Wednesday, October 31, 2012

ဖိုးကေနှင့် အီရန်မွေထိုင်းသမား မာဆွတ်တို့ ထိုးသတ်မည်

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တစ်ဦးဖြစ်သည့် ဖိုးကေနှင့် အီရန် မွေထိုင်း လက်ဝှေ့ သမား မာဆွတ် တို့သည် မန္တလေး မြို့ ရှိ အောင်မြေမန္တလာ အားကစား ပြိုင်ပွဲ ရုံ၌ နိုဝင်ဘာ လ (၂)ရက် နေ့တွင် ပထမ အကြိမ် ယှဉ်ပြိုင် ထိုး သတ်မည် ဖြစ်ကြောင်း ပွဲ စီစဉ်သူ ဦးဝဏ္ဏ က ပြောကြားသည်။

မန္တလေးမြို့ တွင် ပြုလုပ်မည့် အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲတွင် ဖိုးကေ နှင့် မာဆွတ် တို့၏ အဓိက ငါးချီ စိန်ခေါ်ပွဲ အပြင် အခြား စိန်ခေါ်ပွဲ (၆) ပွဲ ပါဝင် မည် ဖြစ်ပြီး ရုံဝင်ကြေး အဖြစ် အထူးတန်း ကျပ် (၇ဝဝဝ) နှင့် ရိုးရိုးတန်း ကျပ် (၅ဝဝဝ) တို့ ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အီရန် မွေထိုင်း လက်ဝှေ့ သမား မာဆွတ် နှင့် ဝါရင်းတုတ် ဖိုးကေ တို့၏ စိန်ခေါ်ပွဲ မှာ မာဆွတ် ၏ အခြေခံ နည်းစနစ် ကောင်းမွန်မှု၊ နည်းဗျူဟာပိုင်း ကျွမ်းကျင်မှု တို့ကြောင့် ဖိုးကေ အနေဖြင့် အရှုံး အနိုင် ပြတ်သားသည့် အဖြေ ထွက်အောင် ထိုးနိုင်မည် မဟုတ်ကြောင်း နဂါးမာန် မြန်မာ့ ရိုးရာ လက်ဝှေ့ ကလပ်မှ နည်းပြ ဦးကျော်စိုး က ပွဲကြို သုံးသပ်သည်။

"ဖိုးကေနဲ့ မာဆွတ် က အရပ် အမောင်းချင်း တူတယ် ဆိုပေမဲ့ မာဆွတ် အရင် ထိုးခဲ့ဖူးတဲ့ ပွဲတွေမှာ မြန်မာ လက်ဝှေ့ သမား တွေကို ပြတ်သားအောင် ထိုးနိုင် ခဲ့တာ မရှိခဲ့ဘူး" ဟု ၎င်းက ဆိုသည်။

အီရန် မွေထိုင်း လက်ဝှေ့ သမား မာဆွတ်မှာ မြန်မာ လက်ဝှေ့ သမား များနှင့် သုံးကြိမ် တွေ့ဆုံ ခဲ့ဘူးပြီး တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ရှုံးပွဲတစ်ပွဲ ရရှိထားသူ တစ်ဦး ဖြစ်သည်။
From -TheVoiceJournal

No comments:

Post a Comment