Sunday, October 14, 2012

နစက-BGB တွေ့ဆုံဆွေးနွေးပွဲ ယခုလတွင် သုံးကြိမ်မြောက်ရှိပြီ





BGB guardမြန်မာ-ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား ပုံမှန်ချစ်ကြည်ရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ယခုလအတွင်း သုံးကြိမ်မြောက် တွေ့ဆုံဆွေးပွဲ တစ်ခုကို ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။




 ယင်းဆွေးနွေးပွဲကို ဘင်္ဂလာနယ်စပ်ပိုင်နက်ရှိ နတ်ချောင်းဆရီမြို့နယ် စာက်တာလာဒေသ BGB စခန်း အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ တက်ရောက်ဆွေးနွေးခဲ့ကြသူများ အနေဖြင့် နယ်စပ်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ပူးဆောင်ရွက်သွားကြမည့်အရေး၊ ကျူးကျော်ပြီး မှောင်ခိုလုပ်ငန်းများနှင့် ပတ်သက်သူများကို ဖေါ်ထုတ်အရေးယူသွားကြမည့်အရေးနှင့် တပ်ဖွဲ့များအကြား ချစ်ကြည်ရေး အတွက် ပုံမှန်အစည်းအဝေးများကို တိုးမြင့်ပြုလုပ်သွားမည့် အရေး ကိစ္စများအား အပြန်အလှန် ပြောဆိုခဲ့ကြကြောင်း သိရှိရသည်။

ယင်းတွေ့ဆုံပွဲသို့ နစက နယ်မြေအမှတ် ၂ မှ နယ်မြေမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်ပြီး အဖွဲ့ဝင် ၈ ဦးနှင့် ဘင်္ဂလာမှ နတ်ချောင်း ဆရီမြို့နယ် အခြေစိုက် BGB တပ်ရင်းအမှတ် ၁၅ မှ တပ်ရင်းမှူး မာဟ်ဘူဘူရ် ရော်ဟ်မာန် ဦးဆောင်ပြီး ၇ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အောက်တိုဘာအတွင်း နစက-BGB တွေ့ဆုံဆွေးနွေးပွဲများကို ၂ ရက်နေ့ကတကြိမ်၊ ၇ ရက်နေ့က တကြိမ်နှင့် ယခုတကြိမ် ပြုလုပ်ခဲ့ ကြခြင်းဖြစ်ကြောင်းနှင့် မြန်မာ-ဘင်္ဂလာ နယ်စပ်ချင်းဆက်စပ်နေ၍ သက်ဆိုင်ရာ နယ်မြေဒေသအခြေစိုက် တပ်ရင်းများအတွင်း အလှည့်ကျ တာဝန်ရှိ အရာရှိများ အနေဖြင့် ချိန်းဆိုတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
 

No comments:

Post a Comment