Saturday, October 20, 2012

ကျော်ဖြူမြို့ လူထု ဆန္ဒထုတ်ဖော်မှုမြင်ကွင်းများ

သမ္မတကြီး၏နိုင်ငံသား ကိစ္စမိန့်ကြားချက်ကို အပြည့်အ၀ထောက်ခံပါသည်၊ OIC နှင့်ပတ်သက်သောမည်သည့် အဖွဲ့ အစည်းကိုမှ အလိုမရှိဟူသော စာ တမ်းများကိုရေးထိုး ကိုင်ဆောင်ခဲ့ကြကြောင်းသိရှိရပါသည်။


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံး သတင်းထုတ်ပြန်ချက်ကို အပြည့်အ၀ထောက်ခံသည်၊ OIC နှင့်ပတ်သက် သော မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကျောက်ဖြူမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


ထိုပွဲကို အောက်တိုဘာ ၂၀-
ရက် ယနေ့ မွန်းလွဲ တစ်နာရီက ကျောက်ဖြူမြို့ ဘုရားကြီးတောင်ကွင်းတွင် စတင်ပြုလုပ်ပြီး ဆန္ဒထုတ်ဖေါ်ရာ ရဟန်းသင်္ဃတော် အပါး ၂၀၀ခန့်၊ ကျောက်ဖြူမြို့ခံများနှင့် ကျောက်ဖြူခရိုင် တိုက်နယ်အသီးသီးမှ လူထုအင်အား ၁၀၀၀၀-ကျော် ပါဝင်ကြောင်း သိရသည်။

ဆန္ဒထုန်ဖေါ်ရာတွင် ကျောက်ဖြူလူငယ်များက ဦးဆောင်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ရာ OIC အလိုမရှိထွက်သွား၊ OIC နှင့်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကြွေးကြော်သံများဖြင့် သံပြိုင်ရွက်ဆိုကာ ဆန္ဒထုတ်ဖေါ်ပွဲကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျော်ဖြူမြို့ နာရီစင်ကွင်းတွင်း ငြိမ်းချမ်းစွာဖြင့် လူစုခွဲခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ဆန္ဒဖော်ထုတ်မှုများယနေ့ ၂၀ ရက်နေ့တွင် မြို့နယ်လေးခုတွင် ကျင်း ပပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါသည်။

No comments:

Post a Comment