Monday, October 22, 2012

 မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးမှု အဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား


http://sphotos-a.ak.fbcdn.net/hphotos-ak-snc7/318923_482617751778868_973572776_n.jpg

မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအဖြစ်မခံနိုင်ေ ကြာင်း နိုင် ငံေ တာ် သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့တွင်ေ နပြည်ေ တာ် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတသည် Myanmar Independent ဂျာနယ်မှမေးမြန်းခဲ့သော "တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်တဲ့ စီမံကိန်းတော်တော်များများကို မြန်မာပြည်သူတွေက မကျေနပ်ကြဘူး။ သမ္မတကြီးကိုယ်တိုင်လည်း မြစ်ဆုံစီမံကိန်းကို ရပ်ထားတယ်။ အခုလက်ပံတောင်းတောင် စီမံကိန်းကိုလည်း ပြည်သူတွေက ဆန့်ကျင်တယ်။ ရှေ့ဆက်တရုတ်နိုင်ငံနှင့် စီးပွားရေးမည်ကဲ့သို့ လုပ်ဆောင်သွားမည်နည်း"ဟူသော မေးခွန်းကို ဖြေကြားရာ၌ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန်ကချည်း လွှမ်းမိုးသွားတာ၊ ကျန်တဲ့ နိုင်ငံတွေကလာပြီး လွှမ်းမိုးသွားတယ်ဆို နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါမျိုးအဖြစ်မခံပါဘူး။ မူဝါဒမှာလည်း ဒီအတိုင်းချထားပါတယ်။ နောက်တစ်ချက်ကတော့ အချုပ်အခြာအာဏာကို ထိပါးမခံပါဘူး"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။
သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားချိန်၌ အကူအညီပေးမှုများ ရှိခဲ့သည့်အတွက် ကျေးဇူးရှိသောနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းပြည်ကိုစီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို လှည့်ပြီးမကြည့်တဲ့အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို အကူအညီမပေးတဲ့ အချိန်မှာ ကျွန်တော်တို့ကိုစာနာပြီးတော့ ချေးငွေပေးတာတွေကို တရုတ်နိုင်ငံကပဲ ဆောင်ရွက်ပေးနေတယ်ဆိုတာ အားလုံးသိပါတယ်။ နိုင်ငံတကာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကနေ အမြဲတမ်းထောက်ခံပြီးတော့ ရပ်တည်ခဲ့တဲ့နိုင်ငံပါ။ သိပ်ပြီးတော့အခက်အခဲ အကြပ်အတည်း ကြုံလာတဲ့အခါမှာ သူတို့ရဲ့ဗီတိုအာဏာကို သုံးပြီးတော့ မြန်မာနိုင်ငံဘက်က ထောက်ခံခဲ့ပါတယ်။ ကိုယ့်နိုင်ငံကို ဘယ်သူကမှ ဆေးဖော်ကြောဘက်မလုပ်တဲ့အချိန်၊ ဘယ်နိုင်ငံမှ အကူအညီမပေးတဲ့အချိန်၊ ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကူညီစောင့်ရှောက်တာ တရုတ်မှမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဒီကျေးဇူးတရားတွေကို မမေ့ကောင်းပါဘူး"ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
"ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီးတော့ ရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ဥပဒေတွေရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒီဟာတွေကို မူဝါဒအနေနဲ့ ချမှတ်ထားတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင် တစ်အချက်က ကိုယ့်တိုင်းရင်းသား အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။ နောက်ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုမထိခိုက်စေရပါဘူး"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

Eleven Media Group

No comments:

Post a Comment