Wednesday, October 3, 2012

ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးစိုက်ထုတ်မှုများနှင့်သာ ပြုလုပ်နေရ

အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေး စိုက်ထုတ်မှုနှင့် သာ ပြုလုပ်နေရသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ငြိမ်းချမ်းရေးစကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့(PTCG) မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ လမိုင်ဂွမ်ဂျာ က “နိုင်ငံတော်ရဲ့ဘတ်ဂျက်စာရင်းထဲမှာ ငြိမ်းချမ်းရေးအတွက် စာရင်းသီးသန့်မရှိဘူးလေ။ အဲဒီတော့ ဒီဒေသကြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားဖို့က အားလုံးမှာတာဝန်ရှိတယ် လို့ကျွန်တော်ယူဆတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရော ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင် တွေရော က ၀င်ကူညီတဲ့သဘောပါ” ဟုပြောသည်။
အစိုးရကဘက်မှ ယခင် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ရံပုံငွေတစ်ရပ်ထူထောင်ရန်
စီစဉ်ခဲ့ကြ သော်လည်း ယခုချိန်ထိ အကောင်အထည်ဖောင်နိုင်ခြင်း မရှိသေးပါ။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းဦးဆောင်သော အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် (၄၇) ကြိမ် တွေ့ဆုံပြီးခဲ့ပြီဖြစ်သည်။
ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တကြိမ်ပြုလုပ်ပါက မြန်မာကျပ်ငွေ သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ကုန်ကျခံရကြောင်း စီးပွားရေး လုပ်ငန်းရှင်များကပြောသည်။
ကချင် လွတ်မြောက်ရေးအဖွဲ့ (အေအိုင်အို) နှင့် အစိုးရတို့ကြား ရွှေလီတွင် သုံးကြိမ် ဆွေးနွေးခဲ့ရာတွင်
ကချင်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာကျပ်ငွေ သိန်း (၂ )ထောင်ကျော် အကုန်ကျခံခဲ့ပြီး တခြားကုန်ကျစားရိတ်များကို ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရင် ဦးလှမောင်ရွှေက ထောက်ပံ့ကူညီကြောင်း လမိုင်ဂွမ်ဂျာကပြောသည်။
ဦးခင်မောင်ရွှေသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ၊ မြန်မာခရီးသွားဘုတ်အဖွဲ့ ဒုတိယ ဥက္ကဌ၊ နှင်
မြန်မာဆန်စက်လုပ်ငန်းရှင်မျးအသင်း ဒုတိယ ဥက္ကဌနှင့် မြန်မာနိုင်နိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌဖြစ်သည်။
ထိုသို့ငြိမ်းချမ်းရေး အကောင်အထည်ဖော်သည့်လုပ်ငန်းများ တွင် စီးပွားရေးလုပ်ငန်းများ ပါဝင်နေခြင်းသည် သင့်လျှော်မှုမရှိဟု ထိုင်းနိုင်ငံ အခြေစိုက်
ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ အဖွဲ့ဝင်ဦးအောင်သူငြိမ်းက ပြောသည်။
၎င်းက” စီးပွားရေးသမားတွေဝင်ပါတာထက် ကုလသမဂ္ဂလို အဖွဲ့က၀င်ရင်ပိုကောင်းတာပေါ့။
အများရဲ့အမြင်လည်း ရှင်းနိုင်တယ်လေ။ အခုလုပ်နေကြတဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ
တစ်ကယ်ငြိမ်းချမ်းစေချင်တဲ့ စေတနာနဲ့ လုပ်တယ်ဆိုရင်တောင် အမြဲတမ်းအတွက်က မဖြစ်နိုင်ဘူးလေ။ အစိုးရက သီးသန့်ဘတ်ဂျက်ချရင်ချ၊ မဟုတ်ရင် ဟိုးအရင်တုန်းကလုပ်သလို ရံပုံငွေထောင်လို့လဲရတယ် ” ဟုပြောသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကိစ္စတွင် ပါဝင်ကူညီရာတွင် အစိုးရနှင့် သဘောတူညီထားချက်မရှိကြောင်း ပြောသည်။
၎င်းက“အစိုးရကခိုင်းလို့ လုပ်တာမျိုးမဟုတ်ပါဘူး။
တစ်ကယ်ကိုငြိမ်းချမ်းစေချင်တဲ့စိတ်တစ်ခုတည်းနဲ့ ၀င်ကူနေ တာပါ။ ကုန်ကျစာရိတ်ဆိုတဲ့နေရာမှာ တစ်ချို့ပွဲတွေကတော့ ခရီးစာရိတ်လောက်ပဲ
ကုန်တဲ့အခါမျိုးတွေရှိသလို ပွဲအကြီးကြီးတွေကျတော့လည်း ပမာဏနည်းနည်းများတာပေါ့”ဟု ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်အသုံးစာရိတ်များကို နိုင်ငံတော် ဘတ်ဂျက်မှ အသုံးပြုနိုင်ရန် လွှတ်တော်တွင်
ဆွေးနွေးအတည်ပြုရမည်ဖြစ်သောကြောင့် အချိန်တိုအတွင်း မဖြစ်နိုင်သေးကြောင်းစီးပွားရေုးငန်းရှင်များက ပြောသည်။
ယခုလက်ရှိတွင် မြန်မာအစိုးရသည် ကေအိုင်အိုမှ အပ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီဖြစ်သည်။
From-MessangerNewsJournal

No comments:

Post a Comment