Monday, October 15, 2012

ရွှေတိဂုံဘုရား ကမ္ဘာလှည့်ခရီးသွား လာရောက်မှု စံချိန်ကောင်း

စက်တင်ဘာလ ၁ ရက်နေ့က ရွှေတိဂုံဘုရားပေါ်မှ ကမ္ဘာလှည့်ခရီးသည်တချို့
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ တည်ရှိပြီး အလွန်ေ ကျာ်ကြားတဲ့ ရွှေတိဂုံစေတီတော်ကို ဒီနှစ်အ တွင်း နိုင်ငံခြား သား ကမ္ဘာလှည့် ခရီးသွား စံချိန်ကျိုးလောက်အောင် အလာများကြောင်း သတင်းတွေမှာ ဖော်ပြလာပါ တယ်။ 


အခုနှစ် ၂၀၁၂ ခုနှစ်ရဲ့ ပထမ ၉ လအတွင်းမှာပဲ ရွှေတိဂုံဘုရားကို လာကြတဲ့ ကမ္ဘာလှည့် ခရီးသည်ပေါင်း ၂၁၂ ၉၇၃ ဦးရှိ ပြီး ယမန်နှစ်က တနှစ်လုံးမှာ လာတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ ၂၂၅ ၃၈၁ ဦးရှိခဲ့ပါတယ် လို့ မြန်မာတိုင်းမ် သတင်းကို ကိုးကားပြီး The Nation က ဖော်ပြထားပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်က တည်ထား ကိုးကွယ်ခဲ့ပြီး စေတီတခုလုံး ရွှေစင်၊ ရွှေသားတွေနဲ့ သပ္ပါယ်တင့်တယ်တဲ့ ရွှေတိဂုံဘုရားကို အများဆုံးလာတာကတော့ ထိုင်းနိုင်ငံက ဖြစ်ပြီး သူ့ နောက်မှာတော့ တရုတ်၊ တောင်ကိုရီယား၊ ဂျပန်နဲ့ ပြင်သစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရွှေတိဂုံဘုရားမှာ နိုင်ငံခြားသား တဦးကို ၀င်ကြေး ၅ ဒေါ်လာသတ်မှတ်ထားပြီး ဒီနှစ်ထဲမှာတော့ အမေရိ ကန် ဒေါ်လာ ၁.၀၆ သန်း ရရှိထားပြီး ယမန်နှစ် ၂၀၁၁ ခုနှစ်မှာတော့ ၀င်ကြေးငွေ အမေရိကန် ဒေါ်လာ ၁.၁၃ သန်း ရရှိခဲ့တာကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ 

စေတီတော်ကြီးကို မွန်တွေက တည်ဆောက်ခဲ့တာဖြစ်ပြီး ယနေ့ ရန်ကုန် လို့ ခေါ်တဲ့နေရာကို ဘုရားကြီး တည်ပြီးနောက် ဒဂုံ လို့ ခေါ်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ သတင်းစာကြီးတစောင်ဖြစ်တဲ့ The Nation မှာ ဖော်ပြထားပါတယ်။ 

ရွေးချယ်တင်မြောက်ခံရတဲ့ အစိုးရ တက်လာပြီးနောက်ပိုင်းမှာ အရင်တုန်းက မလုပ်ခဲ့ဖူးတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကြီးထွားလာတာ ကို မြန်မာ 
တွေ ကြေနပ် အားတက်နေကြတယ်လို့ The Nation က  ရေးပြထားပါတယ်။ 

ယမန်နှစ်ကတော့ မြန်မာနိုင်ငံရဲ့ အဓိက ၀င်ပေါက်ဖြစ်တဲ့ ရန်ကုန်ကို နိုင်ငံခြားသား ၃၆၅ ၀၀၀ ဦး 
လောက် ရောက်ခဲ့တယ်လို့ ဆိုပြီး တနှစ်ပြီး တနှစ် ၂၂ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုထားပါတယ်။ 

ဒီနှစ် ဇန်န၀ါရီလနဲ့ ဧပြီလ အကြား လာ ရောက်သူ ကမ္ဘာလှည့်ခရီးသွားပေါင်း ၁၇၅၀၀ ထိရှိပြီး ၃၅ ရာခိုင်နှုန်း မြင့် တက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။
From - Irrawaddy

No comments:

Post a Comment