Wednesday, September 12, 2012

မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည် စခန်း ထောက်ပံ့နေသည့် TBBC မြန်မာ၌ အခြေချဖွယ်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁
မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများအား ကူညီထောက်ပံ့မှု ပြုနေသော မြန်မာ-ထိုင်းနယ်စပ် ယာယီ အစည်းအရုံး (TBBC) သည်မြန်မာနိုင်ငံတွင် အခြေချဖွယ် ရှိသည်ဟု သတင်းရရှိသည်။မြန်မာအစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်များကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး စင်တာ ထူထောင်သည့် နည်းတူ TBBC အနေဖြင့်လည်း ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များနေရပ်ပြန်ရေး အတွက် မြန်မာနိုင်ငံအတွင်း၌ အခြေချဖွယ်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် TBBC သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ခေါ် မှုကြောင့် စက်တင်ဘာလ အစောပိုင်းက ရန်ကုန်မြို့သို့ လာရောက်

ခဲ့ပြီး ထိုင်း-မြန်မာနယ် စပ်ရှိ ဒုက္ခသည်စခန်းများ အရေးတွင် မြန်မာအစိုးရ တရားဝင် ပါဝင်ဆောင်ရွက်လာစေရေး ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲအား ၄ ရက်ကြာ ကျင်းပခဲ့ပြီး အစိုးရအကြံ ပေးအဖွဲ့ ဝင်များ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် TBBC က ဒုက္ခသည်များ နေရပ် ပြန်လည် ပို့ဆောင်ရေးကိစ္စအား ကူညီရန် အတွက် မြန်မာပြည်တွင်း၌ အခြေ စိုက်ရန် စဉ်းစားနေပြီဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဒုက္ခသည်စခန်းများ အရေး ၂၈ နှစ်ကြာ လုပ်ဆောင် ခဲ့သော TBBC အနေဖြင့် မြန်မာ ပြည်တွင်း၌ အခြေစိုက်ခြင်းဖြင့် ဆက်ဆံရေးနှင့် ယုံကြည်မှု ပိုမို တည်ဆောက်နိုင်လိမ့်မည်ဟု မျှော် လင့်ကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ်ပြန်ချက်တွင်ပါရှိ သည်။

မြန်မာနိုင်ငံ၌ လက်ရှိအပြောင်းအလဲများ ဖော်ဆောင်နေ မှုကြောင့် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခ သည်များအား နေရပ်ပြန်လည်ပို့ ဆောင်ရေးမှာ များမကြာမီ နှစ်များ တွင် ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု TBBC က သုံးသပ်ထားသော်လည်း နှစ်ဖက်အစိုးရ(ထိုင်းနှင့် မြန်မာ) တို့ ကမူ ယင်းအရေးအား အာရုံစိုက် ထားခြင်းမရှိဘဲ ဒုက္ခသည်များ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံစိတ်ချမှု အပြည့်နှင့် နေရပ်ပြန်လည်ပို့ဆောင် ရေးမှာ အချိန်ကြာ

မြင့်လိမ့်ဦးမည်ဟု ဆိုထားသည်။

TBBC သည်နိုင်ငံ ရှစ်ခုမှအစိုး ရမဟုတ်သော အဖွဲ့အစည်း (NGOs)၁ဝ ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားသည်။ အင်္ဂလန်နှင့် ဝေလတို့တွင် မှတ်ပုံတင်ထားသော TBBC သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးခို လှုံခဲ့ရ သော မြန်မာဒုက္ခသည်များ အရေး ကူညီလုပ်ဆောင်ရန် ၁၉၈၄ ခုနှစ် တွင် စတင်တည်ထောင်ဖွဲ့ စည်းခဲ့ ခြင်းဖြစ်သည်။
 
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment