မြန်မာ့စီးပွားရေးဈေးကွက်
လွတ်လပ်ပွင့်လင်းလာပြီမို့ ပြင်သစ်အခြေစိုက် လော်ရီယယ် ( L'Oreal )
ကုမ္ပဏီ လာမဲ့ ၂၀၁၃ မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့
စီစဉ်နေကြောင်း ပါရီကပေးပို့တဲ့ အေဂျင်စီ သတင်းတစ်ပုဒ်မှာ ရေးထား ပါတယ်။
L'Oreal ကုမ္ပဏီ အာရှ-ပစိဖိတ်ရုံးအကြီးအကဲဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး
မြန်မာနိုင်ငံကို အကြိမ်ကြိမ် သွားရောက်လေ့လာခဲ့ပြီး ဖြစ်ပါတယ်။ L'Oreal
ကုမ္ပဏီဟာ အာရှ-ပစိဖိတ်ဒေသမှာ တတိယအကြီးဆုံး မိတ်ကပ်နဲ့ အလှကုန်ပစ္စည်း
ကုမ္ပဏီဖြစ်ပြီး နှစ်စဉ် ယူရိုငွေ သန်းသုံးထောင်ကျော်ဖိုးလောက်
ရောင်းအားရှိကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။
From-DVB
No comments:
Post a Comment