Thursday, September 20, 2012

ZTEသည် Mozillaက စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် OSစနစ်ကို အသုံးပြုမည့် မိုဘိုင်းလ်ဖုန်း အသစ်အား ရောင်းချသွားမည်

တရုတ်မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ ZTEသည် Mozillaက စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် OSစနစ်ကို အသုံးပြုမည့် မိုဘိုင်းလ်ဖုန်း အသစ်အား ရောင်းချသွားမည်ဟု သိရသည်။ Firefox OSကို အသုံးပြုထားသည့် ဖုန်းအသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက် ထဲ ဖြန့်ချီရန် ZTEကစီမံကိန်း ရေးဆွဲထား သည်။ ZTE၏ ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ်ဒီရှူက ယခုကိစ္စကို Reutersထံ
အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ZTEသည် လတ်တလောတွင် Androidနှင့် Windows OSသုံး ဖုန်းများကိုလည်း ထုတ်လုပ်လျှက် ရှိနေသည်။ ဒီရှူက Firefox OSကို အသုံးပြုထားသော မိုဘိုင်းလ်ဖုန်းများ ထွက်ပေါ်လာခြင်းက ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်အတွင်း OSများ၏ ခွဲဝေနေရာယူမှုကို ပိုမို မျှတလာစေမည်ဟု သုံးသပ်ခဲ့သည်။ Firefox OSနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း အင်တာနက်တွင် ထွက်ပေါ်လာသည့် ပုံရိပ်များအရမူ Android၊ iOSတို့နှင့် အမြင်အားဖြင့် သိသာစွာ ခြားနားကြောင်း သိရှိရသည်။
From -Planet Myanmar Network

No comments:

Post a Comment