ယခုရက်ပိုင်းတွင် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ အဖမ်းခံရသည်ဟု သတင်းများ ကောလာဟလ ပျံ့နှံ့ပြီးနောက် ကမ္ဘောဇဘဏ်မှ ငွေထုတ်မှု ရုတ်တရက် မြင့်တက်ကာ ဘဏ်အတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း ဘဏ်များအသင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ-၂ ဦးသန်းလွင်က "ကျွန်တော်တို့ ဥက္ကဋ္ဌက ရှေ့မထွက်ဘူး။ ဒါကြောင့် အခုလိုမျိုးတွေနဲ့ ကြုံရတာ"ဟုပြောကြားခဲ့သည်။
"ဒီကောလာဟလကို ဖြေရှင်းရာမှာ ဗဟိုဘဏ်နဲ့ မီဒီယာတွေကို အထူးပဲကျေးဇူးတင်ပါတယ်"ဟု ဦးအောင်ကိုဝင်းကဆိုသည်။
ကမ္ဘောဇဘဏ်က ကောလာဟလများကြောင့် ငွေထုတ်ယူမှုများလာစဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ပင် ငွေထုတ်ပေးခဲ့သည်ဟုဆိုသည်။ ထို့အပြင် ပုဂ္ဂလိကဘဏ်များရှေ့တွင်လည်း ဗဟိုဘဏ်က မားမားမတ်မတ်ရပ်ပေးခဲ့ခြင်း၊ မီဒီယာသမားများကလည်း သတင်းမှန်ကို အချိန်မီပေးပို့နိုင်ခဲ့သဖြင့် လက်ရှိကာလတွင် ပုံမှန်အတိုင်း
No comments:
Post a Comment