Thursday, September 27, 2012

တစ်ပတ်အတွင်း ငါးထောင်တန်ငွေဖြည့်ကဒ် ပစ္စည်းပြတ်သည်အထိရောင်းအားတက်

 ကျပ်(၅၀၀၀)တန် ဖုန်းကြိုတင်ငွေဖြည့်ကဒ် စတင်ရောင်းချသည့် တစ်ပတ်အတွင်းမှာပင် ဈေးကွက်အတွင်း၌ ငါးထောင်တန်ငွေဖြည့်ကဒ်များ မလုံလောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ထုတ်လုပ်သည့် အေးရှမီဂါလင့်ခ်ကုမ္ပဏီက သိရသည်။
 
ကျွန်မတို့ဆီမှာ ၀ယ်လို့မရတော့ဘူး၊ ငါးထောင်တန်ငွေဖြည့်ကဒ်ပဲ၊ ၀ယ်ရင်မရောင်းတော့ဘူး တစ်သောင်းတနနဲ့ တွဲဝယ်မှ ရောင်းတာပါ အေးရှမီဂါလင့်ခ် ကုမ္ပဏီမှ အရောင်းဝန်ထမ်းက ပြောသည်။

 
ထိုကဲ့သို့ တစ်သောင်းတန်ငွေဖြည့်ကဒ်များဖြင့် တွဲရောင်းရခြင်းမှာ ငါးထောင်တန်ငွေဖြည့်ကဒ်များ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း  အဆိုပါကုမ္ပဏီက သိရသည်။
 
ငါးထောင်တန် ဖုန်းငွေဖြည့်ကဒ်များအား တဆင့်ရောင်းချသောဆိုင်များတွင် ကျပ်ငွေ နှစ်ရာ၊ သုံးရာခန့် အမြတ်ယူ ရောင်းချလျက်ရှိကြောင်းကိုလည်း သိရသည်။
 
 “အခုငါးထောင်တန်ငွေဖြည်ကဒ်တွေက ၀ယ်ရခက်နေတယ်၊ ဆိုင်မှာလည်း မလောက်ဘူး။ ကျွန်မတို့ ဝယ်တဲ့ဖုန်းကဒ်တွေမှာ အမြတ်မပါတော့ ပိုရောင်းရတာပါ။ဟု ကမာရွတ်မြို့နယ်ရှိ ဖုန်းငွေဖြည့်ကဒ်ရောင်းသော ဆိုင်တစ်ဆိုင်က ပြောသည်။
 
ငါးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များကို အရောင်(၃)ရောင်ဖြင့် ခွဲ့ခြားထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး GSM ကဒ်တွင် အစိမ်းရောင်၊ 450 MHzတွင် ရွှေရောင်နှင့် 800 MHz တွင် ခဲရောင်တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။
 
ငါးထောင်တန် ဖုန်းငွေဖြည့်ကဒ်များကို ပင်ရင်းအရောင်းဆိုင်များမှ ကျပ်ငွေ ၁ သိန်းဖိုးဝယ်လျှင် (၂၀၀၀)အမြတ်ပေးကာ ယခင်က အမြတ် ကျပ်(၃၅၀၀)ရာ ပေးရကြောင်းကိုလည်း အရောင်းဆိုင်များက သိရသည်။
 
၎င်း ဖုန်းငွေဖြည်ကဒ်များမှာ စက်တင်ဘာလ(၁၈)ရက်နေ့မှစတင်၍ ရတနာပုံကုမ္ပဏီ၊ အီလိုက်ကုမ္ပဏီ နှင့် အေးရှမီဂါ လင့်ခ်ကုမ္ပဏီတို့မှ ရောင်းချခဲ့ခြင်းဖြစ်သည်။
 
 ကျွန်တော်ကတော့ လကုန်ရက်ဆိုတော့ ပိုက်ဆံလည်းမရှိဘူး။  ဆိုင်တွေကအဲ့လို ငါးထောင်တန်ငွေဖြည့်ကဒ် ၀ယ်ရခက်တယ် ပြောတော့ စိတ်တော့ပူမိတယ်ဟု ကမာရွတ်မြို့နယ်နေလူငယ်တစ်ဦးက ပြောသည်။
 
ယခင် တစ်သောင်းတန်ငွေဖြည့်ကဒ်များ စပေါ်ခါစကလည်း တစ်သောင်းလျှင် တစ်သောင်းငါးရာကျပ်ဖြင့် ရောင်းချခဲ့သည်။
 
 ယခုအချိန်တွင်မူ တစ်သောင်းတန်ငွေဖြည့်ကဒ်များအား ကိုးထောင့်ရှစ်ရာကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းကို လည်း သိရသည်။
From -မြစ်မခ

No comments:

Post a Comment