Saturday, September 15, 2012

ရွှေတွံတေးဆရာတော် မအူပင်မြို့  လေးအိမ်စုတွင် SKYNET အင်တာနက်လှူ

ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံတေးဆရာတော် အရှင်ဝါယမသည် ဧရာဝတီတိုင်း၊ မအူပင်မြို့၊ လေးအိမ်စုကျေးရွာ၌ ကျင်းပသော ဒုတိယအကြိမ် ကျေးရွာဖွံ့ ဖြိုးရေးနှင့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး SKYNET ကျပ် ၁၅ သိန်းကို လှူဒါန်းခဲ့ သည်။ဟောပြောပွဲ ဆက်လက်ကျင်းပရာ ရွှေတွံတေးဆရာတော်က သာသနာပြု ဦးဆောင်လူငယ်များအေ နနဲ့ ယဉ်ကျေးမှုထိန်းထိမ်းဖို့  -ကိုယ့်ကိုယ်ကို သာသနာပြုပြီးမှသူများကိုဟောပြောဖို့  - အမှန်တရား ကို မြတ်နိုးဖို့  - ဗုဒ္ဓ၀ါဒဟာ ကိုယ်တိုင်ကျင့်ရတဲ့ဝါဒဖြစ်လို့ သမာဓိအားကောင်းအောင် ကျင့်ကြဖို့ တိုက်တွန်းခဲ့သည်။


အမျိုးဘာသာသနာကို စော်ကားလာရင်လည်း ဘယ်သူ့ ကိုမဆို ခန္တီနဲ့ တီးတီ သင့်သလိုကျင့်ဖို့ အားပေးခဲ့သည်။ ရွာ ၁၅ ရွာမှ ဦးဆောင်လူငယ် ၁၅၀ ခန့် ကို အမှတ်တရ တီရှပ်များ

ရွှေတွံတေး ဆရာတော်က ပေးအပ်ပြီး ရင်းရင်းနှီးနှီး တွေ့ ဆုံခဲ့သည်။
 
From -BurmaVJ

No comments:

Post a Comment