Thursday, October 25, 2012

ရသေ့တောင် ညောင်ပင်ကြီးရွာပဋိပက္ခ (၂)ဦးသေဆုံး (၁၀)ဦးနှင့်အထက်ဒဏ်ရာရရှိ


 http://arakantimes.net/burmese/images/Rathadaung_Patient.jpg


အောက်တိုဘာလ(၂၅)ရက် ယနေ့ နံနက်(၉)နာရီခန့်က ရသေ့တောင်မြို့ နယ် ညောင်ပင်ကြီးကျေးရွာပဋိပက္ခတွင် ရခိုင် (၂)ဦးသေဆုံးပြီး (၁၀)ကျော်ခန့် ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ညောင်ပင်ကြီးကျေးရွာ၌ ဘင်္ဂလီအင်အား တစ်ထောင်ကျော်နှင့် ဒေသခံရခိုင်(၅၀၀)ကျော်ခန့်ဖြင့် ပဋိပက္ခဖြစ်ပေါ်နေချိန်တွင်
စစ်တပ်အင်အား (၁၀)ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
သေဆုံးသူနှစ်ဦးသည် ညောင်ပင်ကြီးကျေးရွာတွင်ပင် သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရရှိ သူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်သွားကြောင်း သိရှိရသည်။
“ အခုကျနော်တို့ စစ်တွေကိုရောက်နေပါပြီ၊ အခုစစ်တွေဆေးရုံမှာ အတွင်းလူနာ (၃)ဦးနဲ့ အပြင်လူနာ (၇)ဦးရှိပါပြီ ” ဟု ရသေ့တောင်မှ စစ်တွေသို့ လူနာပို့ဆောင်လာသူတစ်ဦးမှပြောသည်။

ဒဏ်ရာရရှိသူများမှာ ......
(1)  ကိုသန်းထွန်း အသက်-၂၆၊ 
(2)  အဘ-ဦးကျော်သန်းစိန် ဖြူချောင်းကျေးရွာ၊ ပေါင်ပေါ် သေနတ်ဒဏ်ရာရ၊ 
(3)  ဦးဘသန်း အသက်-၅၃၊ 
(4)  အဘ-ဦးအေးမောင် ကပ်ချောင်းကျေးရွာ၊ တင်သားတွင် သေနတ်ဒဏ်ရာရ၊ 
(5)  ဦးမောင်ကျော်ထွန်း အသက်-၅၅၊ 
(6)  အဘဦးမောင်ဖြူကြီး ကပ်ချောင်းကျေးရွာ၊ ပေါင်ပေါ်တွင် သေနတ်ဒဏ်ရာရ၊ 
(7)  ဦးအောင်ဇံဝေ အသက်-၄၈ ကပ်ချောင်းကျေးရွာ၊ 
(8)  ဦးသိန်းလှမောင် အသက်-၅၂၊ 
(9)  ဦးသိန်းကျော် အသက် - ၁၇၊ 
(10) ဘ-ဦးလှထွန်းစိန် ဆားပြင်ကြီးကျေးရွာ လက်ဖံတွင် ယမ်းထောင်းသေနတ်ဒဏ်ရာရ၊ 
(11) ဦးဖြူသိန်းမောင် အသက်-၃၅နှစ်၊
(12) ဦးစန္ဒာအောင် လက်ခလယ်တွင် သေနတ်ဒဏ်ရာရ၊ ဆားပြင်ကြီးကျေးရွာတို့ ဖြစ်ကြပြီး ကျန်လူများကို ဆက်လက်စုံစမ်းလျှက်ရှိသည်။

Arakantimes.net - သတင်းဌာနမှ ကုးယူဖော်ပြပါသည်။

ဆက်စပ်သတင်း-

ရသေ့တောင် ၁၂း၀၉ နာရီ သတင်း
-------------------
ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွမှ ဒဏ်ရာ အပြင်အထန်ရရှိပြီး စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ (၃)ယောက်ထပ်မံရောက်ရှိလာ ကြောင်းသိရှိရပါသည်။

No comments:

Post a Comment