ ထုတ်လုပ်တဲ့ လုပ်ငန်းဟာ ဘယ်လိုပဲဖြစ်ဖြစ် ကြီးထွားလာပါတယ်။ Googleက သူ့အမြင်နဲ့ သူ့စံညွှန်းအတိုင်း ရပ်တည်တာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း .xxxတွေအတွက် Search Engineတစ်ခု လိုအပ်လာနေပြီ မဟုတ်လား"ဟု လော်လေက ပြောကြားသွားသည်။ Search Engineကို အသုံးပြုသူများ၏ Privacyကို ကာကွယ်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသွားသည်။ အဆိုပါ Search Engineကို နိုင်ငံအချို့တွင်မူ ပိတ်ပင်ဖွယ် ရှိနေကြောင်းလည်း လေ့လာသူများက မှတ်ချက်ပြု သုံးသပ်ထားသည်။
Source: NetworkWorld
No comments:
Post a Comment